Advertise Here !


Google နဲ့ Xiaomi တို့ ပူးပေါင်းထုတ်လုပ်တဲ့ MiA1 ဟာ ဈေးကွက်ထဲမှာ နေရာရလာတဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပါတယ်.. Xiaomi ကုမ္ပဏီက သီးခြားထုတ်လုပ်တဲ့ အခြားအဆင့်မြင့် Mi Model တွေမှာ Fast Charging စနစ်ကိုထည့်သွင်းရောင်းချခဲ့ပေမယ့် Google နဲ့ Xiaomi တို့ပူးပေါင်းထုတ်လုပ်တဲ့ MiA1 မှာတော့ ပါမလာခဲ့ပါဘူး..


ဒါပေမယ့် Android 8.0 ( Oero ) ကို ဗားရှင်းမြှင့်လိုက်ရင်တော့ Fast Charging စနစ်ကို ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်..OnePlus 5T charger နဲ့ အားသွင်းစမ်းသပ်ခဲ့ရာမှာ Android 7.1 (Nougat) တုန်းက ဘက်ထရီ ၀% ကနေ ၁၀၀% ပြည့်ဖို့ ၂နာရီ ကျော်ကြာခဲ့ပေမယ့် Oreo မှာ ထည့်သွင်းပေးထားတဲ့ Fast Charging စနစ်ဟာ ဘက်ထရီ ၀% ကနေ ၁၀၀% ပြည့်အောင်အားသွင်းချိန် ၉၂ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်..

Xiaomi ဟာ 2017 မကုန်ခင်မှာ Android Oreo Beta ကို စမ်းသပ်ဖို့ ထုတ်ပေးခဲ့ပြီးနောက် Bug တွေ၊ error တွေကို ပြုပြင်ဖာထေးပြီး Oreo Stable ကို မကြာခင်မှာ ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်..

Source : TeleconTalk

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !