Advertise Here !

 
-

  




တို့ဖြစ်ပါတယ်...





<Unicode>

 
Windows 10 auto updates ကို ပိတ်တဲ့နည်းတွေ တော်တော်တော့များပါတယ်.. ဒါပေမယ့် ပြဿနာက နောက်ပိုင်းထွက်လာတဲ့ Windows 10 64bit တွေမှာ ပိတ်လို့မရပါဘူး.. ကျွန်တော် အကြိမ်ကြိမ် စမ်းကြည့်ခဲ့ပေမယ့် အဆင်မပြေတဲ့နည်းတွေကိုပဲ တွေ့ခဲ့ရပါတယ်.. ခုတော့ အဆင်ပြေတဲ့နည်းလမ်းတစ်ခုကို တွေ့ရှိထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်..
-
Win+R ကိုနှိပ်ပြီး ပေါ်လာတဲ့ Run Box ထဲမှာ giedit.msc ဆိုပြီးရိုက်ထည့်ကာ Enter ခေါက်လိုက်ပါ..

  

Local Group Policy Editor ပေါ်လာပါမယ်...
Local Group Policy Editor ရဲ့ ဘယ်ဘက်အခြမ်းက Computer Configuration အောက်က Administrative Templates ကိုခွဲ.. Windows Components ကိုခွဲ.. Windows Update ကိုနှိပ်ပါ...


ညာဘက်ခြမ်းမှာ Configure Automatic Updates ဆိုတဲ့ စာတမ်းကိုရှာပြီး Double Click ခေါက်ပါ..
Box အသစ်တစ်ခုထွက်လာပါမယ်..

အဲဒီမှာ Configure Automatic Updates စာတမ်းရဲ့ အောက်နားမှာ Enable ကိုရွေးပါ..
Options အောက်က Configure Automatic Updating အောက်မှာ Drop Down Menu ကိုနှိပ်လိုက်ရင် ရွေးချယ်စရာ (၄)ခုရှိပါတယ်..
2 - "Notify for download and notify for install."
Update ကို Download မလုပ်ခင်နဲ့ Install မလုပ်ခင် သတိပေး
3 - "Auto download and notify for install."
Update ကို အလိုအလျောက် Download လုပ်ပြီး Install လုပ်ဖို့ သတိပေး
4 - "Auto download and schedule the install."
Update ကို အလိုအလျောက် Download လုပ်ပြီး အချိန်ဇယားသတ်မှတ်ကာ Install လုပ်မယ်
5 - "Allow local admin to choose setting."
ကွန်ပျူတာ Admin က Setting ကိုရွေးချယ်မယ်..
တို့ဖြစ်ပါတယ်...
ကျွန်တော်ကတော့ နံပတ် ၂ (2 - "Notify for download and notify for install.") ကိုရွေးလိုက်ပါတယ်..

ဘာဖြစ်လို့လဲဆိုတော့ Automatic Update ကို ပိတ်လို့မရပါဘူး.. အခု ကျွန်တော်ရွေးလိုက်တာက Update ကို Download မလုပ်ခင်ကတည်းက သတိပေးခိုင်းဖို့ ရွေးချယ်လိုက်တာပါ.. ဒါမှသာ ကွန်ပျူတာက Automatic Update လုပ်ဖို့ သတိပေးတဲ့အခါ ကျွန်တော်က Download မလုပ်မချင်း Update က အလိုအလျောက် Update မဖြစ်တော့ပါဘူး..


 ပြီးရင်တော့ Apply နှိပ်၊ OK နှိပ်ပြီး ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ..

ဒီနည်းလမ်းက သဘောကျကြမယ် မထင်ပေမယ့် ကျွန်တော်တွေ့သမျ နည်းလမ်းတွေထဲမှာ အဆင်အပြေဆုံးဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !