Advertise Here !


Sony ဟာ ႏွစ္စဥ္ CES ကို TV အမ်ဳိးအစားအသစ္ေတြနဲ႔ ပြဲထြက္မိတ္ဆက္ေလ့ရွိေပမယ့္ ဒီႏွစ္ CES 2018 မွာေတာ့ထူးထူးျခားျခား နည္းပညာေတြထုတ္ေဖၚျပသျခင္းမရွိပါဘူး..
၂၀၁၇ တုန္းက A1 TV ကို အဆင့္ျမင့္ OLED နဲ႔တြဲဖက္ၿပီး ထုတ္လုပ္ခဲ့တယ္.. ဒီႏွစ္ေတာ့ Bravia A8 Series TV ကို 4K OLED နည္ပညာနဲ႔ ပြဲထုတ္လာခဲ့ပါတယ္..
ဂ်ပန္နည္းပညာ ဂုရုႀကီးဟာ ဒီ OLED နည္းပညာကို TV ေတြမွာသာမက Smartphone ေတြမွာပါ ထုတ္လုပ္ေတာ့မယ္လို႔ သတင္းထြက္ေပၚလာၿပီးေနာက္ နည္းပညာေလာကမွာ Smartphone ေတြၾကား OLED ေတြအသံုးျပဳမႈတြင္က်ယ္လာေတာ့မလား ဆိုၿပီး လႈပ္လႈပ္ရွားရွားျဖစ္ကုန္ပါတယ္..
ကုန္ခဲ့တဲ့ႏွစ္က Sony ဟာ Xperia XZ Premium ကို ကမၻာ့ပထမဆံုး 4K HDR သံုးၿပီးထုတ္လုပ္မယ္လို႔ ေက်ညာခဲ့ေပမယ့္ တကယ္ထြက္လာတဲ့အခါက်ေတာ့ LCD နည္းပညာကိုပဲ အသံုးျပဳခဲ့ပါတယ္.. နည္းပညာသေဘာအရ LCD နဲ႔ OLED ေတြရဲ႕ စြမ္းေဆာင္ရည္ေတြဟာ သိသိသာသာကြာျခားပါတယ္..  Sony ရဲ႕ ပရိတ္သတ္ေတြအေနနဲ႔ 4K OLED နည္းပညာအသံုးျပဳထားတဲ့ Smatphone ေတြထြက္ေပၚလာေလမလားဆိုၿပီး ေမွ်ာ္လင့္ေနစဥ္မွာပဲ Sony Display Engineer ေတြရဲ႕ လုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ သတင္းအခ်ဳိ႕မွာ 4K OLED နည္းပညာအေၾကာင္း ေဖၚျပခဲ့ၾကပါတယ္..
Display Engineer ေတြရဲ႕ အလုပ္ေခၚစာမွာ စမတ္ဖုန္းထုတ္လုပ္ေရးအတြက္ OLED လုပ္ငန္းမွာလုပ္ကိုင္ဖို႔ အလုပ္ေခၚစာကိုေတြ႔ရွိရၿပီးေနာက္ 4K OLED ကို Sony Smartphone ေတြမွာ အသံုးျပဳေတာ့မယ္ဆိုတာ ေသခ်ာသေလာက္ျဖစ္ေနပါတယ္..

 သို႔ေသာ္လည္း ၂၀၁၇ ႏိုဝင္ဘာလမွာ ေခၚခဲ့တဲ့ အလုပ္ေခၚစာဟာ ၂၀၁၈ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ျပန္ျပင္ေရးသားခဲ့တာကိုၾကည့္ရင္ 4K OLED နဲ႔ပတ္သက္ၿပီး Sony မွာ အခက္အခဲအခ်ဳိ႕ ျဖစ္ေနပံုရပါတယ္..
အျခားဘက္မွာ နည္းပညာဆရာႀကီးေတြျဖစ္တဲ့ LG, Moto, Google ေတြကလည္း 4K Screen Smartphone အတြက္ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္..
ဒီေတာ့ Sony ဟာ အျခား ျပိဳင္ဘက္ေတြကို အလဲထိုးၿပီး 4K OLED နည္းပညာကို အသံုးျပဳထားတဲ့ Smartphone ေတြနဲ႔ ေစ်းကြက္ေဝစုကို ပိုမိုရရွိဖို႔ ျမန္ျမန္ဆန္ဆန္ ႀကိဳးစားေနႏိုင္ပါတယ္..
ဒီေတာ့ Sony ရဲ႕ အသစ္ထြက္လာမယ့္ Smartphone Model အသစ္ေတြမွာ 4K OLED ကို အသံုးျပဳလာႏိုင္မလား၊ ဘယ္သူေတြကပဲ ကမၻာ့ပထမဆံုး 4K OLED နည္းပညာသံုး Smartphone ကို ထုတ္လုပ္လာႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရအံုးမွာေပါ့..
<Unicode>
Sony ဟာ နှစ်စဉ် CES ကို TV အမျိုးအစားအသစ်တွေနဲ့ ပွဲထွက်မိတ်ဆက်လေ့ရှိပေမယ့် ဒီနှစ် CES 2018 မှာတော့ထူးထူးခြားခြား နည်းပညာတွေထုတ်ဖေါ်ပြသခြင်းမရှိပါဘူး..
၂၀၁၇ တုန်းက A1 TV ကို အဆင့်မြင့် OLED နဲ့တွဲဖက်ပြီး ထုတ်လုပ်ခဲ့တယ်.. ဒီနှစ်တော့ Bravia A8 Series TV ကို 4K OLED နည်ပညာနဲ့ ပွဲထုတ်လာခဲ့ပါတယ်..
ဂျပန်နည်းပညာ ဂုရုကြီးဟာ ဒီ OLED နည်းပညာကို TV တွေမှာသာမက Smartphone တွေမှာပါ ထုတ်လုပ်တော့မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် နည်းပညာလောကမှာ Smartphone တွေကြား OLED တွေအသုံးပြုမှုတွင်ကျယ်လာတော့မလား ဆိုပြီး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်..
ကုန်ခဲ့တဲ့နှစ်က Sony ဟာ Xperia XZ Premium ကို ကမ္ဘာ့ပထမဆုံး 4K HDR သုံးပြီးထုတ်လုပ်မယ်လို့ ကျေညာခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါကျတော့ LCD နည်းပညာကိုပဲ အသုံးပြုခဲ့ပါတယ်.. နည်းပညာသဘောအရ LCD နဲ့ OLED တွေရဲ့ စွမ်းဆောင်ရည်တွေဟာ သိသိသာသာကွာခြားပါတယ်..  Sony ရဲ့ ပရိတ်သတ်တွေအနေနဲ့ 4K OLED နည်းပညာအသုံးပြုထားတဲ့ Smatphone တွေထွက်ပေါ်လာလေမလားဆိုပြီး မျှော်လင့်နေစဉ်မှာပဲ Sony Display Engineer တွေရဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတင်းအချို့မှာ 4K OLED နည်းပညာအကြောင်း ဖေါ်ပြခဲ့ကြပါတယ်..
Display Engineer တွေရဲ့ အလုပ်ခေါ်စာမှာ စမတ်ဖုန်းထုတ်လုပ်ရေးအတွက် OLED လုပ်ငန်းမှာလုပ်ကိုင်ဖို့ အလုပ်ခေါ်စာကိုတွေ့ရှိရပြီးနောက် 4K OLED ကို Sony Smartphone တွေမှာ အသုံးပြုတော့မယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်..
 သို့သော်လည်း ၂၀၁၇ နိုဝင်ဘာလမှာ ခေါ်ခဲ့တဲ့ အလုပ်ခေါ်စာဟာ ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်ပြင်ရေးသားခဲ့တာကိုကြည့်ရင် 4K OLED နဲ့ပတ်သက်ပြီး Sony မှာ အခက်အခဲအချို့ ဖြစ်နေပုံရပါတယ်..
အခြားဘက်မှာ နည်းပညာဆရာကြီးတွေဖြစ်တဲ့ LG, Moto, Google တွေကလည်း 4K Screen Smartphone အတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်..
ဒီတော့ Sony ဟာ အခြား ပြိုင်ဘက်တွေကို အလဲထိုးပြီး 4K OLED နည်းပညာကို အသုံးပြုထားတဲ့ Smartphone တွေနဲ့ စျေးကွက်ဝေစုကို ပိုမိုရရှိဖို့ မြန်မြန်ဆန်ဆန် ကြိုးစားနေနိုင်ပါတယ်..
ဒီတော့ Sony ရဲ့ အသစ်ထွက်လာမယ့် Smartphone Model အသစ်တွေမှာ 4K OLED ကို အသုံးပြုလာနိုင်မလား၊ ဘယ်သူတွေကပဲ ကမ္ဘာ့ပထမဆုံး 4K OLED နည်းပညာသုံး Smartphone ကို ထုတ်လုပ်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့..

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !