Advertise Here !





Windows 10 တွင် Command prompt ကိုဖွင့်ရန် နည်းလမ်း (10) မျိုးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖေါ်ပြ နည်းလမ်းက အရေးမကြီးဘူး ထင်နေပေမယ့် တကယ့်အရေးကြုံလာလို့ Windows ရဲ့ settingsပိုင်းနဲ့အခြားသော registry editor, system configuration, group policy object editor စတာတွေအတွက် ကျယ်ကျယ်ဝံ့ဝံ့ အသုံးပြုတော့မယ်ဆိုရင်တော့ သိထားဖို့လိုအပ်ပါတယ်။အလွယ်ကူဆုံးဖြစ်အောင် ပုံလေးတွေကို အဓိကထားပြီး
ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်၊ တစ်ခုချင်းစီရဲ့ အရေးပါပုံ
အလုပ်လုပ်ပုံတွေနဲ့ အဓိပါယ်များကိုတော့ မရေးနေတော့ပါ။

၁။ Menu Search မှ Command prompt ခေါ်ခြင်း




Menu Search မှ Run Box တွင် Ctrl + Shift (သို့) cmd.exe လို့
ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ရင် ပွင့်လာပါလိမ့်မယ်။


၂။ Context menu မှ Command prompt ခေါ်ယူခြင်း



Command prompt ခေါ်ယူနိုင်တဲ့ ဒုတိယ နည်းလမ်းကတော့
“Power User Menu” မှတစ်ဆင့်သွားလို့ရပါတယ်။

“Power User Menu” >> “Command Prompt”
ဆိုပြီးသွားလိုက်ပါ၊ အောက်ပါပုံကိုကြည့်လိုက်ပါ။

Shortcut Key များကို အသုံးပြုမယ်ဆိုရင်တော့
Win + X များကိုတွဲနှိပ်ပြီး Command prompt ခေါ်ယူနိုင်ပါတယ်။


၃။ All Apps > Windows System မှ ခေါ်ယူခြင်း


Command prompt ကိုခေါ်ယူနိုင်တဲ့ တတိယနည်းလမ်းကတော့...



Start menu >> All Apps >> Windows System >>
Command Prompt ဆိုပြီး တစ်ဆင့်ချင်းသွားနိုင်ပါတယ်။


၎။ Cortana ဖြင့် Command prompt ခေါ်ယူခြင်း

Command prompt ခေါ်ယူရန်အတွက် လေးခုမြောက်နည်းလမ်းကတော့
Microsoft’s virtual assistant ကိုအသုံးချသွားမှာပဲဖြစ်ပါတယ်။

WinKey + S or WinKey + C များကိုတွဲနှိပ်လိုက်ပါပြီး
အလွယ်တကူ ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။

assistant ကိုအသုံးချခဲ့မယ်ဆိုရင်တော့ Cortana က ဘာလုပ်မယ်
ဆိုတာကို ကောင်းကောင်းသိတော့ CMD ဆိုပြီးရိုက်ထည့်ပြီး
Command Prompt ကိုအလွယ်တကူခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။


၅။ Windows Run မှအလွယ်တကူ ခေါ်ယူခြင်း


နောက်ထပ်နည်းလမ်းတစ်ခုကတော့ အားလုံးလည်းသိပြီး
ဖြစ်တဲ့ Windows Run မှ အလွယ်ခေါ်ယူနည်းပဲဖြစ်ပါတယ်။

 
ဒီအတွက် ပုံမှန်အတိုင်းပဲ ကီးဘုတ်မှ WinKey + R ကိုတွဲနှိပ်လိုက်ပြီး
ကျလာတဲ့ Run Box ထဲမှာ cmd ဆိုပြီးရိုက်ထည့် OK & Enter ကိုခေါက်ရုံပါပဲ။


၆။ Task Manager မှခေါ်ယူခြင်း

 


လူအသုံးနည်းပြီး အသုံးပြုသင့်တဲ့နောက်ထပ်နေရာတစ်ခုရှိပါတယ်
အဲဒါကတော့ Task Manager ပဲဖြစ်ပါတယ်၊ command prompt ကို
Task Manager မှလည်း System ကျကျ အလွယ်တကူ ခေါ်ယူနိုင်ပါတယ်။

Ctrl + Shift + Esc များကိုတွဲနှိပ်ပြီးသွားနိုင်သလို taskbar ပေါ်မှ
Right-click တစ်ချက်ထောက်ပြီး “Task Manager” option >>
File >> Run new task ဆိုပြီး တစ်ဆင့်ချင်းသွားကာ
command prompt ကိုခေါ်ယူနိုင်ပါတယ်။

၇။ File Explorer Address Bar မှခေါ်ယူခြင်း


Explorer Address Bar မှလည်း Command prompt ကို
ခေါ်ယူနိုင်ပါတယ် ဒီအတွက်လည်း အခက်ကြီးမဟုတ်ပါ၊
File Explorer ကိုဖွင့်လိုက်ပါ အောက်ပါပုံအတိုင်း Alt + D ကိုတွဲနှိပ်ပြီး
ဖွင့်ယူနိုင်သလို၊ address bar ပေါ်တွင်လည်း CMD.exe ဆိုပြီးရိုက်ထည့်
Enter ကိုခေါ်လိုက်ရင်လည်း Command prompt ပွင့်လာမှာဖြစ်ပါတယ်။

၈။ File Explorer File Menu မှခေါ်ယူခြင်း

 

 နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျနော်တို့သတိမထားမိတဲ့
နေရာလည်းတစ်ခုဖြစ်မယ်ထင်ပါတယ်၊ အဲဒါကတော့ File Explorer ပြီးတော့
အဲဒီ File Menu မှလည်း Command prompt ကိုဖွင့်ယူနိုင်ပါတယ်။

ပုံပါအတိုင်း File Explorer >>File Menu >>Open command prompt ဆိုပြီး
တစ်ဆင့်ချင်းသွား၍ အလွယ်တကူ ဖွင့်ယူနိုင်ပါတယ်။


၉။ Shift + Right-click မှတစ်ဆင့် ခေါ်ယူခြင်း

 


နောက်ထပ်နည်းလမ်း တစ်ခုကတော့ Shift + Right-click များကို
အသုံးချပြီး အလွယ်တကူ Command prompt ဖွင့်ယူနည်းပဲဖြစ်ပါတယ်။

ဒီအတွက် ပုံပါအတိုင်း This PC > Local Disk (C:) > Shift + Right-click >
Open command window here ဆိုပြီး တစ်ဆင့်ချင်းသွားလိုက်ရုံပါပဲ။

၁၀။ CMD.exe and shortcuts မှခေါ်ယူခြင်း


နောက်ဆုံးနည်းလမ်းတစ်ခုကတော့ CMD.exe ကို
Dekstop ပေါ်တွင် shortcuts တစ်ခုဖန်တီးပြီး ခေါ်ယူခြင်းဖြစ်ပါတယ်။

ဒီအတွက် shortcuts ဖန်တီးနည်းနဲ့ အသုံးပြုပုံ နည်းလမ်းများကို
တစ်ပါတည်း ရေးပေးလိုက်ပါတယ်၊ လွယ်ကူပါတယ် အောက်ပါပုံ
များကို ကြည့်ပြီး ပြုလုပ်ကြည့်လိုက်ပါ။


Desktop ပေါ်တွင် Right-click တစ်ချက်ထောက်
Context menu >> “New > Shortcut” ဆိုပြီး နှိပ်လိုက်ပါ။

 
 cmd.exe ဆိုပြီးရိုက်ထည့် Next ကိုနှိပ်ပေးလိုက်ပါ။
 အောက်ပါပုံအတိုင်း Command Prompt (Admin) ဆိုပြီး
နာမည်ပေးပြီး Finish ဆိုပြီး ဆက်နှိပ်ပေးလိုက်ပါ။

 
ဖန်တီးထားတဲ့ Shortcut icon ကိုဖွင့်လိုက်ပါ
Context menu >> Properties >> Advanced >>
“Run as administrator” >>OK ဆိုပြီး တစ်ဆင့်ချင်းသွား၍
Command prompt ကို One click shortcut icon ဖန်တီးလိုက်ပါ။
 အလိုရှိတဲ့အခါတိုင်း Desktop ပေါ်ရှိ ဖန်တီးထားတဲ့
Shortcut icon ကိုတစ်ချက်နှိပ်ပြီး ဖွင့်ယူနိုင်ပါတယ်။




အားလုံးပဲအဆင်ပြေကြပါစေ...နော်... :)
ယခုပိုစ့်လေးအား ဇူးနစ်(နည်းပညာ) စာမျက်နှာမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !