Advertise Here !

ဂ်ဴဗင္တပ္တုိက္စစ္မွဴး စီေရာ္နယ္ဒုိဟာ အက္လက္သလက္တီကုိ
အသင္းကုိ ၃ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရခဲ့တဲ့ပဲြအၿပီး မွာ ေပါင္ခြၾကားကုိ လက္နဲ႔၀ုိင္းျပ ၿပီး
အႀကီးအက်ယ္ေအာင္ပဲြခံခဲ့ပါတယ္။ စီေရာ္နယ္ဒုိအေနနဲ႔ အက္သ လက္တီကုိ
အသင္းနည္းျပ ဆီျမြန္နီ ပထမအေက်ာ့တုန္းက ေအာင္ပြဲခံတဲ့ပုံစံအတုိင္းပဲ
 ျပန္လည္ ေအာင္ပဲြခံ ခဲ့တာ ျဖစ္ပါတယ္။



မက္ဒရစ္ျမဳိ႕မွာကစားခဲ့တဲ့ ပထမအေက်ာ့တုန္းက အက္သလက္တီကုိအသင္းက ၂ဂုိး ဂုိး မရွိနဲ႔ အႏုိင္ရခဲ့ၿပီးေနာက္မွာ ဆီျမြန္နီက နည္းျပဧရိယာထဲကေန ပရိသတ္ေတြဘက္လွည့္ၿပီး ေပါင္ခြၾကားကုိ လက္နဲ႔ ၀ုိင္းျပ ၿပီးေအာင္ပဲြခံခဲ့တာျဖစ္ပါတယ္။



ဒုတိယအေက်ာ့မွာ ရီးယဲလ္အသင္းက ၃ဂုိးျပတ္နဲ႔အႏုိင္ရခဲ့လုိ႔ 
ႏွစ္ေက်ာ့ေပါင္းရလဒ္၃ဂုိး၂ဂုိးနဲ႔ ကြာတားဖုိင္နယ္ တက္ေရာက္ႏုိင္ခဲ့ပါတယ္။
 ပဲြအၿပီးမွာေတာ့ ဟတ္ထရစ္သုံးဂုိးသြင္းယူခဲ့တဲ့ စီေရာ္နယ္ဒုိက 
တီကုိ ပရိသတ္ေတြ ဘက္ လွည့္ကာ ေပါင္ဂြၾကားကုိ လက္နဲ႔ 
၀ုိင္းျပၿပီး ျပန္လည္ေအာင္ပဲြခံခဲ့တာနဲ႔ ပတ္သက္လုိ႔ ေ၀ဖန္လုိျခင္း 
မရွိဘူးလုိ႔ ဆီျမြန္နီက ပဲြအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။










Getty Images

၀မ္ဒါမက္ထ႐ုိပုိလီတန္ႏုိ ကြင္းမွာတုန္းက ကြ်န္ေတာ္ဘယ္လုိလုပ္ခဲ့သလဲဆုိတာက ကုိ သူကျမင္ခဲ့ပါလိမ့္မယ္။ ဒီပဲြမွာလည္း သူက ကြ်န္ေတာ့္လုိပဲ သူ႔ရဲ့ အက်င့္လကၡဏာကုိျပဖုိ႔ ႀကဴိးစားခဲ့တာျဖစ္ပါတယ္။ခရစၥတီယာႏုိေရာ္ နယ္ဒုိက ကမၻာ့အေကာင္းဆုံးကစားသမားပါ။သူဟာ ပဲြႀကီးပဲြေကာင္းေတြမွာ ဒီညကလုိ စြမ္းေဆာင္မူေတြနဲ႔ အသင္းကုိ တြန္တင္ေပးႏုိင္သူျဖစ္ပါတယ္” လုိ႔ အက္သလက္တီကုိနည္းျပ ဆီျမြန္နီက ေ၀ဖန္ျခင္းမျပဳခဲ့တဲ့ အျပင္ ခ်ီးက်ဴးစကားေတြပါ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။




Getty Images

ဆီျမြန္နီဟာ ပထမအေက်ာ့တုန္းက အမ်ားအျမင္မွာ မသင့္ေတာ္တဲ့ အျပဳအမူကုိ လုပ္ျပခဲ့လုိ႔ ေပါင္တစ္ ေသာင္း ခုႏွစ္ေထာင္ ဒဏ္႐ုိက္ခံခဲ့ရပါတယ္။ စီေရာ္နယ္ဒုိဟာလည္း ေပါင္ဂြၾကားကုိ လက္နဲ႔ညြန္ျပၿပီးေအာင္ပြဲခံခ့ဲတဲ့ အေပၚမွာလည္း ယူအီးအက္ဖ္ေအက အေရးယူမူေတြျပဳလုပ္သြားဖုိ႔ရွိေနပါတယ္။
Jack ( Sports Reader )
Source: Daily Mail

#Unicode Version
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အက်လက်သလက်တီကို အသင်းကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး မှာ ပေါင်ခွကြားကို လက်နဲ့ဝိုင်းပြ ပြီး အကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အက်သ လက်တီကို အသင်းနည်းပြ ဆီမြွန်နီ ပထမအကျော့တုန်းက အောင်ပွဲခံတဲ့ပုံစံအတိုင်းပဲ ပြန်လည် အောင်ပွဲခံ ခဲ့တာ ဖြစ်ပါတယ်။




Getty Images

မက်ဒရစ်မြို့မှာကစားခဲ့တဲ့ ပထမအကျော့တုန်းက အက်သလက်တီကိုအသင်းက ၂ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ ဆီမြွန်နီက နည်းပြဧရိယာထဲကနေ ပရိသတ်တွေဘက်လှည့်ပြီး ပေါင်ခွကြားကို လက်နဲ့ ဝိုင်းပြ ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။




Getty Images

ဒုတိယအကျော့မှာ ရီးယဲလ်အသင်းက ၃ဂိုးပြတ်နဲ့အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ်၃ဂိုး၂ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဟတ်ထရစ်သုံးဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်ဒိုက တီကို ပရိသတ်တွေ ဘက် လှည့်ကာ ပေါင်ဂွကြားကို လက်နဲ့ ဝိုင်းပြပြီး ပြန်လည်အောင်ပွဲခံခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်လိုခြင်း မရှိဘူးလို့ ဆီမြွန်နီက ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။




Getty Images

ဝမ်ဒါမက်ထရိုပိုလီတန်နို ကွင်းမှာတုန်းက ကျွန်တော်ဘယ်လိုလုပ်ခဲ့သလဲဆိုတာက ကို သူကမြင်ခဲ့ပါလိမ့်မယ်။ ဒီပွဲမှာလည်း သူက ကျွန်တော့်လိုပဲ သူ့ရဲ့ အကျင့်လက္ခဏာကိုပြဖို့ ကြိူးစားခဲ့တာဖြစ်ပါတယ်။ခရစ္စတီယာနိုရော် နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။သူဟာ ပွဲကြီးပွဲကောင်းတွေမှာ ဒီညကလို စွမ်းဆောင်မူတွေနဲ့ အသင်းကို တွန်တင်ပေးနိုင်သူဖြစ်ပါတယ်” လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဝေဖန်ခြင်းမပြုခဲ့တဲ့ အပြင် ချီးကျူးစကားတွေပါ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။




Getty Images

ဆီမြွန်နီဟာ ပထမအကျော့တုန်းက အများအမြင်မှာ မသင့်တော်တဲ့ အပြုအမူကို လုပ်ပြခဲ့လို့ ပေါင်တစ် သောင်း ခုနှစ်ထောင် ဒဏ်ရိုက်ခံခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာလည်း ပေါင်ဂွကြားကို လက်နဲ့ညွန်ပြပြီးအောင်ပွဲခံခဲ့တဲ့ အပေါ်မှာလည်း ယူအီးအက်ဖ်အေက အရေးယူမူတွေပြုလုပ်သွားဖို့ရှိနေပါတယ်။
Jack ( Sports Reader )
Source: Daily Mail

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment:

0 comments:

အပမ္းမႀကီးရင္ ေၾကာ္ျငာေလးေတြ ႏွိပ္ခဲ့ေစခ်င္ပါတယ္..