ဓာတ္ပံုကို ဓာတ္ပံုေကာင္းေကာင္းထြက္ေအာင္ ဖုန္းနဲ႔ ဘယ္လိုဓာတ္ပံုရိုက္မလဲဆိုေတာ့ စိတ္ရႈပ္သြားလားမသိဘူး.. Print ထုတ္ၿပီးသား ဓာတ္ပံုတစ္ပံု သို႔မဟုတ္ စာရြက္တစ္ရြက္ကို ဓာတ္ပံု သို႔မဟုတ္ စာရြက္ရဲ႕ ပံုစံလံုးဝမပ်က္ဘဲ Image ဖိုင္လိုခ်င္ရင္ Scanner နဲ႔ဖတ္ရတယ္.. Scanner မရွိဘဲ ဓါတ္ပံုကို ဓာတ္ပံုရိုက္လိုက္ရင္ ေစာင္းတာေတြ၊ အလင္းအေမွာင္မမွန္တာေတြျဖစ္တယ္ေလ.. ဒါေပမယ့္ စိတ္မပူပါနဲ႔ Google က ထုတ္ထားတဲ့ Photoscan ဆိုတဲ့ apk ေလးရွိရံုနဲ႔ ဓာတ္ပံုကို ဖုန္းနဲ႔ Scan ဖတ္ႏိုင္ပါၿပီ.. ကိုယ္ Scan ဖတ္ခ်င္တဲ့ ဓာတ္ပံု သို႔မဟုတ္ စာရြက္ကို ခ်ိန္ၿပီး တစ္ခ်က္ ရိုက္လိုက္.. အဝိုင္းေလး ၄ ခုေပၚလာမယ္.. အလယ္က အဝိုင္းႀကီးကို အဲဒီ အဝိုင္းေလးေတြနဲ႔ တစ္ခုခ်င္း လိုက္ထပ္ေပးလိုက္ပါ.. ပထမ အဝိုင္းေလးကို လိုက္ထပ္ေပးလိုက္ရင္ အစဥ္လိုက္ လိုက္ထပ္ရမယ့္ အဝိုင္းေလးေတြကို ျမားျပေပးထားလိမ့္မယ္.. အဲဒီအတိုင္း လိုက္ထပ္ေပးလိုက္.. ရိုးရိုးဓာတ္ပံုရိုက္သလိုမဟုတ္ေတာ့ဘဲ Scan ဖတ္ထားသလို ပံုေတြကို Scan ဖတ္ၿပီးသားရလိမ့္မယ္...


<Unicode>
ဓာတ်ပုံကို ဓာတ်ပုံကောင်းကောင်းထွက်အောင် ဖုန်းနဲ့ ဘယ်လိုဓာတ်ပုံရိုက်မလဲဆိုတော့ စိတ်ရှုပ်သွားလားမသိဘူး.. Print ထုတ်ပြီးသား ဓာတ်ပုံတစ်ပုံ သို့မဟုတ် စာရွက်တစ်ရွက်ကို ဓာတ်ပုံ သို့မဟုတ် စာရွက်ရဲ့ ပုံစံလုံးဝမပျက်ဘဲ Image ဖိုင်လိုချင်ရင် Scanner နဲ့ဖတ်ရတယ်.. Scanner မရှိဘဲ ဓါတ်ပုံကို ဓာတ်ပုံရိုက်လိုက်ရင် စောင်းတာတွေ၊ အလင်းအမှောင်မမှန်တာတွေဖြစ်တယ်လေ.. ဒါပေမယ့် စိတ်မပူပါနဲ့ Google က ထုတ်ထားတဲ့ Photoscan ဆိုတဲ့ apk လေးရှိရုံနဲ့ ဓာတ်ပုံကို ဖုန်းနဲ့ Scan ဖတ်နိုင်ပါပြီ.. ကိုယ် Scan ဖတ်ချင်တဲ့ ဓာတ်ပုံ သို့မဟုတ် စာရွက်ကို ချိန်ပြီး တစ်ချက် ရိုက်လိုက်.. အဝိုင်းလေး ၄ ခုပေါ်လာမယ်.. အလယ်က အဝိုင်းကြီးကို အဲဒီ အဝိုင်းလေးတွေနဲ့ တစ်ခုချင်း လိုက်ထပ်ပေးလိုက်ပါ.. ပထမ အဝိုင်းလေးကို လိုက်ထပ်ပေးလိုက်ရင် အစဉ်လိုက် လိုက်ထပ်ရမယ့် အဝိုင်းလေးတွေကို မြားပြပေးထားလိမ့်မယ်.. အဲဒီအတိုင်း လိုက်ထပ်ပေးလိုက်.. ရိုးရိုးဓာတ်ပုံရိုက်သလိုမဟုတ်တော့ဘဲ Scan ဖတ်ထားသလို ပုံတွေကို Scan ဖတ်ပြီးသားရလိမ့်မယ်...

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Download Photoscan v1.5.1.182070924.apk : 30.52 MB

 



Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment: