Advertise Here !


မင်္ဂလာပါ ကျနော် Myanmar IT Helper ဖြစ်ပါတယ်ခင်မျ
ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ ကိုစံလင်းရဲ့
အကြံဥာဏ်လေးတစ်ခုဖြစ်တဲ့ Software လေးတစ်ခုကနေ
သင့်၇ဲ့ Laptop Computer (Must be Include Web Cam) က
ကို Hand Sensor အနေနဲ့လှမ်းပီး Smart TV ကြီးတွေကိုထိမ်း
ချုပ်သလိုမျိုး အောက်ဖော်ပြပါ Software များကိုထိန်းချုပ်နိုင်ပါ
တယ်။ဆိုလိုတာက Mouse တွေ၊ ကီးဘုတ်မှ ခလုပ်တွေမလိုပဲ
လှုပ်ရှားမှုပုံရိပ်ပြပီး Control လှမ်းလုပ်တာဖြစ်ပါတယ်။
Grooveshark
Netflix
Pandora
Powerpoint
Spotify
VLC Media Player
Winamp
Windows Media Player
You Tube
iTunes
တွေဖြစ်ပါတယ်။


သူ့ကိုဘယ်လိုလုပ်ဆောင်ရမလည်းမပြောခင်မှာအရင်ဦးဆုံးလို
အပ်တဲ့ Software လေးကိုတော့ ဒီမှာဒေါင်းပါ ။ ပီသွားရင်သင့်စက်
ထဲကို ဒေါင်းထားတဲ့ 3MB သာရှိတဲ့ *.MSI ဖိုင်လေးကို Install လုပ်
လိုက်ပါ။ပီးသွားတာနဲ့သူက Chrome Browser မှာ Add-on တစ်ခု
သွင်းခိုင်ပါလိမ့်မယ်။



မျှားအနီလေးပြထားတဲ့နေရာမှထုံးစံအတိုင်းကျွန်တော်တို့ Add to Chrome
ဆိုတာလေးကိုနှိပလိုက်ပါ ပီးသွားရင် Browser ကို Restart တစ်ချက်
ပြန်ချလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာထဲ Install ဖိုင်ရော Chrome
အတွက် လိုအပ်တဲ့ Add-on ဖိုင်ရောသွင်းပီးသွားပီဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က Chrome ထဲမှနေပီး You Tube ကိုဖွင့်လိုက်ပါမယ်။



အခုအထက်ဖော်ပြပါပုံက You Tube မှာ သီချင်းပွင့်နေတာဖြစ်ပါတယ်
ဒီဟာကိုကျွန်တော်တို့က သင့်ကွန်ပျူတာရဲ့ Web Cam အရှေ့ကနေ
လက်ဝါးကိုတည်တည့်အောက်ပါပုံအတိုင်း


 အနီးကပ်ဆုံး ၁ပေအကွာမှ အဝေးဆုံး
၇ပေ အကွာအထိထောင်ပီး အထမတစ်ချက် လက်ဝါးကိုတည့်တည့်
ထောင်ပြလိုက်တဲ့အခါအောက်ပါပုံအတိုင်း


Pause ဖြစ်သွားပါမယ်။ (တစ်ခုသတိထားရမှာက သင့်လက်ဝါးကို
ထောင်တဲ့အခါမှာ လက်ချောင်းတွေကတအားကျဲနေလို့မရပါဘူး)
ဆိုလိုတာက လက္ခဏာဆရာကို လက်ဝါးပြပီး မေးသလိုအနေ
အထားလောက်ရှိရပါမယ်။နောက်တစ်ချက်ပြန်ပီး ထောင်ပြတဲ့အခါမှာ
Pause ဖြစ်နေရာကနေ ပြန်ပီး Play ဖြစ်သွားပါလိမ့်မယ်။ဒါက You
Tube မှာ Hand Sensor ဖြင့် Control လုပ်တဲ့နည်းဖြစ်ပါတယ်။
နောက်တစ်ခုက Window Media Player မှာဖြစ်ပါတယ်။ထုံးစံအတိုင်း
ပေါ့ သီချင်း လေး၊ ငါးပုဒ်လောက် Window Media Player ထဲမှာထည့်
ပီးဖွင့်လိုက်ပါ။ပီးသွားရင်သင်ဖွင့်ထားတဲ့သီချင်းတွေကို Playနဲ့
Pause လုပ်ဖို့အတွက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ လက်ဝါးထောင်
ပြရုံနဲ့ရပါတယ်။ ရှေ့တစ်ပုဒ်ကျော်ချင်တယ်ဆိုရင်တော့ သင့်ရဲ့
ဘယ်ဘက်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက် ကင်မရာကိုပြလိုက်ပါ။



ဒါဆိုရင် သင်ဖွင့်ထားတဲ့ Media Player မှာအောက်ပါပုံအတိုင်းပြပီးတော့



အရှေ့တစ်ပုဒ်ကိုကျော်သွားမှာဖြစ်ပါတယ်။အကယ်လို့သင်ကနောက်ပြန်
သွားချင်တယ်ဆိုရ်ငတော့ သင့်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက်ထောင်
ပြလိုက်ပါ။

ညာဘက်လက်ဖြင့်ပေါ့။ညာဘက်လက်နဲ့မထောင်ပြချင်ဘူးဆိုရင်
လည်း အောက်ပါပုံအတိုင်း သင်ပထမထောင်ပြခဲ့သော ဘယ်ဘက်
လက်ဖြင့်လက်ကို ပက်လက်လှန်ပြလိုက်ပါ

ဒါဆိုရင်လည်းသီချင်းတစ်ပုဒ်နောက်ပြန်ဆုတ်သွားတာကိုတွေ့ရမှာပါ။
အထက်ဖော်ပြပါ လက်လှုပ်ရှားမှု (Hand Shacking) ဖြင့် Microsoft
Office Power Point, မှာလည်းလုပ်ဆောင်လို့ရပါတယ်။အားလုံးပဲ
အဆင်ပြေမယ်လို့ထင်ပါတယ်။သိပ်အခက်အခဲကြီးမဟုတ်တဲ့အတွက်
ကြောင့် ဗွီဒီယိုကျူတိုရီရယ်နဲ့ ကျွန်တော်မရှင်းပြတော့ပါဘူး။Desktop
Computer မှာလည်းLaptop နည်းတူ External Web Cam ကိုတပ်ပီး
စမ်းသပ်လို့ရပါတယ်။ ဒါပေမယ့်တစ်ခုဖြေရှင်းချက်ပေးချငတာကတော့
အကယ်လို့ သင်ဟာ Desktop Computer ကနေ External Web Cam
ဖြင့်အသုံးပြုမယ်ဆိုရင် Sensor Sensitivity က Delay ဖြစ်မှာပါ။ဆိုလို
တာက Laptop မှာလို Sensor က ချက်ချင်းအလုပ်မလုပ်ပဲ မိမိလှုပ်ရှား
လိုက်သော ပုံရိပ်တွေက Cam မှတဆင့် USB မှာ Data Flow ဖြစ်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ကျွန်တော်ရေးထားသော အကြောင်းအရာ
များကို ပထမတစ်ခေါက်မှာ သေချာနားမလည်မိဘူးဆိုရင် နောက်တစ်
ခေါက်ပြန်လည်ဖတ်ရှုစေလိုပါတယ်။ လုပ်ဆောင်ချက်တိုင်းကိုပုံများဖြင့်
အသေးစိတ်ရှင်းပြပေးထားပါတယ်။ ဒီနည်းပညာလေးကိုစမ်းသပ်ဖို့စိတ်
ကူးအကြံဥဏ်ပေးသော ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာအမေးအဖြေ
ဆွေးနွေးခန်းမှ Admin ကိုစံလင်းအားလည်းအထူးပင်ကျေးဇူးတင်ရှိပါ
တယ်။ဤ Post နှင့်ပတ်သက်ပီးမရှင်းလင်းချက်များအား ကျနော့်ရဲ့အစ်ကိုလည်းဖြစ် ဆရာလည်းဖြစ်
တဲ့ အစ်ကိုဦးဇာနည်ထံတွင်မေးမြန်းနိုင်ကြပါသည်ခင်ဗျာ။ အဆင်ပြေကြပါစေခင်မျာ...

အားလုံးကို ခင်မင်လေးစားလျက် Myanmar IT Helper ( www.mmithelper.com )



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

4 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ်ကိုပေါက်။သုံးရတာအဆင်ပြေပါတယ်။

    ReplyDelete
  2. အဆင်ပြေပါတယ် တစ်ကယ်ကိုအလန်းပဲဗျာ

    ReplyDelete
  3. ကျေးဇူးအရမ်း အရမ်းတင်ရှိပါတယ်ကိုပေါက် ကျွန်တော် very crazy ဖြစ်လို့ပါ ကိုပေါက်ပိုပြီးအောင်မြင်ပါစေခင်ဗျာ.......samsung galaxy s4 လောက်တော့သနားသေးတယ်ဗျို့.......ကိုပေါက်ရဲ့ကျေးဇူးကြောင့်

    ReplyDelete

Please click on advertisement !