
MWC 2018 မှာ ထုတ်ဖေါ်ပြသမယ်လို့ခန့်မှန်းထားကြပြီး ဈေးကွက်ထဲကိုတော့ ဇွန်လလောက်မှ ရောက်နိုင်မယ်လို့ ဆိုပါတယ်.. ဈေးနှုန်းကတော့ ခန့်မှန်း 6000 ယွန်လောက်ရှိပါမယ်လို့ ခန့်မှန်းထားပါတယ်...
<Unicode>
Sony ဟာ ခုကျင်းပနေဆဲဖြစ်တဲ့ Cunsumer Electronics Shows(CES) 2018 မှာ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တွေကို ထုတ်ဖေါ်ပြသခဲ့ပြီးတဲ့နောက် Xperia XZ Pro ဆိုတဲ့ Model တစ်မျိုးကိုတော့ ရှေ့လ၊ စပိန်နိုင်ငံ၊ ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress(MWC) 2018 မှာ ထုတ်ဖေါ်ပြသဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်..
တရုတ် နည်းပညာသတင်းဆိုဒ် Gizmo ရဲ့ ဖေါ်ပြချက်အရ Xperia XZ Pro မှာ Snapdragon 845 CPU ကိုတပ်ဆင်ထားပြီး RAM 6GB နဲ့ Internal Memory 128 GB ပါဝင်ပါမယ်.. MicroSD Card Slot ပါဝင်မှာဖြစ်ပြီး 256 GB ထိ Memory ထပ်တိုးနိုင်အောင် စီမံထားပါတယ်..
5.7 လက်မ OLED Display ဟာ 4K Resolution ရှိမှာဖြစ်ပါတယ်.. IP68 Certified chassis က ဖုန်၊ ရေငွေ့အပြင် 1.5 မီတာ(၅ပေ) ရေအောက်မှာ မိနစ် ၃၀ ထိ ရေစိမ်ခံနိုင်ပါတယ်..
ကျောဘက်မှာ Dual Camera တပ်ဆင်ပေးထားမှာဖြစ်ပြီး 18 Mp ကင်မရာ၊ 1.33μm Pixel size တစ်လုံးနဲ့ 12 Mp ကင်မရာ၊ 1.38μm Pixel size ဆိုပြီး Resolution မတူညီတဲ့ ကင်မရာ ၂ လုံးကိုတွဲဖက်ပေးထားပါတယ်..
ဆယ်ဖီအတွက် ကင်မရာကိုတော့ 13 MP ကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး Pixel Size ကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး..
Sim ကတော့ Single/Dual မသေချာသေးပါဘူး.. OS ကတော့ Android 8.0 Oreo ကိုတင်ပေးထားမှာဖြစ်ပြီး အားအကြာကြီးခံတဲ့ 3420 mAh ဘက်ထရီကိုတပ်ဆင်ပေးထားမယ်လို့ဆိုပါတယ်..
လက်ဗွေစနစ်၊ မျက်နှာဖတ်ပြီး လော့ပွင့်စနစ်၊ အမြန်အားသွင်းစနစ်၊ ကြိုးမဲ့အားသွင်းစနစ်တွေအကြောင်းတော့ ဖေါ်ပြထားခြင်းမရှိပါ..
MWC 2018 မှာ ထုတ်ဖေါ်ပြသမယ်လို့ခန့်မှန်းထားကြပြီး စျေးကွက်ထဲကိုတော့ ဇွန်လလောက်မှ ရောက်နိုင်မယ်လို့ ဆိုပါတယ်.. စျေးနှုန်းကတော့ ခန့်မှန်း 6000 ယွန်လောက်ရှိပါမယ်လို့ ခန့်မှန်းထားပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org


Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: