Advertise Here !



ဗြိတိသျှကောင်စီမြန်မာ၏ ပံ့ပိုးကူညီမှူဖြင့် ယူကေရှိ အောက်စဖို့ဒ်တက္ကသိုလ် (University of Oxford) မှ မြန်မာကျောင်းသားများအတွက် ဘွဲ့ကြို၊ မဟာတန်းတက်ရောက်ရန်လမ်းကြောင်း၊ လေ့လာမှုရွေးချယ်စရာများနှင့် ပညာသင်ဆု အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို ၂၀၁၆ ဇူလိုင်လ ၁၈ ရက်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ British Club အမှတ် ၄၆၊ ဂျိုးဖြူလမ်းသွယ်၊ ဗြိတိသျှသံအမတ်အိမ်ဝင်း၊ ယုဇနဂါးဒင်းဟိုတယ်ဘေးလမ်းကြား၊ အလံပြဘုရားလမ်း၊ ရန်ကုန်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် အောက်စဖို့ဒ်တက္ကသိုလ်၌ မြန်မာကျောင်းသားများ တက်ရောက်ခွင့်ရနိုင်စေရန် လိုအပ်သည့် ပြင်ဆင်မှုများကို အောက်စဖို့ဒ်တက္ကသိုလ်မှ ကိုယ်စားလှယ် Mr. Loren Griffith (Director of International Strategy Office) မှ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ နှီးနှောဖလှယ်ပွဲသည် IGCSE တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ထားသော A level တက်ရောက်ရန်နှင့် IB (International Baccalaureate (IB) Diploma Program in US&UK) (သို့) AP (Advanced Placement courses for International Baccalaureate) စာမေးပွဲများ ဖြေဆိုရန် ပြင်ဆင်နေသော မြန်မာကျောင်းသားများနှင့် အစိုးရတက္ကသိုလ်များရှိ ထူးချွန်သော ဘွဲ့ကြိုကျောင်းသားများနှင့် မဟာတန်းကျောင်းသားများအတွက် ရည်ရွယ်ကြောင်း သိရသည်။

ထိုင်ခုံနေရာ ကန့်သတ်ထားပြီး ဟောပြောပွဲတွင် ထူးချွန်သော ကျောင်းသားများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်သောကြောင့် ကိုယ်စားလှယ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ၍ စိတ်ကြိုက်အကြံဥာဏ်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသော ကျောင်းသားများမှ မိမိတို့၏ ပညာရေး အရည်အချင်း မှတ်တမ်းများကို imperialmerit@gmail.com သို့ အီးမေးလ်ဖြင့် ကြိုတင်ပေးပို့ကာ အမည်စာရင်းပေး မှတ်ပုံတင်ရန် လိုအပ်မည် ဖြစ် သည်။ ဟောပြောပွဲနေ့တွင်လည်း ကျောင်းသားများ၏ ထူးချွန်သော ပညာရေးအရည်အချင်း မှတ်တမ်းများကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။

ကျောင်းသားများထံသို့ အီးမေးလ်ဖြင့် ဆွေးနွေးပွဲ တက်ရောက်ခွင့် ရှိ၊ မရှိကို အကြောင်းကြားပေးမည် ဖြစ်ကြောင်းသိရသည်။ www.imperialmerit.com/events/studyingatoxford တွင် အမည်စာရင်းပေး မှတ်ပုံတင်နိုင်သလို ဟောပြောပွဲအစီအစဉ် အသေးစိတ်ကို သိရှိလိုပါက

Imperial Merit Educational Advisory ဖုန်း ၀၁ ၃၉၅၈၁၇၊ ၃၉၅၈၁၆ သို့ခ်ါဆို၍လည်းကောင်း၊ Facebook https://www.facebook.com/imperialmerit သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းစာရင်းပေးသွင်းနိုင်သည်။



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !