Advertise Here !


ကဲ...Huawei Y300C ကို ပြည့်ပြည့်စုံစုံလေး Root လုပ်တဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။ သေချာစမ်းသပ်ထားပြီးသားမို့ သူငယ်ချင်းတို့လည်း စိတ်ချလက်ချ သုံးနိုင်မှာပါ။

အဆင့်သုံးဆင့်ရှိပါတယ်။
1. bootloader unlock လုပ်ခြင်း
2. CWM Recovery သွင်းခြင်း
3. Recovery mode မှ root လုပ်ခြင်း
****

1. bootloader unlock လုပ်ခြင်း
ကျွန်တော်တို့ အရင်ဆုံး bootloader unlock ရဖို့တော့ အရေးကြီးတယ်နော်။ မိမိဖုန်းက
  • 1. MEID: ဥပမာ A00000xxxxxxxx    (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
  • 2.S\N : ဥပမာ E8B9MCxxxxxxxxxx     (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
  • 3. Product ID :  ဥပမာ 4578xxxx       (ဖုန်းခေါ်သောနေရာတွင် *#*#1357946#*#* ဟုရိုက်ပါ။ပေါ်လာသော ဂဏန်း 8 လုံးသည် product ID ဖြစ်သည်)

တို့ကို မှတ်ထားပါ။အောက်ကလင့်မှာ ပုံထဲကပြထားတဲ့အတိုင်း လိုအပ်တာတွေဖြည့်ပါ။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock


ကဲဒါဆိုရင် unlock code ရဖို့အတွက် လိုအပ်တာတွေပို့ပေးပြီးပါပြီ။ ၂ ရက် ၃ ရက်စောင့်ရင် unlock code ပြန်လာပါလိမ့်မယ်။
unlock code ပြန်လာရင်တော့ အောက်က tool လေးကို download ဆွဲပြီးဖွင့်လိုက်ပါ။
ဖုန်းရဲ့ USB Debugging ကို on ထားပါ။ ဖုန်းကို ပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။ ဖုန်းကို ကွန်ပျူတာမှာ usb ကြိုးနဲ့ချိတ်ပါ။
အောက်ကပုံထဲကအတိုင်း မေးလ်ထဲကို ပြန်ရောက်လာတဲ့ unlock code 16 လုံးကို ရိုက်ပြီး enter နှစ်ချက်ခေါက်လိုက်ပါ။ဖုန်းက restart ကျပြီးပြန်တက်လာပါလိမ့်မယ်။ကဲဒါဆိုရင်တော့...ပထမအဆင့် bootloader unlock လုပ်ခြင်းပြီးပါပြီ။

**

2. CWM Recovery သွင်းခြင်း
အရင်ဆုံး ဖုန်းမှာ usb debugging ကို on ထားလိုက်ပါ။ပြီးရင် အောက်က tool လေးကို download ဆွဲပါ။


ပြီးရင်ဖွင့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အောက်ကပုံထဲကအတိုင်း Bootloader Recovery ကိုနှိပ်ပါ။ခနစောင့်ပါ။ ဖုန်းက restart ကျသွားပါလိမ့်မယ်။ဒါဆိုရင် CWM Recovery သွင်းခြင်းပြီးပါပြီ။


3. Recovery mode မှ root လုပ်ခြင်း
အောက်ကဖိုင်လေးကို ဒေါင်းပြီး ဖုန်း ရဲ့ sd card ထဲကိုကူးထည့်ပါ။(zip file ကိုဖြည်စရာမလိုပါ)


ဖုန်းကို ပါဝါပိတ်ပါ။ volume + နဲ့ power ခလုတ်နှစ်ခုကို တွဲနှပ်ပြီး ဖုန်းကို recovery mode ထဲကိုဝင်ပါ။
volume - , + ခလုတ်တွေနဲ့ ဒုတိယ စာကြောင်းကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။
ထပ်ပြီး ၄ ကြောင်းမြောက် စာကြောင်းကို သွားပြီး power တစ်ချက်နှိပ်ပါ။
y300c root file ကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ လာရာလမ်းအတိုင်းပြန်သွားပြီးဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာရင်တော့ superuser ပါတဲ့ root access ရရှိတဲ့ဖုန်းလေးကိုပိုင်ဆိုင်ပြီပေါ့ဗျာ။
credit  ပေးထိုက်သူများအားလုံးနဲ့ chinese website များကို credit ပေးပါတယ်။

အဆင်ပြေပါစေ..

မောင်ပေါက်

မြန်အောင်သားရဲ့ ပို့စ်ကို တိုက်ရိုက်မျှဝေပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. စာတွေဖတ်မရလို့ ကူညီပေးပါနော် window7ပါ ကူညီစေချင်ပါတယ်နောအကို

    ReplyDelete
  4. ကျွန်တော် huawei t8830pro ကို backup လုပ်ချင် လို့ cwm recovery ဖိုင် နဲ့ သွင်းနည်းလေး ကျေးဇူးပြူပြီး ဖြေ ပေးစေချင်ပါသည်။

    ReplyDelete

Please click on advertisement !