Advertise Here !


ႏွစ္စဥ္ႏွစ္တိုင္း CES မွာ ကုမၸဏီအသီးသီးက ထုတ္လုပ္တဲ့ Laptop, TV, စက္ရုပ္၊ အေသးစား ကိရိယာဆန္းဆန္းျပားျပားေတြနဲ႔  နည္းပညာအသစ္အဆန္းေတြကို ထုတ္ေဖၚျပသေလ့ရွိၾကပါတယ္.. ဒီႏွစ္ CES မွာ SanDisk က 1TB (1000GB) ထိ သိမ္းဆည္းႏိုင္မယ့္ Flash Drive တစ္ခုကို ထုတ္ေဖၚျပသလိုက္ပါတယ္..
Flash Drive ဆိုတာ တကယ့္ကိုငယ္ရြယ္ၿပီး Data သိုေလွာင္မႈ ပမာဏ သိပ္မ်ားမ်ား ထုတ္ေလ့မရွိၾကပါဘူး.. 2TB ပမာဏ သိမ္းဆည္းႏိုင္တဲ့ Kingston’s DataTraveler Ultimate GT ကို Kingston က 2017 မွာထထုတ္လုပ္ခဲ့တယ္ဆိုေပမယ့္ အခု ထုတ္လုပ္လိုက္တဲ့ SanDisk ရဲ႕ 1TB Flash Drive လို ေသးေသးေလးမဟုတ္ပါဘူး.. အရြယ္အစား ပိုႀကီးၿပီး USB ကလည္း 3.0 သာရွိပါတယ္..
SanDisk က ထုတ္လုပ္လိုက္တဲ့ 1TB USB-C Flash Drive ကေတာ့ သိမ္းဆည္းႏိုင္တဲ့ ပမာဏမ်ားသလို ျမန္ဆန္တဲ့ Data ေတြကို Transfer လုပ္ႏိုင္ဖို႔ ေနာက္ဆံုးေပၚ USB Type C ကို သံုးထားပါတယ္.. USB Type C အေထာက္အပံ့ေပးတဲ့ Smartphone ေတြ၊ Tablet ေတြ၊ TV ေတြနဲ႔ တြဲဖက္သံုးစြဲႏိုင္မွာပါ..



CES ရဲ႕ ပထမဆံုးေန႔မွာ ထုတ္ေဖၚျပသလိုက္တဲ့ SanDisk ရဲ႕ 1TB USB-C Flash Drive ဟာ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့သလို ကမၻာ့ အေသးဆံုး 1TB USB-C Flash Drive လည္း ျဖစ္လာဖြယ္ရွိပါတယ္... ခန္႔မွန္းတန္ဖိုး ေဒၚလာ 350 ေလာက္ရွိမယ့္ ဒီ 1TB USB-C Flash Drive ေလးဟာ ေစ်းကြက္ထဲကို ေရာက္ဖို႔ေတာ့ နည္းနည္း ေနာက္က်ႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္..

<Unicode>
နှစ်စဉ်နှစ်တိုင်း CES မှာ ကုမ္ပဏီအသီးသီးက ထုတ်လုပ်တဲ့ Laptop, TV, စက်ရုပ်၊ အသေးစား ကိရိယာဆန်းဆန်းပြားပြားတွေနဲ့  နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖေါ်ပြသလေ့ရှိကြပါတယ်.. ဒီနှစ် CES မှာ SanDisk က 1TB (1000GB) ထိ သိမ်းဆည်းနိုင်မယ့် Flash Drive တစ်ခုကို ထုတ်ဖေါ်ပြသလိုက်ပါတယ်..
Flash Drive ဆိုတာ တကယ့်ကိုငယ်ရွယ်ပြီး Data သိုလှောင်မှု ပမာဏ သိပ်များများ ထုတ်လေ့မရှိကြပါဘူး.. 2TB ပမာဏ သိမ်းဆည်းနိုင်တဲ့ Kingston’s DataTraveler Ultimate GT ကို Kingston က 2017 မှာထထုတ်လုပ်ခဲ့တယ်ဆိုပေမယ့် အခု ထုတ်လုပ်လိုက်တဲ့ SanDisk ရဲ့ 1TB Flash Drive လို သေးသေးလေးမဟုတ်ပါဘူး.. အရွယ်အစား ပိုကြီးပြီး USB ကလည်း 3.0 သာရှိပါတယ်..
SanDisk က ထုတ်လုပ်လိုက်တဲ့ 1TB USB-C Flash Drive ကတော့ သိမ်းဆည်းနိုင်တဲ့ ပမာဏများသလို မြန်ဆန်တဲ့ Data တွေကို Transfer လုပ်နိုင်ဖို့ နောက်ဆုံးပေါ် USB Type C ကို သုံးထားပါတယ်.. USB Type C အထောက်အပံ့ပေးတဲ့ Smartphone တွေ၊ Tablet တွေ၊ TV တွေနဲ့ တွဲဖက်သုံးစွဲနိုင်မှာပါ..
CES ရဲ့ ပထမဆုံးနေ့မှာ ထုတ်ဖေါ်ပြသလိုက်တဲ့ SanDisk ရဲ့ 1TB USB-C Flash Drive ဟာ စိတ်ဝင်စားမှု မြင့်တက်ခဲ့သလို ကမ္ဘာ့ အသေးဆုံး 1TB USB-C Flash Drive လည်း ဖြစ်လာဖွယ်ရှိပါတယ်... ခန့်မှန်းတန်ဖိုး ဒေါ်လာ 350 လောက်ရှိမယ့် ဒီ 1TB USB-C Flash Drive လေးဟာ စျေးကွက်ထဲကို ရောက်ဖို့တော့ နည်းနည်း နောက်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်..

Ref : The Verage

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !