USB အေၾကာင္း

Advertise Here !


ဒီေခတ္ သင့္ပတ္ဝန္းက်င္မွာ USB နဲ႔ပတ္သက္လို႔ အျမဲတန္းထိေတြ႔ေနရတယ္ဆိုတာ သတိထားမိမယ္ထင္ပါတယ္.. ဖုန္း၊ ဒစ္ဂ်စ္တယ္ကင္မရာ၊ ကြန္ပ်ဴတာ ေတြကအစ တီဗီြ၊ေရဒီယိုေတြအဆံုး USB ေပါက္ေတြ၊ USB ႀကိဳးေတြနဲ႔ တပ္ဆင္အသံုးျပဳေနၾကတာကို ေတြ႔ျမင္ရမွာပါ.. အဲဒီေတာ့ USB အေၾကာင္း နည္းနည္း သိထားေတာ့ ပိုမေကာင္းဘူးလားဗ်ာ.. ကၽြန္ေတာ္ ဖတ္မိ၊ေလ့လာမိသေလာက္ေလး မွ်ေဝပါမယ္.

USB ဆိုတာ
USB ဆိုတာ Universal Serial Bus ရဲ႕အတိုေကာက္ စာလံုးျဖစ္ပါတယ္.. ဘက္စံုသံုး ဆက္သြယ္ေရးႀကိဳးျပား လို႔ ဘာသာျပန္ရင္ ဆီေလ်ာ္မလားမသိဘူး.. USB ကို Intel နဲ႔ USB-IF (USB Implementers Forum, Inc)  ကိုပူးတြဲတည္ေထာင္သူ Ajay Bhatt က ၁၉၉၄ မွာတီထြင္ခဲ့ပါတယ္.. USB-IF (USB Implementers Forum, Inc) ဆိုတာ ထိပ္တန္းကြန္ပ်ဴတာနည္းပညာကုမၸဏီေတြျဖစ္တဲ့ Intel, Microsoft, Compaq, LSI, Apple နဲ႔ HP (Hewlett-Packard) တို႔ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြ ဖြဲ႔စည္းထားတဲ့ အဖြဲ႔အစည္းတစ္ခုပါ..
USB Logo
 နည္းပညာသံုးပစၥည္းေတြ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ဖို႔ တစ္ခုတည္းေသာပစၥည္းဆိုတဲ့ Bhatt ရဲ႕ စိတ္ကူးက တကယ္ကိုေကာင္းေပမယ့္ နာမည္ႀကီး နည္းပညာကုမၸဏီႀကီးေတြျဖစ္တဲ့ Apple နဲ႔ Microsoft တို႔ကို တင္ျပခ်ိန္က သိပ္စိတ္မ၀င္စားခဲ့ပါဘူ.. Intel ကုမၸဏီကသာ Bhatt ရဲ႕စိတ္ကူးကို လက္ခံၿပီး အေကာင္အထည္ေဖာ္ဖို႔ ရင္းႏွီးျမဳပ္ႏွံေပးခဲ့တာျဖစ္ပါတယ္.. USB ကို ၁၉၉၄ မွာစတင္တီထြင္ခဲ့ေပမယ့္ တကယ္တန္း 1.0 စထုတ္ႏိုင္တာကေတာ့ ၁၉၉၆ ခုႏွစ္ျဖစ္ပါတယ္.. ဒီလိုနဲ႔ Intel ကုမၸဏီက USB နည္းပညာကို ေထာက္ပံ့တဲ့ Chips ေတြ စတင္ဖန္တီးခဲ့ေပမယ့္ သံုးစြဲသူလက္ထဲကို ပထမဆံုးအေရာက္ပို႔ေပးခဲ့တာကေတာ့ Apple ကုမၸဏီကျဖစ္ပါတယ္.. Apple က ၁၉၉၈ ခုႏွစ္ထုတ္ iMac G3 ကြန္ပ်ဴတာေတြမွာ USB နည္းပညာကို စတင္ထည့္သြင္းေပးခဲ့သလို Microsoft ကုမၸဏီကလည္း Window 98 Second Edition ေတြကစၿပီး ထည့္သြင္းေပးခဲ့ပါတယ္.. USB နည္းပညာ မတီထြင္ႏိုင္ခင္တုန္းက ကြန္ပ်ဴတာေတြမွာ အခ်က္အလက္ေတြ ကူးေျပာင္းဖို႔အတြက္ Port အမ်ဳိးမ်ဳိး၊ Device အမ်ဳိးမ်ဳိးနဲ႔ တပ္ဆင္ၿပီး အခ်က္အလက္ ကူးေျပာင္းခဲ့ၾကပါတယ္.. ကြန္ပ်ဴတာကုမၸဏီ တစ္မ်ဳိးကို Port တစ္မ်ဳိး၊ Device တစ္မ်ဳိးနဲ႔ Brand အမ်ဳိးမ်ဳိးၾကားမွာ ပံုစံအမ်ဳိးမ်ဳိး၊ စနစ္အမ်ဳိးမ်ဳိးနဲ႔ ကြဲျပားလွပါတယ္.. USB ကိုတီထြင္ၿပီးတဲ့ေနာက္ ကြန္ပ်ဴတာေတြမွာ USB Port ေတြတပ္ဆင္လာၿပီး USB နဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ Device ေတြလည္း တီထြင္အသံုးျပဳလာႏိုင္ခဲ့ၾကလို႔ ကြန္ပ်ဴတာ Brand အမ်ဳိးမ်ဳိးၾကား အခ်က္အလက္ ကူးေျပာင္းဖို႔အတြက္ Port အမ်ဳိးမ်ဳိး၊ Device ပံုစံအမ်ဳိးမ်ဳိး မလိုအပ္ေတာ့ဘဲ ဘက္စံုသံုး USB ကိုသာ Standard တစ္ခုအေနနဲ႔ အသံုးျပဳလာႏိုင္ခဲ့ၾကပါတယ္..

USB အမ်ဳိးအစား (USB Types)၊ မ်ဳိးဆက္ (Generation) နဲ႔ ျမန္ႏႈန္း ( Speed )
ခုလက္ရွိဒီစာကိုေရးေနခ်ိန္ထိ USB Type ဟာ Type C ထိထြက္ရွိေနပါတယ္.. ဒါဆိုရင္ Type က Type A, Type B နဲ႔ Type C ဆိုၿပီး Type သံုးမ်ဳိးေပါ့..
Generation အေနနဲ႔ USB 1.0, 1.1, 2.0, 3.0, 3.1, 3.2 ဆိုၿပီး (6) မ်ဳိးထြက္ေနပါၿပီ.. Type နဲ႔ Generation ကို ယွဥ္တြဲျပရရင္ Type A မွာ USB 1.0, 1.1, Type B မွာ USB 2.0 နဲ႔ 3.0 ျဖစ္ၿပီး Type C မွာေတာ့ USB 3.1,3.2 ျဖစ္ပါတယ္..
အခ်က္အလက္ ကူးေျပာင္းႏိုင္စြမ္း ( Data Transfer Speed ) နဲ႔တြက္မယ္ဆိုရင္
USB 1.0 က  1.5 Mbit/s ( Megabit per second )
USB 1.1 က   12 Mbit/s
USB 2.0 က 480 Mbit/s
USB 3.0 က    5  Gbit/s (Gigabit per second)
USB 3.1 က  10  Gbit/s
USB 3.2 က  20  Gbit/s ျဖစ္ပါတယ္..
ခုေနာက္ပိုင္း USB Tpye C (3.1, 3.2 Generation) ေတြဟာ ကြန္ပ်ဴတာမွာေရာ၊ ဖုန္း၊ တက္ပလက္ စတဲ့ ပစၥည္းေတြမွာပါ တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာၾကပါၿပီ…


အရြယ္အစား
အရြယ္အစားေတြကေတာ့ Standard, Mini နဲ႔ Micro ဆိုၿပီး ထြက္ပါတယ္..
တစ္မ်ဳိးခ်င္းစီမွာ ပံုစံ A,B ဆိုၿပီးတြဲထြက္ပါတယ္.. စာနဲ႔ မေျပာေတာ့ပါဘူး.. ပံုမွာသာ ၾကည့္ၾကပါေတာ့..
USB 2.0
USB 3.0 and 2.0 Port
USB 3.0 B

USB 3.0 Micro B


USB Type C


USB နဲ႔ပတ္သက္လို႔ သာမန္ အေျခခံဒီေလာက္သာ သိထားတာမို႔ အျခား ျဖည့္စြက္စရာရွိရင္လည္း ျဖည့္စြက္ႏိုင္ပါေၾကာင္း…

<Unicode>
ဒီခေတ် သင့်ပတ်ဝန်းကျင်မှာ USB နဲ့ပတ်သက်လို့ အမြဲတန်းထိတွေ့နေရတယ်ဆိုတာ သတိထားမိမယ်ထင်ပါတယ်.. ဖုန်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ ကွန်ပျူတာ တွေကအစ တီဗွီ၊ရေဒီယိုတွေအဆုံး USB ပေါက်တွေ၊ USB ကြိုးတွေနဲ့ တပ်ဆင်အသုံးပြုနေကြတာကို တွေ့မြင်ရမှာပါ.. အဲဒီတော့ USB အကြောင်း နည်းနည်း သိထားတော့ ပိုမကောင်းဘူးလားဗျာ.. ကျွန်တော် ဖတ်မိ၊လေ့လာမိသလောက်လေး မျှဝေပါမယ်.

USB ဆိုတာ
USB ဆိုတာ Universal Serial Bus ရဲ့အတိုကောက် စာလုံးဖြစ်ပါတယ်.. ဘက်စုံသုံး ဆက်သွယ်ရေးကြိုးပြား လို့ ဘာသာပြန်ရင် ဆီလျော်မလားမသိဘူး.. USB ကို Intel နဲ့ USB-IF (USB Implementers Forum, Inc)  ကိုပူးတွဲတည်ထောင်သူ Ajay Bhatt က ၁၉၉၄ မှာတီထွင်ခဲ့ပါတယ်.. USB-IF (USB Implementers Forum, Inc) ဆိုတာ ထိပ်တန်းကွန်ပျူတာနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Intel, Microsoft, Compaq, LSI, Apple နဲ့ HP (Hewlett-Packard) တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါ.. နည်းပညာသုံးပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ တစ်ခုတည်းသောပစ္စည်းဆိုတဲ့ Bhatt ရဲ့ စိတ်ကူးက တကယ်ကိုကောင်းပေမယ့် နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Microsoft တို့ကို တင်ပြချိန်က သိပ်စိတ်မဝင်စားခဲ့ပါဘူ.. Intel ကုမ္ပဏီကသာ Bhatt ရဲ့စိတ်ကူးကို လက်ခံပြီး အကောင်အထည်ဖော်ဖို့ ရင်းနှီးမြုပ်နှံပေးခဲ့တာဖြစ်ပါတယ်.. USB ကို ၁၉၉၄ မှာစတင်တီထွင်ခဲ့ပေမယ့် တကယ်တန်း 1.0 စထုတ်နိုင်တာကတော့ ၁၉၉၆ ခုနှစ်ဖြစ်ပါတယ်.. ဒီလိုနဲ့ Intel ကုမ္ပဏီက USB နည်းပညာကို ထောက်ပံ့တဲ့ Chips တွေ စတင်ဖန်တီးခဲ့ပေမယ့် သုံးစွဲသူလက်ထဲကို ပထမဆုံးအရောက်ပို့ပေးခဲ့တာကတော့ Apple ကုမ္ပဏီကဖြစ်ပါတယ်.. Apple က ၁၉၉၈ ခုနှစ်ထုတ် iMac G3 ကွန်ပျူတာတွေမှာ USB နည်းပညာကို စတင်ထည့်သွင်းပေးခဲ့သလို Microsoft ကုမ္ပဏီကလည်း Window 98 Second Edition တွေကစပြီး ထည့်သွင်းပေးခဲ့ပါတယ်.. USB နည်းပညာ မတီထွင်နိုင်ခင်တုန်းက ကွန်ပျူတာတွေမှာ အချက်အလက်တွေ ကူးပြောင်းဖို့အတွက် Port အမျိုးမျိုး၊ Device အမျိုးမျိုးနဲ့ တပ်ဆင်ပြီး အချက်အလက် ကူးပြောင်းခဲ့ကြပါတယ်.. ကွန်ပျူတာကုမ္ပဏီ တစ်မျိုးကို Port တစ်မျိုး၊ Device တစ်မျိုးနဲ့ Brand အမျိုးမျိုးကြားမှာ ပုံစံအမျိုးမျိုး၊ စနစ်အမျိုးမျိုးနဲ့ ကွဲပြားလှပါတယ်.. USB ကိုတီထွင်ပြီးတဲ့နောက် ကွန်ပျူတာတွေမှာ USB Port တွေတပ်ဆင်လာပြီး USB နဲ့ ချိတ်ဆက်နိုင်တဲ့ Device တွေလည်း တီထွင်အသုံးပြုလာနိုင်ခဲ့ကြလို့ ကွန်ပျူတာ Brand အမျိုးမျိုးကြား အချက်အလက် ကူးပြောင်းဖို့အတွက် Port အမျိုးမျိုး၊ Device ပုံစံအမျိုးမျိုး မလိုအပ်တော့ဘဲ ဘက်စုံသုံး USB ကိုသာ Standard တစ်ခုအနေနဲ့ အသုံးပြုလာနိုင်ခဲ့ကြပါတယ်..

USB အမျိုးအစား (USB Types)၊ မျိုးဆက် (Generation) နဲ့ မြန်နှုန်း ( Speed )
ခုလက်ရှိဒီစာကိုရေးနေချိန်ထိ USB Type ဟာ Type C ထိထွက်ရှိနေပါတယ်.. ဒါဆိုရင် Type က Type A, Type B နဲ့ Type C ဆိုပြီး Type သုံးမျိုးပေါ့..
Generation အနေနဲ့ USB 1.0, 1.1, 2.0, 3.0, 3.1, 3.2 ဆိုပြီး (6) မျိုးထွက်နေပါပြီ.. Type နဲ့ Generation ကို ယှဉ်တွဲပြရရင် Type A မှာ USB 1.0, 1.1, Type B မှာ USB 2.0 နဲ့ 3.0 ဖြစ်ပြီး Type C မှာတော့ USB 3.1,3.2 ဖြစ်ပါတယ်..
အချက်အလက် ကူးပြောင်းနိုင်စွမ်း ( Data Transfer Speed ) နဲ့တွက်မယ်ဆိုရင်
USB 1.0 က  1.5 Mbit/s ( Megabit per second )
USB 1.1 က   12 Mbit/s
USB 2.0 က 480 Mbit/s
USB 3.0 က    5  Gbit/s (Gigabit per second)
USB 3.1 က  10  Gbit/s
USB 3.2 က  20  Gbit/s ဖြစ်ပါတယ်..
ခုနောက်ပိုင်း USB Tpye C (3.1, 3.2 Generation) တွေဟာ ကွန်ပျူတာမှာရော၊ ဖုန်း၊ တက်ပလက် စတဲ့ ပစ္စည်းတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ…

အရွယ်အစား
အရွယ်အစားတွေကတော့ Standard, Mini နဲ့ Micro ဆိုပြီး ထွက်ပါတယ်..
တစ်မျိုးချင်းစီမှာ ပုံစံ A,B ဆိုပြီးတွဲထွက်ပါတယ်.. စာနဲ့ မပြောတော့ပါဘူး.. ပုံမှာသာ ကြည့်ကြပါတော့..

USB နဲ့ပတ်သက်လို့ သာမန် အခြေခံဒီလောက်သာ သိထားတာမို့ အခြား ဖြည့်စွက်စရာရှိရင်လည်း ဖြည့်စွက်နိုင်ပါကြောင်း…


အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !