Advertise Here !


အများစု အသုံးပြုကြတဲ့ Google မှာ ကီးဝေါ့တွေ ဝယ်လို့ ရပါတယ်။ ဒါကလည်း ဂူးဂဲလ်က အဓိက ပြုလုပ်နေတဲ့ စီးပွားရေး ဖြစ်ပါတယ်။ ဘာလို့ ဝယ်ကြသလဲ ဆိုတာ ကတော့ Search Engine ရဲ့ ထိပ်ဆုံးမှာ ကိုယ့်ရဲ့ ကုန်အမှတ်တံဆိပ် ကို ပေါ်လွင်နေစေဖို့ ဖြစ်ပါတယ်။ 


အင်တာနက် စသုံးတဲ့ သူတစ်ယောက် အနေနဲ့ သူလိုချင်တဲ့ အရာကို ရဖို့ အတွက် ဂူးဂဲလ် ကို အသုံးပြုပါတယ်။ အင်တာနက် အမြဲ သုံးနေတဲ့ သူတွေတောင် ဂူးဂဲလ်ကနေ သူတို့ သိချင် ရချင်တာကို ရှာဖွေ ကြ ပါတယ်။ ဒီတော့ ဂူးဂဲလ်မှာ စာလုံး တစ်လုံး ရိုက်လိုက်တိုင်း ကိုယ့်ရဲ့ ဝဘ်ဆိုဒ် လခ့်ကို အမြဲ ထိပ်မှာ ပေါ်ဖို့ အတွက် ကြိုးစားကြ ပါတယ်။ 

ဒီတော့ အရှာများတဲ့ စာလုံး များကို ရှာမယ်ဆိုရင် www.google.com/trends/explore မှာ ဝင်လေ့လာ နိုင်ပါတယ်။ မြန်မာ ပြည်ကနေ ဘယ်ဟာတွေ အရှာများတယ် ဆိုတာကိုလည်း Search Bar မှာ Myanmar လို့ ရိုက်ပြီးတော့ ရှာနိုင် ပါတယ်။ Keyword တွေကိုလည်း ကုမ္ပဏီ များစွာက ဝယ်ထား ပါတယ်။ မြန်မာပြည်မှာက Google Advertising ကို တရားဝင် သုံးခွင့် မရှိသေး ပါဘူး။ ဒီတော့ ဝယ်ချင်တဲ့ သူများက စင်္ကာပူကနေ မှာ ရုံးခွဲရှိတဲ့ အိုင်တီ ကုမ္ပဏီ တွေကနေ ဝယ်ရခြင်း ဖြစ်ပါတယ်။ 

ယခု အချိန် ဂူးဂဲလ်ထဲမှာ Myanmar car market လို့ ရိုက်လိုက်ရင် www.motors.com.mm က ထိပ်ဆုံး ပေါ်ပါ လိမ့်မယ်။ အကြောင်း ကတော့ သူက ဝယ်ထားခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဟာလည်း အင်တာနက် မာကတ်တင်း နည်းလမ်း တစ်မျိုးပါပဲ။ အားလုံး ကိုယ်တိုင် လေ့လာ နိုင်ပါတယ်။ 

.
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !