Advertise Here !




Getty Images
မန္ယူအသင္းဟာ ယာယီနည္းျပအျဖစ္သာတာ၀န္ယူထားတဲ့ ဆုိးလ္ရွားကို 
အၿမဲတမ္းနည္းျပအျဖစ္ခန္႔အပ္ေၾကာင္း လာမယ့္တစ္ပတ္ 
ႏုိင္ငံတကာပြဲစဥ္ေတြကာလအတြင္းမွာ အတည္ျပဳေၾကညာလိမ့္မယ္လုိ႔
 ၿဗိတိန္မီဒီယာေတြက အခိုင္အမာေဖာ္ျပခဲ့ၾကပါတယ္။






ျပီးပီးခဲ့တဲ့ရက္ပိုင္းက ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ကိုရႈံးနိမ့္ခဲ့တာေၾကာင့္ 
ဆုိးလ္ရွားဟာ မန္ယူနည္းျပဘ၀အတြင္း ပထမဆံုးျပည္တြင္းရႈံးပြဲနဲ႔ႀကံဳေတြ႕လုိက္ရပါတယ္။ ဒါေပမဲ့ ရာသီအေစာပိုင္းက အေျခအေနဆုိးေနတဲ့ မန္ယူကို အေကာင္းဆံုးျပန္လည္တည့္မတ္ေပးႏုိင္ခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့့္ေမွ်ာ္လင့္ခ်က္ရွင္သန္လာေအာင္လည္း ဆိုးလ္ရွားက စြမ္းေဆာင္ေပးႏုိင္ခဲ့တာပါ။ ခ်န္ပီယံလိဂ္မွာလည္း ပီအက္စ္ဂ်ီကို လူမစံုတဲ့ၾကားက အံ့အားသင့္ဖြယ္ေက်ာ္ျဖတ္ကာ ကြာတားဖုိင္နယ္ကို ပို႔ေဆာင္ေပးႏုိင္ခဲ့ပါတယ္။ မန္ယူေနာက္ခံလူေဟာင္းျဖစ္တဲ့ ဂယ္ရီနဗီးလ္ကလည္း လာမယ့္ႏုိင္ငံတကာပြဲစဥ္ကာလအတြင္းမွာ ဆုိးလ္ရွားကို အၿမဲတမ္းနည္းျပအျဖစ္ မခန္႔အပ္ေသးဘူးဆုိရင္ အံ့အာ
သင့္စရာျဖစ္သြားလိမ့္မယ္လုိ႔ ေျပာၾကားထားပါတယ္။

Getty Images

အခုလာမယ့္ မတ္ 15 နဲ႔ 16 ရက္ေတြမွာ အက္ဖ္ေအဖလားကြာတားပြဲေတြန႔ဲ ပရီးမီးယားလိဂ္ပြဲစဥ္ေတြရွိေနၿပီး အဲဒီေနာက္မွာေတာ့ ႏုိင္ငံတကာပြဲစဥ္ေတြ၀င္ေရာက္လာမွာပါ။ ဆုိးလ္ရွားကို အၿမဲတမ္းနည္းျပခန္႔အပ္ဖုိ႔အတြက္ အေစာပိုင္းကတည္းက သတင္းထြက္ေနတာျဖစ္ေပမယ့္ အတည္ျပဳႏုိင္ျခင္းေတာ့မရွိေသးပါဘူး။ ဆုိးလ္ရွားကုိယ္တုိင္ကလည္း မန္ယူမွာဆက္ေနလုိတယ္လုိ႔ ေျပာၾကားထားၿပီး မုိလ္ဒီနဲ႔စာခ်ဳပ္ကလည္း အဆံုးသတ္သြားၿပီလုိ႔ ဆုိပါတယ္။

Getty Images

သတင္းေတြအရေတာ့ မန္ယူဟာ ဆုိးလ္ရွားကုိ နည္းျပအျဖစ္ခန္႔အပ္ၿပီးတာနဲ႔ မုိလ္ဒီအသင္းကိုလည္း နစ္နာေၾကးေပါင္ 6 သန္းေပးအပ္မယ္လုိ႔ သိရပါတယ္။ ဆုိးလ္ရွားနဲ႔ မုိလ္ဒီတုိ႔ရဲ႕စာခ်ဳပ္က အဆံုးသတ္ၿပီးသားျဖစ္လုိ႔ မန္ယူဘက္က တစ္ျပားမွမေပးဘဲေခၚယူႏုိင္ခြင့္ရွိေပမယ့္ ကလပ္ႏွစ္ခုအၾကား ခ်စ္ၾကည္ရင္းႏွီးေစလုိၿပီး အားလံုးေက်နပ္မႈရရွိဖုိ႔အတြက္ ေပါင္ 6 သန္းေပးအပ္တာလုိ႔လည္း ဆုိပါတယ္။
Via: Daily Number One

#Unicode Version
မန်ယူအသင်းဟာ ယာယီနည်းပြအဖြစ်သာတာဝန်ယူထားတဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ကြောင်း လာမယ့်တစ်ပတ် နိုင်ငံတကာပွဲစဉ်တွေကာလအတွင်းမှာ အတည်ပြုကြေညာလိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေက အခိုင်အမာဖော်ပြခဲ့ကြပါတယ်။

Getty Images

ပြီးခဲ့တဲ့ရက်ပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားဟာ မန်ယူနည်းပြဘဝအတွင်း ပထမဆုံးပြည်တွင်းရှုံးပွဲနဲ့ကြုံတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ရာသီအစောပိုင်းက အခြေအနေဆိုးနေတဲ့ မန်ယူကို အကောင်းဆုံးပြန်လည်တည့်မတ်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှင်သန်လာအောင်လည်း ဆိုးလ်ရှားက စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီကို လူမစုံတဲ့ကြားက အံ့အားသင့်ဖွယ်ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မန်ယူနောက်ခံလူဟောင်းဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း လာမယ့်နိုင်ငံတကာပွဲစဉ်ကာလအတွင်းမှာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သေးဘူးဆိုရင် အံ့အားသင့်စရာဖြစ်သွားလိမ့်မယ်လို့ ပြောကြားထားပါတယ်။

Getty Images

အခုလာမယ့် မတ် 15 နဲ့ 16 ရက်တွေမှာ အက်ဖ်အေဖလားကွာတားပွဲတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရှိနေပြီး အဲဒီနောက်မှာတော့ နိုင်ငံတကာပွဲစဉ်တွေဝင်ရောက်လာမှာပါ။ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်အပ်ဖို့အတွက် အစောပိုင်းကတည်းက သတင်းထွက်နေတာဖြစ်ပေမယ့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း မန်ယူမှာဆက်နေလိုတယ်လို့ ပြောကြားထားပြီး မိုလ်ဒီနဲ့စာချုပ်ကလည်း အဆုံးသတ်သွားပြီလို့ ဆိုပါတယ်။

Getty Images

သတင်းတွေအရတော့ မန်ယူဟာ ဆိုးလ်ရှားကို နည်းပြအဖြစ်ခန့်အပ်ပြီးတာနဲ့ မိုလ်ဒီအသင်းကိုလည်း နစ်နာကြေးပေါင် 6 သန်းပေးအပ်မယ်လို့ သိရပါတယ်။ ဆိုးလ်ရှားနဲ့ မိုလ်ဒီတို့ရဲ့စာချုပ်က အဆုံးသတ်ပြီးသားဖြစ်လို့ မန်ယူဘက်က တစ်ပြားမှမပေးဘဲခေါ်ယူနိုင်ခွင့်ရှိပေမယ့် ကလပ်နှစ်ခုအကြား ချစ်ကြည်ရင်းနှီးစေလိုပြီး အားလုံးကျေနပ်မှုရရှိဖို့အတွက် ပေါင် 6 သန်းပေးအပ်တာလို့လည်း ဆိုပါတယ်။
Via: Daily Number One


အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >



Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment:

0 comments:

အပမ္းမႀကီးရင္ ေၾကာ္ျငာေလးေတြ ႏွိပ္ခဲ့ေစခ်င္ပါတယ္..