Advertise Here !


မြန်မာကနေ နိုင်ငံခြားစကားတွေ ဘာသာပြန်ဖို့ Google Translate ထက် ပိုကောင်းတဲ့ ဆော့ဝဲလ်။မင်္ဂလာပါ။ နည်းပညာချစ်သူကနေ ဒီလို ပိုစ့်တွေ မတင်တာကြာပြီးနော်။ အခုတစ်ခါမှတော့ အားလုံးအတွက် အရမ်းအသုံးဝင်မယ့် ဆော့ဝဲလ်တစ်ခု မျှဝေချင်ပါတယ်။ ဆော့ဝဲလ်နာမည်ကတော့ VoiceTra ပါ။ ဒီဆော့ဝဲလ်က Google Translate လို မြန်မာကနေ နိုင်ငံခြားစကားတွေ ဘာသာပြန်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲလ်က Google Translate ထက် ပိုကောင်းတဲ့အချက်က မြန်မာစာကားကို အတိအကျမှန်အောင် ဘာသာပြန်ပေးနိုင်တာပါ။ ဥပမာ- အင်္ဂလိပ်ကနေ မြန်မာစာ/ မြန်မာကနေ အင်္ဂလိပ် ကို ဘာသာပြန်မလား? အတိအကျမှန်အောင် ဘာသာပြန်ပေးနိုင်တာတွေ့ရပါတယ်။ ပြီးတော့ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုကတော့ အသံနိုင် ဘာသာပြန်ခိုင်းလို့ရတဲ့စနစ်ပါ။ အဲ့ဒါက ကိုယ်ဘာသာပြန်စေချင်တာကို မြန်မာစကားနဲ့ ပြောလိုက်ရင် အင်္ဂလိပ်စကားကို ဘာသာပြန်ပေးနိုင်ပါတယ်။ ဒီVoiceTra ဆော့ဝဲလ်ထဲမှာ မြန်မာ၊အင်္ဂလိပ်အပြင် တခြား ဘာသာစကားတွေ အများကြီးလည်း အတိအကျမှန်အောင် ဘာသာပြန်ပေးနိုင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားကို လေ့လာနေတဲ့သူတွေလည်း ဒီဆော့ဝဲလ်နဲ့ လေ့ကျင့်လို့ရတယ်နော်။ဒီVoiceTra ဆော့ဝဲလ် စမ်းအသုံးပြုချင်တယ်ဆိုရင် အောက်က လင့်မှာ ဆော့ဝဲလ်ကို တင်ပေးလိုက်ပါတယ်နော်။Android အတွက် ဆော့ဝဲလ်ဒောင်းရန် 

For Android 
For iOS

Post A Comment:

0 comments: