Full Version Software ေတြနဲ႔ ေနာက္ဆံုးရ နည္းပညာသတင္းမ်ား

Hisense ဟာ ျမန္မာႏိုင္ငံမွာေတာ့ သိပ္ေခတ္အစားႀကီးမဟုတ္ေပမယ့္ သံုးစြဲသူနည္းနည္းရထားတယ္လို႔ ဆိုႏိုင္ပါတယ္.. Low-end Smartphone နဲ႔ ေစ်းကြက္ေဖာက္ခဲ့ေလေတာ့ အလယ္အလတ္တန္းစား Smartphone User ေတြၾကားမွာ သိပ္ေတာ့ ေနရာမရဘူးလို႔ ဆိုရပါမယ္..
ဒါေပမယ့္ အခု အသစ္ထုတ္လုပ္ျဖန္႔ခ်ိမယ့္ Hisense P9 ကိုေတာ့ Mid-range အေနနဲ႔ ထုတ္လုပ္လာမွာျဖစ္တယ္လို႔ ေကာလဟာလ ေတြထြက္ေပၚေနပါတယ္..
TENAA မွာေဖၚျပထားတဲ့ အခ်က္အေတြအရဆိုရင္
5.5 လက္မ AMOLED မ်က္ႏွာျပင္, 1080p Resolution နဲ႔ 16:9 aspect ratio ရွိမယ္..
Octa-Core 1.9 GHz CPU ကိုသံုးထားမယ္ဆိုေပမယ့္ ဘယ္အမ်ိုးအစားကိုသံုးမလဲေတာ့ မသိရေသးပါဘူး..
RAM ကို 6GB ထည့္ေပးထားၿပီး Internal Memory ကေတာ့ 64GB နဲ႔ 128GB ရွိမယ္လို႔ဆိုပါတယ္.. 12MP ကင္မရာ ၂ ခုကို ေက်ာဘက္မွာ Dual အေနနဲ႔ထည့္သြင္းေပးထားၿပီး Selfie ႀကိဳက္တဲ့ User ေတြအတြက္ေတာ့ 16MP ကင္မရာကို Selfie အတြက္ ထည့္ေပးထားမယ္တဲ့..
ဘက္ထရီကေတာ့ တဝႀကီးေပ်ာ္ေပ်ာ္သံုးလို႔ရေအာင္ 6000mAh Battery ကိုထည့္သြင္းေပးထားမွာျဖစ္ၿပီး ေက်ာဘက္မွာ Fingerprint Sensor ပါပါမယ္.. Fast Charging စနစ္ေတာ့ ပါေကာင္းပါႏိုင္ေပမယ့္ သိပ္ေတာ့ မေသခ်ာပါဘူး.. အေရာင္ကေတာ့ အနက္ေရာင္တစ္မ်ဳိးတည္းသာ ထုတ္လုပ္မွာျဖစ္တယ္လို႔ သိရပါတယ္..

<Unicode>
Hisense ဟာ မြန်မာနိုင်ငံမှာတော့ သိပ်ခေတ်အစားကြီးမဟုတ်ပေမယ့် သုံးစွဲသူနည်းနည်းရထားတယ်လို့ ဆိုနိုင်ပါတယ်.. Low-end Smartphone နဲ့ စျေးကွက်ဖောက်ခဲ့လေတော့ အလယ်အလတ်တန်းစား Smartphone User တွေကြားမှာ သိပ်တော့ နေရာမရဘူးလို့ ဆိုရပါမယ်..
ဒါပေမယ့် အခု အသစ်ထုတ်လုပ်ဖြန့်ချိမယ့် Hisense P9 ကိုတော့ Mid-range အနေနဲ့ ထုတ်လုပ်လာမှာဖြစ်တယ်လို့ ကောလဟာလ တွေထွက်ပေါ်နေပါတယ်..
TENAA မှာဖေါ်ပြထားတဲ့ အချက်အတွေအရဆိုရင်
5.5 လက်မ AMOLED မျက်နှာပြင်, 1080p Resolution နဲ့ 16:9 aspect ratio ရှိမယ်..
Octa-Core 1.9 GHz CPU ကိုသုံးထားမယ်ဆိုပေမယ့် ဘယ်အမျိုးအစားကိုသုံးမလဲတော့ မသိရသေးပါဘူး..
RAM ကို 6GB ထည့်ပေးထားပြီး Internal Memory ကတော့ 64GB နဲ့ 128GB ရှိမယ်လို့ဆိုပါတယ်.. 12MP ကင်မရာ ၂ ခုကို ကျောဘက်မှာ Dual အနေနဲ့ထည့်သွင်းပေးထားပြီး Selfie ကြိုက်တဲ့ User တွေအတွက်တော့ 16MP ကင်မရာကို Selfie အတွက် ထည့်ပေးထားမယ်တဲ့..
ဘက်ထရီကတော့ တဝကြီးပျော်ပျော်သုံးလို့ရအောင် 6000mAh Battery ကိုထည့်သွင်းပေးထားမှာဖြစ်ပြီး ကျောဘက်မှာ Fingerprint Sensor ပါပါမယ်.. Fast Charging စနစ်တော့ ပါကောင်းပါနိုင်ပေမယ့် သိပ်တော့ မသေချာပါဘူး.. အရောင်ကတော့ အနက်ရောင်တစ်မျိုးတည်းသာ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်..

Ref : TENAA

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

ေအာက္ကေၾကာ္ျငာကိုတစ္ခ်က္ကလစ္ေပးပါခင္ဗ်ာ.

Post A Comment: