Advertise Here !

အခုနည်းကိုပြောရတာက Thai ဖုန်းတွေကို CWM သွင်းပြီး မြန်မာစာသွင်းနေကြတာတွေ့လို့ လွယ်တဲ့နည်းလေး (ကိုသိတာလေး) တင်ပေးလိုက်တာပါ။ Thai Android အကုန်ရ/မရတော့ မသိပါဘူး။ ကျွန်တော် (၃)မျိုးစမ်းတာအောင်မြင်လို့တင်ပေးတာပါ။ Android Phone တစ်မျိုးဖြစ်တဲ့ i-Mobile i-Style 1 (Android 2.3.6), i-Style Series (Thai) ဖုန်းများကို အလွယ်တကူ Root လုပ်နိုင်ပါတယ်။ အဲဒီ i-Style ဖုန်းလေးတွေက ထိုင်နိုင်ငံက၀င်လာတာပါ။ တရုတ်ထက်တော့ အစစအရာရာပိုကောင်းတယ်ထင်ပါတယ်။ Huawei အပါအ၀င် China ဖုန်းတွထက်မာပါတယ်။ တန်ဘိုးကလည်း သင့်ပါတယ်။ အဟင်း....ကြော်ငြာနဲ့ ရောသွားပီ။ တမျိုးမထင်ပါနဲ့။ အမှန်ပြောတာပါ။ ကဲထားပါ--- Root ကြရအောင်။ အရမ်းလွယ်ပါတယ်။ အခုပြောမဲ့နည်းလေး မတွေ့ခင်တုံးက ဘာနဲ့ Root.. Root--- မရလို့တော်တော်အာရုံစားခဲ့ဘူးပါတယ်။ Root က(၂)နည်းရှိပါတယ်။ 
(၁) ဒီ Blog မှာတင်ထားတဲ့ UnlockRoot 3.0 အပါအ၀င် သူ့ထက်မြင့်တဲ့ Version နဲ့ရပါတယ်။ (ဒီမှာ http://www.komaungpauk.blogspot.com/search/label/Root%20Tools ကြည့်ပါ။) UnlockRoot ဆိုပေမဲ့ပုံမှန်အတိုင်း Root လို့တော့မရပါဘူး။ နည်းလေးပြောင်းရပါသေးတယ်။ ဖုန်းကို USB Debug, Unknown Source တော့လုပ်ထားပေါ့။ ဖုန်းကို Com မှာတပ်၊ Driver သိပါစေ၊ UnlockRoot ကို Run ၊ UnlockRoot Box ထဲမှာ Unroot နှိပ်ပါ(ပုံမှန်အတိုင်းဆို Root တန်းနှိပ်တာမဟုတ်လား)။ Online Device ဆိုပြီး တပ်ထားတဲ့ဖုန်းကိုပြပါမယ်။ ရွေးပေးလိုက်ပါ။ Power Saver သွင်းမလားဆိုရင်တော့ သဘောပေါ့။ ဖုန်းက Restart ကျသွားပြီးပြန်တက်လာအောင်စောင့်ပါ။ ပုံမှန်အခြေအနေရောက်တဲ့အထိ စောင့်ပြီး Root ပြန်နှိပ်ပါ။ Online Device ဆိုဖုန်းကိုရွေးပေး၊ Restart ကျပြီးပြန်တက်လာရင် App List မှာ ကြည့်လိုက်ပါ။ Superuser လေးတွေ့မှာပါ။
(၂) ဒီ Blog မှာတင်ထားတဲ့ OneClickRoot လေးနဲ့ရပါတယ်။ (Super OneClick Root မဟုတ်ဘူးနော်) တရုတ် Root Tool လေးပါ။ ဖုန်းကို USB Debug, Unknown Source လုပ်။ ဖုန်းကို Com မှာတပ်၊ Driver သိပါစေ၊ OneClickRoot လေး Run၊ (Root လုပ်နည်းနဲ့ Software ကို http://www.komaungpauk.blogspot.com/2013/02/android-root-tools.html မှာတင်ထားပါတယ်)၊ ဖုန်း restart ကျပြီးပြန်တက်လာရင်တော့ R ပုံလေးနဲ့ Root ပြီးသားလေးရပါပြီ။
(ကဲ--Root နိုင်ကြပါစေဗျား--------)
Post တင်သူ မျိုးမင်းထွန်း (myommh@gmail.com)
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. အကိုရေ........ i mobile driver မရှိလို့ပါဗျာ..ကူညီပြီးရှာပေးပါအုံးနော်.

    ကျနော်လုပ်နေတာမရလို့ပါ..ဗျာ....

    ReplyDelete
  2. အကိုရေ......ကျွန်တော်လဲ i mobile ပဲ
ူlaptop နဲ့လဲတွဲသုံးချင်လို့နည်းလေးပေးပါဦး

    ReplyDelete

Please click on advertisement !