Advertise Here !








ထုံးစမ်းအတိုင်း ကျွန်တော်တို့ ကဗျာဂျာနယ်လေးရဲ့ အတွဲ (၃) ရောက်လာပါပြီ ကဗျာလေးတွေကိုအားပေသူတွေလည်းများလာပါပြီ ကဗျာတွေလည်းများတော့ အရင်ပို့စ်စနစ်နဲ့တင်ပေးလိုက်ပါပြီ မပါသေးတဲ့သူတွေလည်း ဆောင့်ကြအုံးနော် ပါလာမှာပါ နောက်ပြီးအားလည်းအားပေးကြပါအုံး...
ကဗျာကိုချစ်မြတ်နိုးကြတဲ့သူတွေကို ချစ်မြတ်နိုးလျက်...

" သီဟထိုက် "


သင်တို့ ဒီနေ့အားပေးမူဟာကျွန်တော်အတွက် မနက်ဖြန်အတွက်အားဆေးတစ်ခွက်ပါ...


နှင်းဆီလှလှလေးတစ်ပွင့်
 အစွမ်းကုန်ပွင့်လန်းနေတာ
ကြွေကျဖို့မှမဟုတ်တာ
ချစ်သူရဲ့ဆံကေသာအထက်မှာ ပန်ဆင်ဖို့အတွက်
တစ်ပွင့်တည်းသော အဖြူရောင်နှင်းဆီပန်းတစ်ပွင့်ပါ

ရေးသူ=သွေး (တနသာင်္ရီ)
 
 



တစ်သက်မှာတစ်ခါ
တစ်ခါမှာတစ်ချစ်
အသည်းနှင့်အောင်ချစ်ရတဲ့သူလေး
ကြက်တစ်မှေးဒေါင်းတစ်ငှေး
ရေးရေးလေးမှမေ့မရ
အတိတ်က၀တ်ကြွေးကြောင့်လားမသိ
အသေချာသိတာကသူရေ
"မင်းကိုချစ်တာ ထာဝရပါ "


ရေး=ချစ်ဦးမောင် (အ.မ.က-ဇမူရာဇ်-ကောလင်း)
 
 



ဝေးကွာလွမ်း
ရင်ထဲကခံစားသောကများသည်
ဘယ်အခါမှ အဆုံးသတ်မှာလဲ
သက်နဲ့ဝေးနေနေ့ရက်တွေလည်း
ပျော်စရာဆိတ်သုဉ်းအလွမ်းတွေဖုံးလို့
ရင်ထဲနာကျင်ဖြစ်ရပါသည်

ရေးသူ=ဌေးအောင်(လုံးခင်း-လယ်ပြင်ကြက်တန်း)
 
 



-------

ဘကုံးနဲ့စပြီးးးးးးးဝ
လုံးနဲ့ဆုံးတဲ့ဘ၀ကိုတော့
မမေ့ပါနဲ့လို့

ရေးသူ=ကဗျာချစ်သူ(ပုသိမ်)
 
 


မိုးစက်ချစ်သူ
-------------------

တိမ်တွေငိုနေတယ်ချစ်သူ
မိုးတွေရွှာချိန်မိုးစက်တွေကြားမှာ
ကိုယ်တို့အချစ်တွေဖြစ်ပြီးမှ
ဘာမဟုတ်တဲ့စကားကြောင့်
ထာဝရဆိတ်သုန်းရတော့မှာလား
မိုးရယ်............

ရေးသူ=နောင်သူရိန်
 
 



သူမကြင်လို့
ထားရစ်ခဲ့တာ
မမေ့နိုင်လဲ
မတမ်းတဘူး

ရေးသူ=ဇင်ရီဗလ်(ထိုမာ)
 




လမ်းခွဲစကားပြောတိုင်း
မချစ်တော့တာမဟုတ်ပါဘူးချစ်သူ
သွေးအေးအေးနဲ့
နင်ဥပေစ်ခါ ပြုမှာကို မခံစားနိုင်လို့
ငါ့ရင်ခွင်ကို ငါကိုယ်တိုင်ခွဲပြီးလမ်းခွဲခဲ့တာပါ
နေ့လည်စာတစ်ထောင်တန်ဆိုင်မှာဆုံမယ်ပြောပြီး
ပျောက်သွားတဲ့သူ့ကိုစောင့်ရင်း
ထမင်းလည်းငတ်ခဲ့ဖူးတာအမှတ်တရပေါ့နော်


ရေးသူ=နမ့်ခမ်းသူလေးတစ်ယောက်
 
 




လှလွန်းသူ
----------------

ရိုးရိုးလေးနဲ့ယဉ်ပြ
ယဉ်ယဉ်လေးနဲကလှသူရယ်
ဒီမောင့်ရင်ထဲ မင်းတစ်ယောက်ကိုပဲ
ချစ်မိတယ်....

ရေးသူ=အေးမင်း(တောင်ဘက်)
 
 




နှင်းတွေဖုံးလွှမ်း အချစ်တောင်ပြာတန်းက
နှင်းတွေကို သက်သေပြုကာမဆုံးနိုင်သော
အလွမ်းများက နှင်းတွေဝေသလို
အသည်းတွေလည်း ကြွေနေရပြီပေါ့
ချစ်သူရယ်...

ရေးသူ=နွမ်တိမ်မျှင်
 
 



အရာရာထက်ပို
ပန်းကလေးတွေထက်
မင်းကိုပိုချစ်တယ်
သဘာဝအလှတရားထက်
မင်းကို....
ပိုချစ်တယ်
ငါ့ကိုယ်ငါထက်
မင်းကိုပိုချစ်တယ်
ဒါပေမယ့်....
ငါ့ရဲ့အချစ်တွေက
မင်းမသိနိုင်ခဲ့ပါဘူး..
ဘာကြောင့်လဲဆိုတော့
ငါကမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။

ပေးပို့သူ=ရေနီသားဖြိုးလေး
ရေးသူ=မြတ်နိုးဇော်






ကဗျာပေးပို့သူများထံ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ...


ကျွန်တော် Myanmar Poem ဆိုသည့် Blog လေးတစ်ခုလုပ်ပေးထားပါတယ် ထိုBlog လေးတွင်မိမိတို့၏ရင်တွင်းကဗျာလေးများကို Up to Date တင်နိုင်မှဖြစ်ပါတယ် တင်ဖို့အတွက်ကျွန်တော် ဖုန်းဖြင့်အလွယ်နည်းကို သင်ပေးမှာဖြစ်ပြီး မိမိတို့ကဗျာများကို Up To Date တင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ ထို့နောက်တွင်လည်းကျွန်တော့် ဖုန်းကို Viber ထည့်သွင်းတော့ဖြစ်ပါတယ်ခင်ဗျာ Blog လေးကိုတော့ ဖွင့်လို့ပြီးဆီးသွားရင် အကြောင်းပြန်မှာဖြစ်ပါတယ်ခင်ဗျာ...


ဝါသနာနှင့်အလုပ်ထပ်တူကြပါစေလို့ဆုတောင်းရင်.းးးးး



Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !