Advertise Here !
<Unicode>
Facebook က Messenger မှာ Instant Game များ ကစားနေတာကို လူမှုကွန်ရက်မှာ Live ထုတ်လွှင့်ပြသနိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ Live Video ကို Record ပြုလုပ်ထားနိုင်ပြီး ကစားပြီးနောက်မှာ သင့် ပရိုဖိုင်မှာလည်း မျှဝေနိုင်ပါတယ်။
Facebook က ဂိမ်းအချို့မှာ Video Chat ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း စတင် စမ်းသပ်နေတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဂိမ်းကစားနေစဉ်မှာ သင့် သူငယ်ချင်းများနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Words with Friends ရဲ့ Messenger Version ဟာ ဒီလုပ်ဆောင်ချက်ကို လာမယ့်နှစ်မှာ အစောဆုံး ရရှိမှာ ဖြစ်ပါတယ်။
Instant Games ကို စတင် ဖြန့်ချီပြီး တစ်နှစ်အကြာမှာ ဂိမ်ပေါင်း ရ၀ ကျော် ရရှိနေပြီလို့ Facebook က ပြောပါတယ်။ ဂိမ်းကစားတဲ့ လူ ပမာဏကိုတော့ ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် Instant Games များ ဖန်တီးတဲ့ Developer အရေအတွက်ကိုလည်း မသိရသေးပါဘူး။ လာမယ့်ရက်သတ္တပတ်အတွင်းမှာ Angry Birds , Disney’s Tsum Tsum Puzzle Game , Sonic Jump , Puzzle & Dragons တို့လို နာမည်ကျော် ဂိမ်းများကို Instant Games မှာ ကစားနိုင်မှာ ဖြစ်ပါတယ်။
Ref : theverge
Credit : DigitalTimes.com.mm
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Axact
MaungPauk
အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..
Post A Comment:
0 comments:
Please click on advertisement !