Advertise Here !


အသုံးမပြုတော့တာ ကြာပြီဖြစ်တဲ့ Google Account အဟောင်းတွေနဲ့ အသုံးမပြုချင်တော့တဲ့ Google Account တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Google Account ကိုဖျက်ဆီးပစ်တော့မယ်ဆိုရင် gmail အတွင်းမှာရှိတဲ့ အချက်အလက်တွေကို download ပြုလုပ်ထားပြီးမှသာ Google account ကို ဖျက်သင့်ပါတယ်။

Google Email ထဲက အချက်အလက်တွေကို download ပြုလုပ်ဖို့အတွက်ဆိုရင် Google Takeout ကနေ သွားရောက်ပြီး Download ပြုလုပ်ရပါမယ်။

Google Takeout ကို အသုံးပြုရန်အတွက် https://takeout.google.com/settings/takeout (ဒီနေရာကနေ) သွားရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါ တယ်။


Email ထဲက အချက်အလက်တွေကို download ပြုလုပ်ပြီးပြီဆိုရင် Google Account ကို ဖျက်ပစ်ဖို့ အတွက် https://myaccount.google.com/preferences ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။



အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Delete produts နဲ့ Delete Google Account and data ဆိုတာကို တွေ့မြင်ရပါမယ်။ Delete products ဆိုတာကတော့ Google ထုတ်ကုန်တွေဖြစ်တဲ့ Google+, YouTube, Mail အစရှိတဲ့ မလိုချင်တဲ့ product တွေကို ဖျက်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။



Google Account and data ကိုရွေးချယ်မယ်ဆိုပါက Google Calendar, Drive, Gmail, Contacts, YouTube အစရှိတာတွေနဲ့ Gmail ထဲက အချက်အလက်တွေအကုန်လုံး အပြင် Google Account ကိုပါ ဖျက်ပစ်သွားပါလိမ့်မယ်။


Google Product တွေကိုသာဖျက်ပစ်မယ်ဆိုရင် ကိုယ်ဖျက်ချင်တဲ့ Product ကိုရွေးချယ်ပြီး အမှိုက်ပုံးကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် အဆိုပါ Google Account မှာရှိတဲ့ ကိုယ်ဖျက်ချင်တဲ့ product ကို ဖျက်ဖို့အတွက် Verification email ကိုထည့်သွင်းပေးရပါလိမ့်မယ်။ လက်ရှိ အသုံးပြုနေတဲ့ email တစ်ခုခုကို ထည့်သွင်းပေးလိုက်ပါ။


ကိုယ်ထည့်သွင်းထားတဲ့ email ကိုဖွင့်ပြီး အတည်ပြုချက် ပြုလုပ်ပေးရပါမယ်။ ပေးထားတဲ့လင့်ခ်ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။


အဆိုပါ link ကို နှိပ်ပြီး ကိုယ်ဖျက်ပစ်ချင်တဲ့ Product ကို Delete ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Delete Google Account and data ဆိုတာကို နှိပ်လိုက်ပါက Google Account တစ်ခုလုံးကို ဖျက်ပစ်ပေးသွားမှာဖြစ်ပြီး မှားယွင်းဖျက်ပစ်မိတယ်ဆိုရင်လည်း Account ကို ပြန်လည်ရယူရန် Support Center ကို ဖော်ပြပေးထားပါလိမ့်မယ်။ အဆိုပါ နေရာတွင် မိမိ Recovery ပြန်လည်လုပ်ချင်တဲ့ email လိပ်စာကို ထည့်ပြီး password ကိုပါ ပြန်ထည့်ပေးရမှာ ဖြစ်ပါတယ်။

Ref : Internet Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !