Advertise Here !

Zawgyi ျဖင့္ဖတ္ရန္
ကမာၻႀကီးရဲ႕ တစ္ဖက္စီမွာ ေနထိုင္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ စကားလုံးေတြနဲ႔ စီးခ်င္းထိုးေနတဲ့ ဧရာမ အေလးမသမားေတြဟာ MMA ပြဲမွာ စိန္ေခၚထိုးသတ္မယ္လို႔ သေဘာတူလိုက္ၾကၿပီျဖစ္ၿပီး ပြဲကိုေတာ့ Battle of the Giants လို႔ ေပးထားေၾကာင္းသိရပါတယ္။
ဘရာဇီးႏိုင္ငံသား Romario dos Santos Alves (၂၉) ႏွစ္က အိုင္ယာလန္ႏိုင္ငံသား Sajad Gharibi ရဲ႕ စိန္ေခၚမႈကို လက္ခံခဲ့ၿပီး ျဖစ္ေၾကာင္း စကာလုံးေတြနဲ႔ ႀကဳံးဝါးၿပီး ဆိုရွယ္ မီဒီယာေပၚမွာ တင္ခဲ့ပါတယ္။
အိုင္ယာလန္ႏိုင္ငံသား လူထြားႀကီးကလည္း သူရဲ႕ ဧရာမ ခႏၶာအ႐ြယ္အစားႀကီးေၾကာင္း အင္တာနက္ေပၚမွာ စိတ္ဝင္စားမႈ တစ္ခ်ိဳ႕ရရွိၿပီးတဲ့ေနာက္မွာ အခုလို သူနဲ႔ MMA မွာ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ သူေပၚလာမွာကို ေစာင့္ေနခဲ့သူပါ။
သူ႔ကို စိန္ေခၚတဲ့ သူကို သူ (၁၂၀) ကီလိုေရာက္တဲ့ခ်ိန္မွာ ဆက္သြယ္လိုက္မယ္ ဆိုၿပီး ဘရာဇီး ဖိုက္တာကလည္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အရပ္ ၆ ေပ ၂ လက္မ ျမင့္တဲ့ အိုင္ယာလန္ႏိုင္ငံသား Gharibi မွာ ေလာေလာဆယ္ ဝိတ္ (၁၇၅) ကီလိုရွိၿပီး အရပ္ ၅ေပ ၈ လက္မ ရွိတဲ့ ဘရာဇီး ဖိုက္တာက (၁၀၄) ကီလို သာရွိပါတယ္။ အခုလို သေဘာ မတူညီခင္ကတည္း Gharibi က အႀကိမ္ႀကိမ္ စိန္ေခၚထားတာေတြရွိေၾကာင္းလည္း သိရတယ္။
မၾကာေသးခင္ကလည္း ဆိုရွယ္မီဒီယာေပၚမွာ Gharibi က “ စပြန္ဆာေတြေနာက္မွာ ပုန္းလွ်ိဳးေနမယ့္အစာ သတၱိရွိရွိနဲ႔ ဖိတ္ေခၚလိုက္ပါ။ ဒီမွာ ယွဥ္ဖိုက္ဖို႔ အသင့္ပဲ… ႀကိဳးဝိုင္းထဲမွာပဲ ေတြ႕ၾကတာေပါ့” လို႔ ဘရာဇီးဖိုက္တာကို ေျပာခဲ့ပါတယ္။
ျပည္တြင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ Romario ဟာ ပိန္လွီတဲ့ လုံၿခဳံေရးတစ္ေယာက္ျဖစ္ခဲ့ဖူးၿပီး ဆယ္စုႏွစ္တစ္စုေလာက္ ကာယေလ့က်င့္ခန္းေတြ လုပ္ၿပီးတဲ့ အခါ ေၾကာက္စရာႀကီးျဖစ္သြားခဲ့တယ္လို႔ ေဖာ္ျပထားတာေတြ႕ရတယ္။
ဒီ့အျပင္ ႂကြက္သားထြားတဲ့ ေဆးေတြလည္း ထိုးထားၿပီး (၂၀၁၃) ခုႏွစ္တုန္းက ခဏခဏထိုးတာေတြေၾကာင္း လက္ေတာင္ ဆုံးရႈံးရမလို ျဖစ္ခဲ့ဖူးတယ္။ ဒီလို ႂကြက္သားထြားတဲ့ ေဆးေတြထိုးတဲ့ ေနရာမွာ မ်ားစြာေသာ ေဘးထြက္ဆိုးက်ိဳးေတြရွိတယ္။ ေသြးေၾကာေတြ ထိခိုက္တာ၊ အာ႐ုံေၾကာေတြ ပ်က္စီးတာ၊ ပိုးဝင္တာ၊ ႂကြက္သားတစ္ရႈးေတြထဲ အဆီေတြစုၿပီး ျပည္တည္နာျဖစ္တာ စတာေတြ ႀကဳံရႏိုင္တယ္။
ါေတြေၾကာင့္နဲ႔ က်န္းမာေရးေတြ ခ်ိဳ႕ယြင္းလာတဲ့ေနာက္ ငါးႏွစ္အတြင္ Romario က ေနထိုင္မႈ ပုံစံကို လုံး၀ ေျပာင္းလဲပစ္လိုက္တယ္လို႔ သိရတယ္။ ပိုၿပီး က်န္းမာေစၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ေလ့က်င့္ခန္းေတြကို စတင္လိုက္စားခဲ့တယ္လို႔ သိရပါတယ္။
ကိုယ္လုံးသိုင္းအားကစားသမား ဘဝကို ေလွ်ာက္လွမ္းဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သိရတယ္။ ဒါေပမယ့္ သူနဲ႔ ယွဥ္မယ့္ ၿပိဳင္ဘက္ကို လုံးဝမေတြ႕ရေသးပါဘူး။ သူက ဆိုရွယ္မီဒီယာေတြေပၚကေနတစ္ဆင့္ စိန္ေခၚမႈမ်ားစြာကို ျပဳလုပ္ခဲ့ၿပီး အဲ့ဒီ့အထဲမွာ ကမာၻေပၚက ေၾကာက္စရာအေကာင္းဆုံး လူသားလို႔ သိၾကတဲ့ ၿဗိတိန္ ကာယဗလေမာင္ Martyn Ford ဆိုသူေတာင္ ပါေၾကာင္းသိရတယ္။
share from : burmese.asia
Unicode ဖြင့်ဖတ်ရန်
MMA မှာဖိုက်ဖို့ အိုင်ယာလန် လူထွားကြီးရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ ဘရာဇီးဖိုက်တာ
ကမ္ဘာကြီးရဲ့ တစ်ဖက်စီမှာ နေထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားလုံးတွေနဲ့ စီးချင်းထိုးနေတဲ့ ဧရာမ အလေးမသမားတွေဟာ MMA ပွဲမှာ စိန်ခေါ်ထိုးသတ်မယ်လို့ သဘောတူလိုက်ကြပြီဖြစ်ပြီး ပွဲကိုတော့ Battle of the Giants လို့ ပေးထားကြောင်းသိရပါတယ်။
ဘရာဇီးနိုင်ငံသား Romario dos Santos Alves (၂၉) နှစ်က အိုင်ယာလန်နိုင်ငံသား Sajad Gharibi ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ဖြစ်ကြောင်း စကာလုံးတွေနဲ့ ကြုံးဝါးပြီး ဆိုရှယ် မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။
အိုင်ယာလန်နိုင်ငံသား လူထွားကြီးကလည်း သူရဲ့ ဧရာမ ခန္ဓာအရွယ်အစားကြီးကြောင်း အင်တာနက်ပေါ်မှာ စိတ်ဝင်စားမှု တစ်ချို့ရရှိပြီးတဲ့နောက်မှာ အခုလို သူနဲ့ MMA မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် သူပေါ်လာမှာကို စောင့်နေခဲ့သူပါ။
သူ့ကို စိန်ခေါ်တဲ့ သူကို သူ (၁၂၀) ကီလိုရောက်တဲ့ချိန်မှာ ဆက်သွယ်လိုက်မယ် ဆိုပြီး ဘရာဇီး ဖိုက်တာကလည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အရပ် ၆ ပေ ၂ လက်မ မြင့်တဲ့ အိုင်ယာလန်နိုင်ငံသား Gharibi မှာ လောလောဆယ် ဝိတ် (၁၇၅) ကီလိုရှိပြီး အရပ် ၅ပေ ၈ လက်မ ရှိတဲ့ ဘရာဇီး ဖိုက်တာက (၁၀၄) ကီလို သာရှိပါတယ်။ အခုလို သဘော မတူညီခင်ကတည်း Gharibi က အကြိမ်ကြိမ် စိန်ခေါ်ထားတာတွေရှိကြောင်းလည်း သိရတယ်။
မကြာသေးခင်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ Gharibi က “ စပွန်ဆာတွေနောက်မှာ ပုန်းလျှိုးနေမယ့်အစာ သတ္တိရှိရှိနဲ့ ဖိတ်ခေါ်လိုက်ပါ။ ဒီမှာ ယှဉ်ဖိုက်ဖို့ အသင့်ပဲ… ကြိုးဝိုင်းထဲမှာပဲ တွေ့ကြတာပေါ့” လို့ ဘရာဇီးဖိုက်တာကို ပြောခဲ့ပါတယ်။
ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ Romario ဟာ ပိန်လှီတဲ့ လုံခြုံရေးတစ်ယောက်ဖြစ်ခဲ့ဖူးပြီး ဆယ်စုနှစ်တစ်စုလောက် ကာယလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့ အခါ ကြောက်စရာကြီးဖြစ်သွားခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရတယ်။
ဒီ့အပြင် ကြွက်သားထွားတဲ့ ဆေးတွေလည်း ထိုးထားပြီး (၂၀၁၃) ခုနှစ်တုန်းက ခဏခဏထိုးတာတွေကြောင်း လက်တောင် ဆုံးရှုံးရမလို ဖြစ်ခဲ့ဖူးတယ်။ ဒီလို ကြွက်သားထွားတဲ့ ဆေးတွေထိုးတဲ့ နေရာမှာ များစွာသော ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ သွေးကြောတွေ ထိခိုက်တာ၊ အာရုံကြောတွေ ပျက်စီးတာ၊ ပိုးဝင်တာ၊ ကြွက်သားတစ်ရှုးတွေထဲ အဆီတွေစုပြီး ပြည်တည်နာဖြစ်တာ စတာတွေ ကြုံရနိုင်တယ်။
ါတွေကြောင့်နဲ့ ကျန်းမာရေးတွေ ချို့ယွင်းလာတဲ့နောက် ငါးနှစ်အတွင် Romario က နေထိုင်မှု ပုံစံကို လုံး၀ ပြောင်းလဲပစ်လိုက်တယ်လို့ သိရတယ်။ ပိုပြီး ကျန်းမာစေပြီး လုံခြုံစိတ်ချရတဲ့ လေ့ကျင့်ခန်းတွေကို စတင်လိုက်စားခဲ့တယ်လို့ သိရပါတယ်။
ကိုယ်လုံးသိုင်းအားကစားသမား ဘဝကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရတယ်။ ဒါပေမယ့် သူနဲ့ ယှဉ်မယ့် ပြိုင်ဘက်ကို လုံးဝမတွေ့ရသေးပါဘူး။ သူက ဆိုရှယ်မီဒီယာတွေပေါ်ကနေတစ်ဆင့် စိန်ခေါ်မှုများစွာကို ပြုလုပ်ခဲ့ပြီး အဲ့ဒီ့အထဲမှာ ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး လူသားလို့ သိကြတဲ့ ဗြိတိန် ကာယဗလမောင် Martyn Ford ဆိုသူတောင် ပါကြောင်းသိရတယ်။
share from : burmese.asia

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment:

0 comments:

အပမ္းမႀကီးရင္ ေၾကာ္ျငာေလးေတြ ႏွိပ္ခဲ့ေစခ်င္ပါတယ္..