Advertise Here !


 

Xiaomi က Mi 13 ကိုကြေညာပြီး မကြာခင်မှာပဲ Redmi ကလည်း K60 ကို ကြေညာလိုက်ပါပြီ..
Redmi K60 Series မှာ K60, K60 Pro နဲ့ K60E ဆိုပြီး Variant ၃ မျိုး ခွဲပေးထားပါတယ်..
ဒီ ၃ မျိုးက ဘာတွေကွာသလဲ..
SOC

  • K60 Pro မှာ Snapdragon 8 Gen2
  • K60 မှာ Snapdragon 8+ Gen 1
  • K60E မှာတော့ Dimensity 8200
Display
  • K60 Pro နဲ့ K60 မှာ TCL နဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ 6.67-inch (3200 x 1440 pixels) 2K TCL 12-bit AMOLED 20:9 display, 120Hz refresh rate, 480Hz touch sampling rate, 1920Hz PWM high-frequency dimming, up to 1400 nits peak brightness, 5,000,000:1 (Min) contrast ratio, HDR10+, Dolby Vision ဖြစ်ပြီး
  • K60E မှာတော့ Samsung ရဲ့ 6.67-inch (3200×1440 pixels) 2K Samsung 8-bit AMOLED 20:9 display, 120Hz refresh rate, 480Hz touch sampling rate, up to 1200 nits peak brightness, HDR10+ ဖြစ်ပါတယ်..
Camera
  • K60 Pro မှာ Sony IMX800 sensor ပါတဲ့ 50 MP Main Camera ကို OIS, EIS ထည့်ပေးထားတဲ့အတွက် မိုက်တယ်လို့ပြောရမယ်.. နောက်တစ်လုံးက 8MP Ultra-Wide ဖြစ်ပြီး Wide ချက်ကလည်း 118 degrees FoV တဲ့.. နောက်တစ်လုံးကတော့ 2MP Macro Sensor ဖြစ်ပါတယ်.. Selfie အတွက် 16 MP
  • K60 မှာ Omnivision OV64B sensor ကိုသုံးထားတဲ့ 64MP Main Camera ကို OIS ထည့်ပေးထားသေးတယ်.. 8MP Ultra-wide နဲ့ 2MP Macro နဲ့ Selfie 16MP ကတော့ Pro နဲ့အတူတူပဲ..
  • K60E ရဲ့ 48MP Main Camera မှာ OIS ပါမယ်.. 8MP Ultra-wide နဲ့ 2MP Macro ကတော့ အပေါ်က ညီနောင် ၂ ပါးနဲ့အတူတူပဲ.. Selfie မှာ ညီနောင် ၂ ပါးထက် Resolution ပိုများတဲ့ 20 MP တပ်ပေးထားတယ်.. ကောင်မလေးတွေ Selfie ဆွဲရင် ပိုကောင်းအောင်နေမှာပေါ့..
 



Battery
  • K60 Pro မှာ 5000mAh ဖြစ်ပြီး အားအမြန်သွင်းဖို့ 120W Fast Charging စနစ်၊
  • K60 နဲ့ K60E မှာ 5500mAh ဖြစ်ပြီး အားအမြန်သွင်းဖို့ 67W Fast Charging စနစ်ထည့်ပေးထားပါတယ်..
  • K60 Pro နဲ့ K60 မှာ Wireless နဲ့ 30W Fast Charging အားသွင်းနိုင်ပြီး Redmi Series ရဲ့ Wireless Charging စနစ်ထဲမှာ ပထမဆုံးနဲ့ အမြန်ဆုံး ဖြစ်မယ်ထင်ပါတယ်..
ထူးခြားတယ်ပြောရမလား.. အအေးပေးစနစ်အတွက် Vapor Chamber Cooling စနစ်ဆိုတာကိုထည့်ပေးထားပြီး Heat ပြဿနာကိုဖြေရှင်းပေးထားတယ်လို့ပြောပေမယ့် တကယ့်လက်တွေ့မှာ ဘယ်လောက် ထိရောက်သလဲဆိုတာ လက်ထဲရောက်လာမှာပဲ သိရမှာပါ..

ဪ.. စျေးနှုန်းလား..

  •     Redmi K60 Pro 8GB + 128GB – 3299 yuan (US$ 473 / Rs. 39,260 approx.)
  •     Redmi K60 Pro 8GB + 256GB – 3599 yuan (US$ 516 / Rs. 42,830 approx.)
  •     Redmi K60 Pro 12GB + 256GB – 3899 yuan  (US$ 560 / Rs. 46,400 approx.)
  •     Redmi K60 Pro 12GB + 512GB – 4299 yuan (US$ 617 / Rs. 51,170 approx.)
  •     Redmi K60 Pro 16GB + 512GB Champion Edition – 4599 yuan (US$ 660 / Rs. 54,730 approx.)
  •     Redmi K60 8GB + 128GB – 2499 yuan (US$ 358 / Rs. 29,740 approx.)
  •     Redmi K60 8GB + 256GB – 2699 yuan (US$ 387 / Rs. 32,120 approx.)
  •     Redmi K60 12GB + 256GB – 2999 yuan (US$ 430 / Rs. 35,685 approx.)
  •     Redmi K60 12GB + 512GB – 3299 yuan (US$ 473 / Rs. 39,260 approx.)
  •     Redmi K60 16GB + 512GB – 3599 yuan (US$ 516 / Rs. 42,830 approx.)
  •     Redmi K60E 8GB + 128GB – 2199 yuan (US$ 315 / Rs. 26,170 approx.)
  •     Redmi K60E 8GB + 256GB – 2399 yuan (US$ 344 / Rs. 28,550 approx.)
  •     Redmi K60E 12GB + 256GB – 2599 yuan (US$ 373 / Rs. 30,935 approx.)
  •     Redmi K60E 12GB + 512GB – 2799 yuan (US$ 401 / Rs. 33,315 approx.)
တဲ့.. ဒါက တရုတ်နိုင်ငံမှာ.. မြန်မာပြည်ကိုရောက်ရင်တော့ ဘယ်လောက်ဖြစ်မလဲမသိသေး..


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !