Advertise Here !


စိုင်းကြီး: ကိုပေါက်ရေ(ရုပ်ရှင်မင်းသားလားမသိဘူး :D ) Xperia J ကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းလေးရှိရင် ကူညီပေးပါဦးဆိုင်မှာလုပ်ရင်ပိုက်ဆံလဲကုန်တယ် ပြီးတော့ကိုယ်တိုင်ကလဲကလိချင်လို့ ပါ ဟိုတစ်လောတုန်းကလဲ မေးလ်ပို့ထားပါတယ်အလုပ်ရှုပ်နေတယ်ထင်လို့ ထပ်မပို့ တော့တာပါ
 ကျေးဇူးတင်ပါတယ်ခင်ဗျာ

 Sony Xperia J (ST26i) ကို Root လုပ်တဲ့နည်းတွေ ဆိုဒ်တော်တော်များများမှာ တွေ့နေရလို့ ကျွန်တော် မတင်ပေးဖြစ်တာပါကိုစိုင်းရေ.. နည်းလမ်းကလည်း အဆင်ပြေတော့ သူတို့ဆီကဟာကိုပဲ ကျွန်တော် မျှဝေပေးလိုက်တော့မယ်..

ပထမကျွန်တောတွေ့တာက မြန်အောင်သားဆီမှာပါ.. သူက ပုံနဲ့တကွ ရှင်းပြထားပါတယ်..
**********************************************************
 Sony Xperia J (ST26i) 11.0.A.7.5 ကို Root လုပ်နည်း
အရင်က လာတဲ့ Sony Xperia J တွေရဲ့ build number က 11.0.A.3.28 ပါ။ အဲဒီတုန်းက root with restore v18 နဲ့ root လုပ်ရင်ရပါတယ်။ အခု build number က 11.0.A.7.5 ပါ။ ဒါကြောင့် root with restore v18 နဲ့ root လုပ်ဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ firmware ကို 11.0.A.3.28ဖြစ်အောင်  flash လုပ်ပြီး root လုပ်ကြည့်ရအောင်ဗျာ။

အရင်ဆုံး လိုအပ်တာတွေဒေါင်းပါ။

1. Download Flashtool v0.9.10.1

2.Download ST26i_11.0.A.3.28_WE.ftf

3. Download Sony Xperia J Driver

4.Download Root with Restore v18 by myanaungtharr.7z

ကဲဒေါင်းလုပ်ပြီးသွားရင်တော့ စပြီး Root ကြရအောင်ဗျာ။
အဆင့်နှစ်ဆင့်လိုတယ်ဗျ။
ပထမအဆင့်က firmware ကို 11.0.A.3.28_WE.ftf ဖြစ်အောင်flash လုပ်တာပါ၊
ဒုတိယအဆင့်က Root လုပ်တာပါ။

ကဲ..ပထမအဆင့်ကိုစလုပ်ရအောင်။

၁။ ဒေါင်းလုပ်ဆွဲထားတဲ့ flashtool v0.9.10.1 ကို computer မှာ Install လုပ်ပါ။

၂။ ဒေါင်းလုပ်ဆွဲထားတဲ့ ST26i_11.0.A.3.28_WE.ftf ကို C:\Flashtool\firmwares ထဲကိုကူးထည့်ပါ။

၃။ ဒေါင်းလုပ်ဆွဲထားတဲ့ Xperia J driver ကို extract လုပ်ပြီးအထဲကST26.ftd ကို C:\Flashtool\devices ထဲကိုကူးထည့်ပါ။

၎။ ဖုန်းထဲမှာ လိုအပ်တဲ့ Setting>Develper Options>usb debugging ကို on လိုက်ပါ။Settings>Xperia>Connectivity>USB connection mode>msc mode ကိုပြောင်းပေးပါ။

 ၅။ C:/Flash Tool/Flash Tool.exe ကို right click နှိပ်ပြီး Run as administrator ဆိုပြီး run လိုက်ပါ။ ပုံထဲက ပြထားတာတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။

၆။ ဖုန်းကို ဘက်ထရီဖြုတ်ပြီးပြန်တပ်ပါ။ Volume (-)ခလုတ်ကို ဖိထားပြီး ကွန်ပျူတာမှာ usb ကြိုးနဲ့ ချိတ်လိုက်ပါ။အောက်ကပုံလေးတွေကိုကြည့်ပါ။
ကဲ...ဒါတွေပြီးရင်တော့ firmware ကို ST26i_11.0.A.3.28 ဖြစ်အောင် flash လုပ်လို့ပြီးပါပြီ။

ဒုတိယအဆင့်အနေနဲ့ ကျွန်တော်ပေးထားတဲ့ Root with Restore V18 နဲ့ root လုပ်လိုက်တော့ဗျာ။
ဒါဆိုရင်ရပြီနော်
ST26i_11.0.A.7.5 ကို ပြန်ပြီး flash လုပ်ချင်ရင်တော့အောက်မှာဒေါင်းပါခင်ဗျာ။
Download ST26i_11.0.A.7.5_CE.ftf


************************************************************
နောက် တစ်ခုက Free Mobile Sharing က Min Khant ရေးတဲ့ပို့စ်ပါ.. သူရေးတဲ့ပို့စ်ကို MMSD မှာတောင်တွေ့ပါတယ်.. 
***
ပျင်းနေတာနဲ အိပ်လို မပျော်လို စာထရေးလိုက်တာပါ...sony j ကို root လုပ်ပုံရဲ မူရင်လင့်ကတော့ XDA မှာပါ..သူရေးထားတဲ အတိုင်းကျွန်တော် လုပ်တာ ဘာပြဿနာမှမရှိဘဲအောင်မြင်စွာ လုပ်နိုင်ခဲလို ပြန်ပီးမျှဝေတာပါ...



 ကဲ.....ပထမဦးဆုံး ဖုံးက သူတိုပြောထားတဲ firmware တင်မှရပါမယ်တဲ့...အဲဒီ firmware လေးက်ု ဒေါင်းပီး flashtool နဲ flash လိုက်ရင်ရပါပီ......သူရဲ firmware တော့
 ST26i_11.0.A.3.28_WE.ftf  DoWnLoAd

flashtool.exe အတွက်ကတော့ dOwNlOaD

sony j အတွက် driver      DoWnLoAd

အခုစပီးတော့ သူပေးထားတဲ firmware ကို flash လုပ်ရမှာပါ...ပထမဦးဆုံး ဒေါင်းလို ရလာတဲ့ flashtool.exe ကို ကွန်ပျူတာမှာ အင်စတော လုပ်လိုက်ပါ......ပီးသွားရင် သင်ကွန်ပျူတာရဲ C: ထဲမှာ flashtool ဆိုတဲ folder လေးရောက်နေတာတွေရပါလိပ်မယ် .......အဲဒီ folder လေးကို ဖွင်လိုက်ရင်fileတွေ၁၂ ခုတွေပါလိပ်မယ် အဲဒီထဲက firmware ဆိုတဲ့ folder လေးကိုဖွင့်ပီး ခုဏကဒေါင်းထားတဲ့ firmware (ST26i_11.0.A.3.28_WE.ftf) ဖိုင်လေးကို ဆွဲထည်လိုက်ပါ.

.နောက်ထပ်ပြဿနာလေးတခု ရှိတာက အခုတင်ပေးထားတဲ့ flashtool က sony j အတွက် driver မပါပါဘူး.......အဲဒီအတွက်ကျွန်တော်တိုက သူအတွက် driver ထပ်သွင်းပေးရပါမယ် 
  driver အတွက်တော့ ( sony j အတွက် driver  ).အဲဒီကောင်လေးကို zip ဖြေပီးတော့ C>FLASHTOOL>DEVICES ထဲကိုထည့်လိုက်ပါ..

.ကဲဗျာ စပီးတော့ flash ရအောင် flashtool ကို run လိုက်တော့ဗျာ ........flash ဆိုတာလေးကိုနိပ်လိုက်ရင် ခုဏကကျွန်တော်တိုသွင်းထားတဲ့ ftf ဖိုင်လေးကိုရွေးပေးလိုက်ပေါ့ ပီနောက် ok ပေါ့...သူဘာသာအလုပ်လုပ်နေပါလိပ်မယ် ပီးရင် ဖုံးကို back ခလုပ်နိပ်ခိုင်းပီး flash mod နဲ ဝင်ခိုင်းလိပ်မယ်...အဲဒီမှာပြဿနာ အဲဒီဖုန်းကsony j က back ခလုပ်မပါဘူး..ကိစ္စမရှိပါဘူး......ကဲ ဖုန်းကို ပိတ်လိုက်ပါ .....ထိုနောက် အသံ အတိုး အကြယ် ခလုပ်ရဲ အောက်ဘက် ကို နိပ်ပီး USB ကြိုးတပ်ပီး flash mod ဝင်လိုက်ပေါ့.အကုန်းလုံးပီးတဲ့အထိစောင့်ပါ ပီးရင် ဖုံးကိုပါဝါဖွင် active လုပ်လိုက်ပေါ့..

ကဲစပီး root လိုရပါပီ.....root တာကတော့ လွယ်လွယ်လေးပါဘဲ.ကျွန်တော်ပေးမယ်လင့်ထဲ့ က ဟာလေးကိုအရင်ဒေါင်းလိုက်ပါ   dOwNlOaD

ပီးရင် zip file လေးကိုဖြေလိုက်ပါ. ကဲအခု ဖုံးမှာနဲနဲလေးပြင်မယ်.setting>devolpment settings>usb debugging ကိုအမှန်ချစ်လေးပေးလိုက်ပါ.ကဲဖုံးနဲ့ ကွန်ပျူတာနဲတပ်လိုက်ပါ.(ကွန်ပျူတာမှာတော sony ဖုံးသုံးတဲ့လူတွေအားလုံး pc companion လေးတော့သွင်းထားမယ်ထင်ပါတယ်)

root J (zip ဖြေထားတဲ)ဖိုင်ထဲကိုဝင်လိုက်ပါ..အဲဒီနောက် Runme.bat ဆိုတဲ့ file လေးကို ကလစ်နစ်ချက်နိပ်လိုက်ပါ.....normal (1) ဆိုတာလေးနိပ်ပေးလိုက်ပါ...ပီးသွားရင်ဖုံးမှာ restore လုပ်ခိုင်းလိပ်မယ် လုပ်လိုက်ပါ...ပီးသွားရင်ဖုံးထဲ မှာ super su ဆိုတာလေးရောက်နေပါပီ..အောင်မြင်စွာ root ပီးသွားပါပီ......


.ထပ်ကလိချင်သေးရင်တော CWM လေးသွင်းကြည်လိုက်ပါ....CWM အတွက် တော့  dOwNlOaD

အဲဒီမှာဒေါင်းလိုက်ပါ.ပီးရင် zip ဖြေ install.bat ဆိုတာလေးကို ကလစ်၂ ချက်နိပ်လိုက်ရင်ရပါပီ...( CWM ကိုဝင်ချင်ရင်တော ဖုန်းကို ပိတ် usb ကြိုးတတ်ပီး power ဖွင့် sony ဆိုတဲစာသားလေးရောက်ရင်..volume down ကိုနိပ်ပီးဝင်ပါ) အားလုံးပျော်ရွင်နိုင်ကြပါစေ

Credit to : Free Mobile Sharing

သူရေးထားတဲ့လင့်မှာရော. MMSD မှာပါ. CWM ကို ဒေါင်းဖို့ လင့် မတွေ့ပါဘူး..

နည်းပညာညီအစ်ကိုမောင်နှမအားလုံးကို အစဉ်လေးစားလျက်





Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !