Advertise Here !


တကယ်ဆို---
အချစ်ဆိုတာ~~~အလွမ်းများစွာနဲ့
တန်ဆာဆင်ထားမှနိးသိရင်
လွမ်းဆွတ်ဖို့မကြိုးစားခဲ့ပါဘူး
လျှောက်မိတဲ့လမ်း
နမ်းမိတဲ့ပန်းတစ်ပွင့်အတွက်
ပေးဆပ်ခဲ့ရတာက
အလွမ်းတွေကြည့်ပါပဲ
နီးခြင်းဝေးခြင်းနိယာမတရားထဲ
ကိုယ့်လိပ်ပြာကိုတိုင်တည်ပြီး
တိတ်တိတ်လေးကြေကွဲနေရတာလည်း

ကြာခဲ့ပါပြီ
ချစ်သူရေ~~~
အနေဝေးပေမဲ့
နှစ်လုံးသားအေးစက်မနေစေဖို့အတွက်
ရင်ခုန်သံတွေပြန်နွေးရတယ်ဆိုတာ
သိနေပါ့မလား~~~
ခါးသီးတဲ့အချိန်တွေကိုကြိတ်မှိတ်
တိတ်တဆိတ်မျှော်လင့်ချက်တွေနဲ့
တို့နှစ်ဦးဆုံမှတ်အဖြစ်ထားခဲ့တဲ့
ကောင်းကင်ကိုမော့ကြည့်ခဲ့တာလည်း
အလွမ်းဆိုတာပိုကဲလာတယ်
ချစ်သူရေ
အထီးကျန်မှုတွေနှင့်သာ
ရွက်လွင့်နေရတဲ့လူအတွက်
ချစ်တယ်ဆိုတဲ့စကားလေး
ပြေားဖို့အရေး
ခဏလောက်တော့ပြန်ခဲ့ပါကွာ

Admin---ရေနီသားဖြိုးလေး
Facebook Name---S Scobby Mickey Lay
Facebook Page----ကာရံကဗျားလေးများ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !