April 2012
no image
Software Full Version Download and Tech News Update

ဒီပြသနာကို အနည်းနဲ့အများတော့ ကြုံဘူးကြမယ်ထင်တယ်
ကိုယ့်စက်မှာ ရိုက်ထားတဲ့ စာကို ကွန်ပျုတာဆိုင်မှာ print သွားထုတ်တော့ ဆိုင်က ဖောင့်မရှိလို့
ထုတ်မရတဲ့ပြသနာ
ကိုယ်ရိုက်ထားတဲ့စာကို သူငယ်ချင်းဆီ ပို့လိုက်တာ
သူ့ဆီမှာ ဖောင့်မရှိလို့ ဖွင့်မရဘူးဆိုတဲ့ ပြသနာ
စသည်.. စသည် ပေါ့ဗျာ

လုပ်နည်းလေးက လွယ်ပါတယ်
သတိမထားမိကြလို့ပါ
file ကို save as လုပ်တဲ့ အချိန်မှာ tool ကိုသွား
save option ကိုဆက်ပြီးတော့သွားလိုက်ပါ
အဲဒီရောက်တော့Embed True Type Fontsနဲ့
Embed characters in use only ဆိုတာလေးကို အမှန်ခြစ်လေးပေးရုံပါပဲ
ကဲ စက်မှာ ဖောင့်မရှိလဲ ဖတ်နိုင်ပါပြီ
မသိသေးတဲ့ လူတွေအတွက်တင်ပေးလိုက်တာပါ ဖတ်ပြီးသားသိပြီးသားလေးတွေဆိုရင်လဲ ခွင့်လွှတ်ပေါ့ဗျ

Advertise Here !

Software Full Version Download and Tech News Update


     ကျွန်တော့်ဆရာသုံးတဲ့ 4GB ကဒ်ထဲက အရေးကြီးတဲ့ ဓါတ်ပုံအပါအ၀င် Data တွေကို သူ့သမီးလေးက format ချမိလို့ လုပ်ကြပါအုံးဆိုတာနဲ့ ဒီဆော့ဖ်ဝဲလ် လေးကို သုံးလိုက်တာ အားလုံးနီးပါး ပြန်ရတယ်ဗျ။
     အရေးကြီးတာက ဖိုင်တွေကို မှားဖျက်မိရင်ပဲဖြစ်ဖြစ်၊ ယောင်လို့ format ချမိရင်ပဲဖြစ်ဖြစ် အဲဒီ Drive ပေါ်မှာ နောက်ထပ် Data တွေထပ်မထည့်မိဖို့ပါပဲ။ ထပ်ထည့်မိရင်တော့ ပြန်ဆည်လို့ရဖို့ ၉၀% မသေချာ တော့ပါဘူး။ အခု flash Drive ထဲက Data တွေကို ပြန်ဆည်ဖို့ အကောင်းဆုံး ဆော့ဖ်ဝဲလ် တစ်ခုကို ညွှန်ပြ ချင်ပါတယ်။ 

Pendrive Data Recovery ဖြစ်ပါတယ်။ 
လိုချင်ရင်တော့ ဒီနေရာလေး ကိုနှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။

Advertise Here !