Advertise Here !

Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ်



မင်္ဂလာပါ ကျတော် စာမရေးရတာလည်း ကြာပြီ…
အခုရေးပေးမယ့်အကြောင်းအရာကတော့ မိမိကွန်ပျူတာကနေ
အင်တာနက် Speed ကို Software မသုံးပဲ မြှင့်တင်တဲ့နည်းလေး
တွေဖြစ်ပါတယ်။ ဟိုယခင်ကတော့ ကျတော် Internet Speed
မြှင့်တဲ့ Software လေးတော့ တင်ပေးဖူးတယ်နောက်ပိုင်းမှာတော့
Technical ပိုင်းသီးသန့်ရေးမယ်လို့ စိတ်ကူးထားတဲ့အတွက်ကြောင့်
Software တွေလည်းမတင်တော့ပါဘူး၊ ထိုကြောင့်လည်း Post တစ်ခု
တက်ဖို့ကို တစ်ခါတစ်လေ ၂ ပတ် ၁ခါ ၃ပတ် ၁ခါမျိုး ကြာသွားတတ်ပါတယ်။
ကျတော့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဲ စကားတွေများပြီး ၀ုန်းဒိုင်းကြဲ စလိုက်ရအောင်….
အရင်ဆုံး RUN Box ကို ဖွင့် “gpedit.msc” လို့ရိုက်ပါမယ်.



ထို့နောက်တော့ ကျတော်တို့က Computer Configuration အောက်က
Administrative Template/ Network / QoS Packet Scheduler ကိုနှိပ်
လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



ညာဘက်ခြမ်းက Limi reservable bandwidth ဆိုတာကို Double
Click နှိပ်လိုက်ပမယ်။ထို့နောက်တော့ လက်ရှိရှိနေတဲ့ Not Configured
ဆိုတာကို Enable လုပ်ပြီး Bandwidth % ကို “ 0 ” ဟုအောက်ပါပုံအတိုင်း



သတ်မှတ်ပေးပြီး Apply OK လုပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ Run
Box ထဲမှာ “gpupdate /force” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့
အင်တာနက် Speed ကို 20% မြှင့်တင်လိုက်တာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Registry ကနေမြှင့်တင်တဲ့နည်းပါ…
ကဲ အရင်ဆုံး Run Box ထဲကနေ “regedit” လို့ရိုက်ပါမယ်။ ပြီးသွားရင်တော့
သွားရမယ့်လိပ်စာက



HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\
Tcpip\ServiceProvider ကိုသွားပါမယ်။ ထို့နောက်တော့ အထက်ပါပုံ
အတိုင်းမှ
DnsPriority မှာ Value data ကိုလက်ရှိတန်ဖိုးကို ဖျက်ပီး 7 ဟုရိုက်ပါ
HostsPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 6 ဟုရိုက်ပါ
LocalPriority မှာ Value Data ကို လက်ရှိတန်ဖိုးကို ဖျက်ပီး 5 ဟုရိုက်ပါ
NetbtPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 8 ဟုရိုက်ပါမယ်။
အားလုံးပြင်ပီးသွားချိန်မှာတော့ အောက်ပါပုံအတိင်း



ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Registry ကနေသွားပြင်ထားတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Command Prompt ကနေလုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျတော်တို့က CMD ကို Run As Aministrator အနေနဲ့ သွားရ
အောင်လို့ Run Box ထဲမှာ “ %comspec% ” လို့ရိုက်လိုက်ပမယ်။



ထို့နောက်တော့ အထက်ပါအတိုင်း “ regsvr32 actxprxy” လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါမယ်။ကဲ အထက်ပါလုပ်ဆောင်ချက်တွေအားလုံးပြီး
သွားရင်တော့ သင့်ရဲ့ ကွန်ပျူတာကို Restart ချလိုက်ပါမယ်။ ဒါဆိုရင်
သင့်ကွန်ပျူတာမှာ သုံးနေတဲ့ အင်တာနက် Speed ကို သိသိသာသာ
တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျှက်

Cristiano Zarni@ဦးဇာနည်
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !