Advertise Here !

စပ်စု: " Samsung GT-N5100 " Android ဖုန်းကို Root လုပ်ပြီး မြန်မာ Font သွင်းချင်လို့ ပါ။ " ကူညီပေးပါအုံး ကျေးဇူး ကိုမောင်ပေါက်ရေ ကျနော် ဘယ်မှာမှ ရှာမရလို့ ပါနော်...
***********
ပထမဆုံး အောက်ကလင့်တစ်ခုခုမှာ Samsung_Galaxy_Note_80_ToolKit_v1.1 ဖိုင်ကို အရင် ဒေါင်းလိုက်ပါ.. ဒေါင်းပြီးရင် rar ကို ဖြည်ပြီး Install လုပ်လိုက်ပါ...
Dev-Host    Solidfiles    Zippyshare
1. မိမိဖုန်းကို USB ကြိုးသုံးပြီး Computer နဲ့ ချိတ်လိုက်ပါ.. USB Debugging, Unknow source တွေကိုအမှန်ခြစ်ပေးထားပါ.. ( ToolKit က Driver ပါ သွင်းပေးပါတယ်.. )


2. ခုနက Install လုပ်ခဲ့တဲ့ Toolkit ကို Run လိုက်ပါ..
ဒါဆိုရင် အမဲရောင်ကွက်ပေါ်မှာ အစိမ်းရောင် စာသားလေးတွေ တက်လာမှာဖြစ်ပြီး ToolKit ဗားရှင်းကို မြှင့်မှာလား မေးပါတယ်.. လက်ရှိ နောက်ဆုံးထွက် ဗားရှင်းကို လိုချင်သေးတယ်ဆိုရင် yes လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ဒီ ဗားရှင်းနဲ့ပဲ လုပ်မယ်ဆိုရင်တော့ no လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..
3. ဒီတစ်ခါ မိမိဖုန်းအမျိုးအစားအလိုက်ရိုက်ထည့်ရမယ့် ဂဏန်းတွေကတော့
GT-5100 ဆိုရင် 11
GT-5110 ဆိုရင် 21 ဖြစ်ပါတယ်..
GT-5120 အတွက်တော့ နှိပ်စရာဂဏန်း မတွေ့ပါဘူး..
ကိုယ့်အမျိုးအစားနဲ့ကိုက်တာကိုကြည့်ပြီး ကီးဘုတ်ပေါ်က 11 (သို့မဟုတ်) 21 ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..

ဒါဆိုရင် လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းနေတာ တွေ့ရပါလိမ့်မယ်...
 
4. Download လုပ်တာပြီးသွားရင် Root လုပ်တဲ့လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေပါပြီ...
Root လုပ်ဖို့အတွက် ကီးဘုတ်ပေါ်က 2 ကိုနှိပ်ပြီး Enter ခေါက်ပါ..
ပြီးရင် ကီးဘုတ်က 2 ကိုထပ်နှိပ်ပြီး Enter ခေါက်ပါ..
ဒါဆိုရင် Superuser နှစ်ခု ကိုရွေးရမှာဖြစ်ပါတယ်.. 1 က superuser 3.1.3 ဖြစ်ပြီး 2 က SuperSU 1.25 ဖြစ်ပါတယ်.. ကြိုက်တာရွေးလို့ရတဲ့သဘောပါ.. ကျွန်တော်ကတော့ SuperSU ကိုရွေးချယ်ချင်တဲ့အတွက် ကီးဘုတ်က 2 ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်.. ( ဒီအဆင့်ထိ 2 ကို 3ခါ ခေါက်ရတာကို သတိထားမိပါလိမ့်မယ်.. )

 

5. ဒီဆင့်ကတော့ ရွေးချယ်မှုတွေအားလုံးပြီးသွားတဲ့အတွက် ဆက်လုပ်မှာလား မလုပ်ဘူးလား Confirm တောင်းတဲ့အဆင့်ပါ.. no ကိုရိုက်ထည့်ပြီး Enter ခေါက်ရင် Main Menu ကို ပြန်ရောက်သွားမှာဖြစ်ပါတယ်.. ဆက်လုပ်မှာဖြစ်တဲ့အတွက် ကီးဘုတ်ကနေ yes လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ...
စပြီး root နေပါပြီ...
Odin တက်လာပြီဆိုရင်  Myy computer\C \Samsung_Galaxy_Note80_ToolKit\ root ထိ အဆင့်ဆင့်သွားပြီး ကိုယ်က GT-N5100 ကို Root နေတာဆိုရင် GT-N5100> boot-insecure-bmd1-GTN5100.tar ကိုရွေးပေးရမှာပါ.. GT-N5100 ဆိုတဲ့ ဖိုဒါရဲ့အောက်မှာ boot-insecure-bmd1-GTN5100.tar နဲ့ boot-stock-bmd1-GTN5100 ဆိုပြီးရှိပါတယ်.. boot-stock-bmd1-GTN5100 ကို မရွေးရပါဘူး.. ဒီလိုပဲ GT-N5110 ကို Root နေတာဆိုရင် GT-N5110 ဖိုဒါထဲက boot-insecure-bmd1-GTN5110.tar ကိုရွေးပေးရမှာပါ...  ပြီးရင် odin ရဲ့ Start နှိပ်ပေးလိုက်ပါ.. ဖုန်းက reboot ဖြစ်သွားပြီး ပြန်တက်လာပါမယ်.... ခဏနေရင် Odin မှာ Pass စာတန်းပေါ်လာမှာ ဖြစ်ပါတယ်.. ဆက်စောင့်ပါ.. ကြိုးကို ဖြုတ်ဖို့ မကြိုးစားပါနဲ့ အုံး.. Toolkit က ဆက်ပြီး အလုပ်လုပ်နေပါလိမ့်မယ်.. အားလုံးပြီးသွားရင်တော့ ဖုန်းရဲ့ App List ထဲမှာ Superuser လေးမြင်ရမှာဖြစ်ပါတယ်.. ဒါဆို Root လို့ အောင်မြင်ပါပြီ...

အဆင်ပြေပါစေ..

မောင်ပေါက်

Source : Xada-developer

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !