Advertise Here !



သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး တစ်မျိုးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပထမဆုံးအကြိမ် တရားဝင် အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။


Dengvaxiaဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် ပြင်သစ် အခြေစိုက် Sanofi Pasteur သုတေသန ဌာန၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးစား သုတေသနပြုမှု၏ ရလဒ်အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကလေးငယ်များအတွက် အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

လတ်တလောတွင် Dengvaxiaကို မက္ကဆီကို၊ ဘရာဇီးလ်၊ အယ်လ်ဆာဗေးဒိုးနှင့် ဖိလစ်ပိုင်တို့က တရားဝင် မှတ်ပုံတင် တင်သွင်းခွင့် ပေးထားပြီ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် WHOက ထောက်ခံချက် ပေးလိုက်ပြီ ဖြစ်သောကြောင့် Dengvaxiaကို ကမ္ဘာ့နိုင်ငံ အမြောက်အမြားသို့ တင်ပို့နိုင်ရန် လမ်းပွင့်သွားစေခဲ့သည်။

“ခြင်အရေအတွက် ထူထပ်ပေါများတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေးဟာ ကြောက်စရာ အကောင်းဆုံး ရောဂါတစ်ခုအဖြစ် ရှိနေပါတယ်။ နိုင်ငံတကာ အတိုင်းအတာနဲ့ ကူးစက်မှု အခြေအနေက မြင့်တက်လာတယ်။ ဒါဟာ ကမ္ဘာ့ ကပ်ရောဂါ တစ်ခုအသွင်ကို ပြောင်းလဲဖို့ အခြေအနေကို ဦးတည်နေတာ ဖြစ်ပါတယ်”ဟု WHO၏ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး စီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အင်ကျူယွန်းက ပြောကြားခဲ့သည်။

ယခု ကာကွယ်ဆေးက တစ်နှစ်တာအတွင်း သုံးကြိမ် ထိုးနှံရမည် ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးသည် ယခင်က သွေးလွန်တုပ်ကွေး ဖြစ်ပွားဖူးသည့် အသက် ၉ နှစ်အထက် ကလေးများပါ ထိုးနှံနိုင်မည် ဖြစ်သည်။ Dengvaxiaသည် သွေးလွန်တုပ်ကွေး ကူးစက်မှု ပေါ်ပေါက်နေသည့် နေရာမျိုးတွင် နေထိုင်သူများ၊ ထိုနေရာမျိုးသို့ ကာလတို သွားရောက်မည့် ခရီးသွားများအတွက် အထူးသင့်တော်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေနသနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ထိုင်းနိုင်ငံ ဌာနခွဲမှ ဒေါက်တာ အလိန်း ဘူကန်ငူးက မှတ်ချက်ပြုခဲ့သည်။

 ကွင်းဆင်းစမ်းသပ်မှု ပြုလုပ်စဉ်က အဆိုပါ ဆေးဝါးသည် အရှေ့တောင်အာရှနှင့် လက်တင်အမေရိက နိုင်ငံများတွင် အာနိသင် ထက်မြက်မှု ၇၀ ရာခိုင်နှုန်းမျှ ရှိခဲ့ပြီး ဆေးရုံတက် ကုသမှု ခံယူနေချိန်တွင် ထိုးနှံမှုများ၌ ၉၀ မှ ၉၅ ရာခိုင်နှုန်းထိ အစွမ်းထက်ခဲ့သည်။

သိပ္ပံပညာရှင်များ အနေဖြင့် ဗိုင်းရပ်စ်ပိုး၏ ဖွဲ့စည်းပုံ ရှုပ်ထွေးမှုကြောင့် ပြီးပြည့်စုံသည့် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးမျိုး တီထွင် ထုတ်လုပ်ရန်မူ အခက်တွေ့နေဆဲ ဖြစ်သည်။ သွေးလွန်တုပ်ကွေးတွင် မျိုးကွဲ လေးခုထိ ရှိနေပြီး ကလေးများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြားရောဂါများဖြစ်သော ပိုလီယို၊ ရေကျောက်တို့ထက် ဖွဲ့စည်းပုံ ပိုမို ရှုပ်ထွေးကြောင်း သိရသည်။

Ref ===> Time


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !