-----
Advertise Here !
Xiaomi သည် Redmi Note 3 စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သည်။ အဆင့်မြှင့်တင်ထားသော အဆိုပါ စမတ်ဖုန်းသည် ယခင်အမျိုးအစားထက် အရွယ်ကြီးမားသလို ပိုမိုကောင်းမွန်ပြီး သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားကာ လက်ဗွေဖတ်စနစ်နှင့် အရွယ်ကြီးမားသည့် 4000mAh ဘက်ထရီတို့ ပါဝင်လာသည်။
Redmi Note 3 ကို အလူမီနီယံ သတ္တုစပ်ကိုယ်ထည်နှင့် ကွေးညွတ်သည့် အနားစွန်းများဖြင့် ဖန်တီးထားသည်။ အထူမှာ ၈.၆၅ မီလီမီတာဖြစ်ပြီး အလေးချိန်မှာ ၁၆၄ ဂရမ်ဖြစ်သည်။ ဘက်ထရီအရွယ်ကြီးမားသော်လည်း ယခင်အမျိုးအစားထက် ၄ ဂရမ်ကျော်သာ ပိုလေးသည်။
ကျောဘက်တွင် လက်ဗွေဖတ်စနစ်သစ်တစ်ခု ပါဝင်ပြီး ၎င်းသည် ၀.၃ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်ကြောင်း Xiaomi မှ ပြောကြားသည်။
အခြားအချက်အလက်များ အနေဖြင့် ၅.၅ လက်မ 1080p display, MediaTek Helio X10 processor, 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏတို့ဖြင့် ရရှိနိုင်သည်။ 32GB အမျိုးအစားကိုမူ 3GB RAM ဖြင့် ရရှိမည် ဖြစ်သည်။ ကျောဘက်ကင်မရာက 13-megapixel ဖြစ်ပြီး 4G dual SIM, Wi-Fi 802.11ac နှင့် MIUI 7 တို့ဖြင့် အသုံးပြုနိုင်သည်။
တန်ဖိုးမှာ 16GB အမျိုးအစားအတွက် ၈၉၉ ယွမ်ဖြစ်ပြီး 32GB အတွက် ၁,၀၉၉ ယွမ်ဖြစ်သည်။ ငွေရောင်၊ ရွှေရောင်၊ မီးခိုးရောင်တို့ဖြင့် ရရှိနိုင်သည်။
Ref: GSMArena
http://internetjournal.media/news/4883
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: