Advertise Here !





မိတ်ဆက်

========
Android Lollipop and Marshmallow ဗားရှင်းတွေအတွက်
Auto Rotate ကို Enable ပြုလုပ်ထားနည်းကို တင်ပေးလိုက်ပါတယ်။

သိတဲ့သူတွေအတွက် အလွယ်လေး ဆိုပေမယ့် သတိမထားမိ မသိသေးတဲ့
သူတွေအတွက်တော့ အနည်းငယ် စိတ်အနှောက် အယှက်ဖြစ်စရာလေးပါ။

ဟိုနေ့က ဂျာမနီ & ပြင်သစ် ဘောလုံးပွဲလေး ၀ိုင်းကြည့်ကြရင်း ကြုံလိုက်ရတဲ့
အတွေ့အကြုံလေးတစ်ခုပါ၊ ဘောလုံးပွဲစဉ်တွေက အရင်လို ကွန်ပျူတာကြီးကို
ဖွင့် TV ကို ဖွင့်ပြီး ကြည့်နေစရာ မလိုလောက်အောင် Faceboook တစ်ခွင်
Live အဖြစ် တိုက်ရိုက်လွှင့် ပေးနေတာကို ကြည့်နေရတော့ ကိုယ်ပိုင် ဖုန်းလေး
တစ်လုံး ရှိတာနဲ့ ဇိမ်နဲ့ သာသာ ယာယာ လေးကြည့်ရှုနိုင်တဲ့ နေ့သစ်တွေကို
ပိုင်ဆိုင်နေကြပါပြီ။

ဒါနဲ့ ဂျာမနီ & ပြင်သစ် ပွဲစကတည်းက ကောင်းမယ်မှန်းသိတာမို့ လူတိုင်း
ဇိမ်နဲ့ ကျကျ ကြည့်ချင်တာပေါ့ လူငါးယောက်ကြည့်ကြတာ သုံးယောက်ပဲ
အဆင်ပြေကြတယ် ကျန်တဲ့ နှစ်ယောက်မှာတော့ ကြည့်လို့ရတယ်။

ဒါပေမယ့် Full Screen အပြည့်ကြည့်လို့မရဘူး ဖြစ်နေတာ ဒီတော့ ဘာလိုအပ်နေသလဲ
Auto Rotate ကို Off လုပ်ထားလို့ပဲပေါ့၊ အဲဒါကို Enable သာ ပြုလုပ်လိုက်ရင် အဆင်ပြေပါပြီ။

ဘာရယ် မဟုတ်ဘူးဆိုပေမယ့် တစ်ခါ တစ်ရံ သတိမထားမိတဲ့ အရာလေးတွေက
အခက်အခဲဖြစ်လာတတ်ပါတယ်၊ Auto Rotate ကို Enable လိုက်တော့ ဘော်ဒါတွေ
ဂျာမနီ & ပြင်သစ် ပွဲကို Full Screen အပြည့်ကြည့်ပြီး အော်ဟစ်နိုင်တော့တာပေါ့။


Auto Rotate ကို Enable ပြုလုပ်ထားနည်း

=======================
၁။ Setting သို့သွားလိုက်ပါ။

၂။ System settings ရဲ့အောက် Accessibility သို့သွားပါ။

၃။ အောက်သို့ ဆင်းလိုက်ပြီး “Auto rotate screen” ကိုမြင်ရပါလိမ့်မယ်။
၎။ Turn on လုပ်လိုက်ပါ။

၅။ အသုံးမပြုလိုတော့တဲ့အခါ ပြန်လည် Turn Off ပြုလုပ်လိုက်ပါ။

Special Credit to ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !