Advertise Here !


Tech လောကမှာ  Nano နည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှ ပစ္စည်းတွေကို သေးနိုင်သမျ သေးသေးနဲ့ စွမ်းဆောင်ရည်မြင့်နိုင်သမျမြင့်အောင် ကြိုးစားလာကြတယ်..
အဲဒီထဲမှာ Xiaomi က မိတ်ဆက်လိုက်တဲ့ 4.41 x 4.41x 1.5 လက်မခန့်( 112 x 112 x 38 mm) သာရှိတဲ့ mini PC ကွန်ပျူတာ တစ်လုံးလည်းပါတယ်..
ကျွန်တော်တို့ကိုင်နေတဲ့ စမတ်ဖုန်းတစ်လုံးထက်တောင် သေးတဲ့ ဒီကွန်ပျူတာလေးမှာ Hardware အနေနဲ့ ဘာတွေထည့်ထားသလဲ တချက် ရှိုးလိုက်အုံး..
CPU - 12 Gen Intel Core i5-1240P (with Intel Iris Xe Graphics) (max. 4.4GHz – 12MB L3)
RAM - 16GB 3200MHz DDR4
Storage - 512GB PCIe 4.0 NVMe SSD
Display Port - HDMI (2 ပေါက်)
LAN - 2.5GBps
USB - နောက်မှာ 3.0 Gen2 နဲ့ USB 2.0
         ရှေ့မှာ USB 3.0 Gen2 (2 ပေါက်)နဲ့ 3.5mm Headphone ပေါက် တစ်ခု
Wireless Connectivity အနေနဲ့ Wifi6 နဲ့ Bluetooth 5.3 တဲ့..
မိုက်တယ်..
လောလောဆယ် တရုတ်မှာပဲ ရောင်းချနေသေးတာဖြစ်ပြီး စျေးနှုန်းက တရုတ်ယွမ် ၃၆၉၉ ယွမ် (US ဒေါ်လာ ၅၃၀ ကျော်) စျေးဆိုပဲ..



Specification:

CPU: 12th Intel Core i5-1240p (max 4.40GHz – 12MB L3 Cache)
GPU: Intel Iris Xe Graphics (max 1.3GHz – DirectX 12.1 – HDMI 2.1 (4096 x 2304 @ 60Hz)
RAM: 16GB 3200MHz DDR4 RAM
Storage: 512GB PCIe 4.0 NVMe SSD
PSU: 100W
OS: Windows 11 Home (China Edition)

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !