ကမၻာတစ္၀ွမ္း လူသန္းေပါင္းမ်ားစြာ အသံုးျပဳေနၾကတဲ႔ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုျဖစ္တဲ႕ ေဖ႔စ္ဘြတ္ဟာ သံုးစြဲသူေတြရဲ႕ News Feed မွာ စီးပြားေရး လုပ္ငန္းအေၾကာင္းေတြ၊ ကုန္ပစၥည္းအေၾကာင္းေတြနဲ႔ သတင္းမီဒီယာေတြရဲ႕ ဦးစားေပးေဖာ္ျပမႈ အေၾကာင္းအရာ Content ေတြကို ေလွ်ာ႔ခ်သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ ႀကီးမားတဲ႔ ေျပာင္းလဲမႈတစ္ရပ္ျဖစ္ျပီး ထိုႀကီးမားတဲ႔ ေျပာင္းလဲမႈကို ျပဳလုပ္ရျခင္းဟာ ကမၻာတစ္၀ွမ္းမွာရွိၾကတဲ႔ မိသားစု၀င္ေတြနဲ႕ သူငယ္ခ်င္းေတြအၾကား ပိုမိုေႏြးေထြးတဲ႔ ဆက္ဆံေရးေတြရရွိေစဖို႔ နဲ႔ ေဖ႔စ္ဘြတ္ေပၚမွာ ေပ်ာ္ရႊင္စြာ ၄င္းတို႔ရဲ႕ အခ်ိန္ေတြကို ကုန္ဆံုးေစဖို႔ ရည္ရြယ္ျပီး မိသားစု အေၾကာင္းအရာေတြနဲ႔ သူငယ္ခ်င္းေတြအၾကား ေလးေလးနက္နက္ ေျပာဆိုထားတဲ့အေၾကာင္းအရာ Content ေတြကိုသာ ေဖ႔စ္ဘြတ္ News Feed မွာ ဦးစားေပးေဖာ္ျပေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဒီအေျပာင္းအလဲဟာ ေဖ႔စ္ဘြတ္စာမ်က္ႏွာကို အားကိုးျပီး ၀က္ဘ္ဆိုဒ္ အတြက္ Traffic ရရွိေအာင္ ေဆာင္ရြက္ ေနၾကရတဲ႔ သတင္းမီဒီယာေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြကို အထိနာေစမွာေတာ့ အေသခ်ာပါပဲ။ ႀကီးမားတဲ႔ News Feed အေျပာင္းအလဲနဲ႔ ပတ္သက္လို႔ ေဖ႔စ္ဘြတ္အမႈေဆာင္ခ်ဳပ္ ဇူကာဘတ္က "ေလးနက္တဲ႔ လူမႈေရးဆိုင္ရာ၊ ပုဂၢိဳလ္ေရးဆိုင္ရာေတြ အျပန္အလွန္ ေျပာဆိုမႈေတြ ပိုျပီး ျပဳလုပ္လာႏိုင္ေစဖို႔ နဲ႔ သက္ဆိုင္ရာ အေၾကာင္းအရာ Content ေတြကို ရွာေဖြရာမွာ အေထာက္အကူျဖစ္ေစဖို႔ ကၽြန္ေတာ္တို႔ အဖြဲ႕ေတြ ေဆာင္ရြက္ေနတာပါ" လို႔ ေျပာၾကားထားပါတယ္။
ဒီအေျပာင္းအလဲနဲ႔ ပတ္သက္ျပီး ေဖ႔စ္ဘြတ္္ကို မွီခိုေနၾကတဲ႔ စီးပြားေရး လုပ္ငန္းရွင္ေတြကို တစ္နည္းတစ္ဖံု နစ္နာေစႏိုင္တယ္လို႔လည္း ဇူကာဘတ္က အခုလို ၀န္ခံထားပါေသးတယ္။
"ဒီေျပာင္းလဲမႈေၾကာင့္ ကမၻာတစ္၀ွမ္း ေဖ႔စ္ဘြတ္ သံုးစြဲႀကတဲ႔ အခ်ိန္နဲ႔ Engagement တခ်ိဳ႕ က်ဆင္းသြားႏုိင္တယ္ဆိုတာ ကၽြန္ေတာ္၀န္ခံပါတယ္။ ဒါေပမယ့္ အသံုးျပဳသူေတြ အေနနဲ႔ ေဖ႔စ္ဘြတ္ေပၚမွာ ကုန္ဆံုးမယ့္ အခ်ိန္ေတြဟာ ပိုျပီး တန္ဖိုးရွိလာဖို႔ ကၽြန္ေတာ္တို႔ ပိုျပီး ေမွ်ာ္လင့္မိပါတယ္" လို႔ ေျပာႀကားခဲ႔ပါတယ္။
ေဖ႔စ္ဘြတ္ဟာ ၂၀၁၆ ခုႏွစ္ အေမရိကန္ သမၼတေရြးေကာက္ပြဲတုန္းက မီဒီယာေတြရဲ႕ သတင္းအတု ေဖာ္ျပခ်က္ေတြကို ရင္ဆိုင္ခဲ႔ရျပီး ျပည္သူေတြကို သေဘာထား ကြဲလြဲေစခဲ႔တဲ႔ အေႀကာင္းအရာ Content ေတြကို မတားဆီးႏုိင္ခဲ႔တဲ႔ အတြက္ အခုလို အေျပာင္းအလဲႀကီးကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ထိုအခ်ိန္က ေဖ႔စ္ဖြတ္ ကုမၸဏီဟာ ၄င္းတို႔ရဲ႕ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေပၚမွာေတာင္ ဆိုးရြားလွတဲ႔ အေၾကာင္းအရာ Content ေဖာ္ျပခ်က္ေတြကို မတားဆီးနို္င္ခဲ႔တာေၾကာင့္လည္း ျပင္းထန္တဲ႔ ေ၀ဖန္၊ စြပ္စြဲမႈေတြ ခံခဲ႔ရတယ္လို႔ သိရပါတယ္။
<Unicode>
ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာ အသုံးပြုနေကြတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ သုံးစွဲသူတွေရဲ့ News Feed မှာ စီးပွားရေး လုပ်ငန်းအကြောင်းတွေ၊ ကုန်ပစ္စည်းအကြောင်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ ဦးစားပေးဖော်ပြမှု အကြောင်းအရာ Content တွေကို လျှော့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ထိုကြီးမားတဲ့ ပြောင်းလဲမှုကို ပြုလုပ်ရခြင်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအကြား ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးတွေရရှိစေဖို့ နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပျော်ရွှင်စွာ ၄င်းတို့ရဲ့ အချိန်တွေကို ကုန်ဆုံးစေဖို့ ရည်ရွယ်ပြီး မိသားစု အကြောင်းအရာတွေနဲ့ သူငယ်ချင်းတွေအကြား လေးလေးနက်နက် ပြောဆိုထားတဲ့အကြောင်းအရာ Content တွေကိုသာ ဖေ့စ်ဘွတ် News Feed မှာ ဦးစားပေးဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအပြောင်းအလဲဟာ ဖေ့စ်ဘွတ်စာမျက်နှာကို အားကိုးပြီး ၀က်ဘ်ဆိုဒ် အတွက် Traffic ရရှိအောင် ဆောင်ရွက် နေကြရတဲ့ သတင်းမီဒီယာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အထိနာစေမှာတော့ အသေချာပါပဲ။ ကြီးမားတဲ့ News Feed အပြောင်းအလဲနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်အမှုဆောင်ချုပ် ဇူကာဘတ်က "လေးနက်တဲ့ လူမှုရေးဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ အပြန်အလှန် ပြောဆိုမှုတွေ ပိုပြီး ပြုလုပ်လာနိုင်စေဖို့ နဲ့ သက်ဆိုင်ရာ အကြောင်းအရာ Content တွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့ ကျွန်တော်တို့ အဖွဲ့တွေ ဆောင်ရွက်နေတာပါ" လို့ ပြောကြားထားပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ််ကို မှီခိုနေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို တစ်နည်းတစ်ဖုံ နစ်နာစေနိုင်တယ်လို့လည်း ဇူကာဘတ်က အခုလို ၀န်ခံထားပါသေးတယ်။

"ဒီပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝှမ်း ဖေ့စ်ဘွတ် သုံးစွဲကြတဲ့ အချိန်နဲ့ Engagement တချို့ ကျဆင်းသွားနိုင်တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေ အနေနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကုန်ဆုံးမယ့် အချိန်တွေဟာ ပိုပြီး တန်ဖိုးရှိလာဖို့ ကျွန်တော်တို့ ပိုပြီး မျှော်လင့်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဖေ့စ်ဘွတ်ဟာ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတုန်းက မီဒီယာတွေရဲ့ သတင်းအတု ဖော်ပြချက်တွေကို ရင်ဆိုင်ခဲ့ရပြီး ပြည်သူတွေကို သဘောထား ကွဲလွဲစေခဲ့တဲ့ အကြောင်းအရာ Content တွေကို မတားဆီးနိုင်ခဲ့တဲ့ အတွက် အခုလို အပြောင်းအလဲကြီးကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအချိန်က ဖေ့စ်ဖွတ် ကုမ္ပဏီဟာ ၄င်းတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာတောင် ဆိုးရွားလှတဲ့ အကြောင်းအရာ Content ဖော်ပြချက်တွေကို မတားဆီးနို်င်ခဲ့တာကြောင့်လည်း ပြင်းထန်တဲ့ ဝေဖန်၊ စွပ်စွဲမှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။

Credit : The Ladies News

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment: