Advertise Here !

Facebook လို Social Network တစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိသလို လျှို့ဝှက်ထားတဲ့ Options များစွာလည်း ရှိတဲ့ အတွက် အားလုံးကို သိဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီ နည်းလမ်းများထဲက Facebook ကို လုံခြုံစွာနဲ့ ရှင်းလင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို တင်ပြပေးလိုက်ပါတယ်။
Group Notification နဲ့ Settings များကို ပြုပြင်ပါ။
Facebook မှာ Group များစွာ ရှိပြီး သင်ဟာ အဖွဲ့ဝင် ဒါမှမဟုတ် Admin အနေနဲ့ ပါဝင် ပတ်သက်နေမှာပါ။ သင်က အဖွဲ့ထဲ ကိုယ်တိုင်ဝင်ရောက်တာ မဟုတ်ဘဲ သူငယ်ချင်းများက အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာတွေလည်း ရှိနေပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင် မလိုလားအပ်တဲ့ Notification များစွာကို သင်ရရှိနေမှာပါ။  အဲဒီအတွက် သင်ပါဝင်နေတဲ့ အဖွဲ့အားလုံးကို တစ်နေရာတည်းကနေ မြင်တွေ့နိုင်ဖို့နဲ့ နှုတ်ထွက်ချင်တဲ့ အဖွဲ့ထဲကနေ ထွက်ခွာဖို့အတွက် Group Notification နဲ့ Settings များကို ပြုပြင်ရမှာပါ။ ဒီလိုလုပ်ဖို့ Home Page ရဲ့ ဘယ်ဘက်မှ Group ရဲ့ ညာဘက်ဘေးမှ More ခလုတ်ကိုနှိပ်ပါ။ Browse Groups Page ကိုရောက်သွားမှာ ဖြစ်ပြီး Suggested, Friends , Local, Invites နဲ့ သင်အဖွဲ့ဝင်ဖြစ်နေတဲ့ Your Groups ဆိုတဲ့ ကဏ္ဍငါးခုနဲ့ ပြသပေးထားပါတယ်။ Your Groups မှ အဖွဲ့များရဲ့ ညာဘက်ဘေးမှ Add to Favorites ကို နှိပ်ပြီး Favorites ထဲထည့်သွင်းနိုင်ပါတယ်။ Settings Icon ကိုနှိပ်ပြီး Edit Notification Settings ထဲမှာ အဖွဲ့ဝင်တစ်ယောက် Post တင်ရင် အချက်ပြပေးဖို့၊ သူငယ်ချင်းတစ်ယောက် Post တင်ရင် အချက်ပြပေးဖို့နဲ့ အချက်ပြမှုကို ပိတ်ထားဖို့ စတာတွေ ပြုလုပ်နိုင်ပါတယ်။ နှုတ်ထွက်ဖို့အတွက် Leave Group ကိုနှိပ်ပါ။

4
Unfollow or Hide လုပ်ပါ။
စိတ်အနှောင့်အယှက် ဖြစ်စရာ Post များကို တင်နေသူများအတွက် ဖြေရှင်းစရာ နည်းလမ်းက Unfollow or Hide ပြုလုပ်တာပါ။ ပို့စ်ရဲ့ ညာဘက်ဘေးမှ အောက်စိုက်နေတဲ့ မျှားကိုနှိပ်ပါ။ Unfollow or Hide all from ကိုနှိပ်ရင် အဲဒီ သူငယ်ချင်းရဲ့ ပို့စ်အားလုံးကို မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။ I don’t want to see this ကိုနှိပ်ရင်တော့ အဲဒီပို့စ်ကို နောက်တစ်ကြိမ်မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။
5
Stop Notification ကို အသုံးပြုပါ။

တစ်ခါတစ်လေမှာ Facebook အသုံးပြုရတာ ရှုပ်ထွေးပါတယ်။ သင့်သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ ပို့စ်တစ်ခုမှာ သင့်ကို Tag လုပ်လိုက်တယ်ဆိုရင် အဲဒီ ပို့စ်ကို အခြားသူတွေက Like or Comment လုပ်တိုင်း သင့်မှာ Notification ရရှိနေမှာပါ။ ဒါတွေဟာ သင့်ကို အလုပ်ပိုစေတယ်ဆိုရင် အဲဒီပို့စ်အောက်မှ Stop Notifications ကိုနှိပ်နိုင်ပါတယ်။
6
Chat အတွက် သူငယ်ချင်းများကို ရွေးချယ်ပါ။
သင့်ကို အခြားသူများ စကားလာပြောတာကို မနှစ်သက်ရင် သင့် Chat Box မှ Online Status ကို သူငယ်ချင်း အနည်းငယ်ကိုသာ မြင်နိုင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှ Settings Icon ကိုနှိပ်ပြီး Advanced Settings ထဲသွားပါ။ Turn on chat only some friends ကိုရွေးချယ်ပြီး သင့်ရဲ့ Online Status ကို မြင်စေချင်တဲ့ သူငယ်ချင်းများကို ရွေးချယ်ပေးပါ။
7
Timeline and Tagging Settings ကို ပြောင်းလဲပါ။
အချို့ Facebook အသုံးပြုသူများက သူတို့ရဲ့ အလုပ်ကိစ္စအတွက် Fan Page မထောင်ထားဘဲ Personal Account ကိုသာ အသုံးပြုကြပြီး အခြား သူများကို Tag လုပ်ခြင်းဖြင့် အနှောင့်အယှက် ဖြစ်စေကြပါတယ်။ သူတို့ Tag လုပ်တဲ့ ပို့စ်တိုင်းဟာ သင့်ရဲ့ Timeline မှာ ပြသပေးမှာပါ။ အဲဒီသူကို Unfriend ပြုလုပ်ခြင်း ဒါမှမဟုတ် Tag ပြုလုပ်တာကို လုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒုတိယ တစ်ခုကို ရွေးချယ်မယ်ဆိုရင် Settings ထဲက Timeline and Tagging ကို သွားပါ။ posts friends tag you in before they apper on your timeline? မှာ On လုပ်ပေးရင် သင့် သူငယ်ချင်းများက သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များကို သင့်ရဲ့ Timeline မှာ မပြသပေးခင်မှာ သင်က လုပ်နိုင်မှာပါ။ အဲဒီကနေ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များထဲကနေ သင့် Timeline မှာ ဖော်ပြစေချင်တဲ့ ပို့စ်များကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
8
Messenger App အစား မိုဘိုင်း ဘရောက်စာကို အသုံးပြုပါ။

Facebook Mobile App မှာ Chat ကို အသုံးပြုရင် Messenger App ကို အင်စတော လုပ်ခိုင်းတဲ့ ပြောင်းလဲမှုကို Facebook က ပြုလုပ်လိုက်ပါတယ်။ Messenger App ကို အင်စတော မလုပ်ချင်သူများအနေနဲ့ မိုဘိုင်း ဘရောက်စာကနေ m.facebook.com ကိုသွားပြီး Facebook ကို အသုံးပြုနိုင်သလို Chat ကိုလည်း အသုံးပြုနိုင်မှာပါ။
9
Hashtag ကို အသုံးပြုပါ။
Newsfeed မှာ ပို့စ်များစွာနဲ့ ရှုပ်နေရင် ဖတ်ချင်တဲ့ သတင်းတစ်ပုဒ်ကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီလို အခြေအနေမှာ Hashtag ကို အသုံးပြုပြီး လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ Search Box ကနေ #လို့ရိုက်ပြီး နောက်မှာ စကားလုံးကို ရိုက်ပြီး ရှာဖွေပါ။
10

ref;http://www.myanmardigitallife.com/
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !