Advertise Here !

 
ကြန္ပ်ဴတာဝယ္တဲ့အခါ အဓိက ၾကည့္ၾကတာက CPU, RAM, Graphic နဲ႔ Storage ပါပဲ.. ကၽြန္ေတာ္တို႔ ခုလက္ရွိအသံုးမ်ားေနတာက Desktop PC မွာေရာ Laptop မွာပါ Intel ရဲ႕ CPU ေတြပါ.. အဲဒီထဲက i-Series ေတြဟာ အသံုးအမ်ားဆံုးပါပဲ.. ကြန္ပ်ူတာ CPU ကိုသာၾကည့္ၾကတာ CPU ေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူး.. CPU ေတြထဲက Intel ရဲ႕ i-Series CPU ေတြမွာပါတဲ့ အကၡရာအေၾကာင္း ဖတ္မိသေလာက္ ျပန္လည္ မွ်ေဝပါမယ္..

Desktop CPU
 Desktop CPU ကတြက္ကေတာ့ အေထြအထူး မရွိပါဘူး။ K ပါတာနဲ႕ မပါတာ ဒီ ၂ ႏွစ္ခုဘဲ ရွိပါမယ္။ ရိုးရိုးက official default core clock နဲ႕ K ပါရင္ေတာ့ unlock core clock ေပ့ါ။ ဥပမာ Intel® Core™ i7-8700 Processor ဒါဆိုရင္ i7 ေပ့ါ ၊ 8700 လုိ႕ ေရးထားတဲ့အတြက္ generation က 8th gen ေပ့ါ။ ဒီေကာင္မွာဆိုရင္ Processor Base Frequency က 3.20 GHz ကေနစျပီးေတာ့ Max Turbo Frequency
ကေတာ့ 4.60 GHz အထိ သံုးႏိုင္ပါတယ္။ ( Max လို႕ေရး ထားေပမယ့္လည္း Unlock မဟုတ္တဲ့အတြက္ အျပည္႕အ၀ သံုးႏိုင္မယ္လို႕ မေျပာႏိုင္ပါဘူး )..
Intel® Core™ i7-8700K Processor ဒီေကာင္ကေတာ့ official unlock cpu ပါ။ Processor Base Frequency က 3.70 GHz ကေနစျပီးေတာ့ Max Turbo Frequency ကေတာ့ 4.70 GHz အထိ သံုးႏိုင္ပါတယ္။ သူကေတာ့ unlock version ျဖစ္တဲ့အတြက္ အျပည္႕အ၀ အသံုးခ်ႏိုင္ ပါတယ္။

 ႀကံဳတုန္းေလး ထပ္ေျပာဦးမယ္ဗ်.
CPU ဆိုတာနဲ႕ သူ႕ခ်ည္းလည္း မျပီးေသးဘူး။ ဥပမာ ခင္ဗ်ားက cpu ကို တကယ္အျပည္႕အ၀ အသံုးခ်ခ်င္လို႕ ရိုးရိုးထက္ ေစ်းႀကီးတဲ့ K ( unlock version ) ၀ယ္လိုက္ျပီဆိုပါစို႕ ......
သူ႕ကို support ေပးမယ့္ motherboard ကလည္း အေရးႀကီး လာျပီ။ K version CPU ႀကီး ၀ယ္ျပီး B Series motherboard ႀကီး ၀ယ္မိရင္လည္း CPU ရဲ႕ လုပ္ေဆာင္ႏိုင္စြမး္ကို motherboard က အျပည္႕အ၀ မေထာက္ပံ့ႏိုင္ဘဲနဲ႕ သာမန္ K မပါတဲ့ version CPU ေလာက္ဘဲ သံုးႏိုင္ပါလိမ့္မယ္။
ဥပမာအေနနဲ႕ လုိက္ဖက္ညီတဲ့ cpu + mobo ဆိုရင္ .........
Core i7-7700K + asus z170k ေပ့ါ။
Core i7-7700K + gigabyte b150 ဆိုရင္ ဂြမ္းျပီေပ့ါ...

Mobile CPU (laptop CPU )
ဒီအတြက္က်ေတာ့ အေတာ္ေလး ကြဲတယ္ဗ်.
Desktop လုိ မလြယ္ေတာ့ဘူး ေနာက္မွာက အကၡရာေတြအေတာ္မ်ားတာ ... ဒီေနရာမွာ က်ေနာ္ intel cpu ေတြကို ေ၇းေပးသြားပါမယ္။ amd အတြက္ေတာ့ မထည္႕ေပးေတာ့ ပါဘူး။ ၁ ခု ကို သိျပီ ဆိုရင္ က်န္တဲ့ တစ္ခုကလည္း သိပ္မ ကြာတာမို႕ သေဘာေပါက္ေလာက္မယ္ ထင္ပါတယ္။ ျမန္မာလိုေတာ့ မေ၇းေတာ့ဘူးဗ်ာမူရင္းအတိုင္း E လို ေရးေပးလိုက္ တာက ပိုျပီးေတာ့ အဆင္ေျပပါလိမ့္မယ္။

Alpha Suffix >>> K
Description >>> Unlocked
Example >>> 8th Gen Intel® Core™ i7-8700K processor

Alpha Suffix >>> U
Description >>> Ultra-low power
Example >>> 8th Gen Intel® Core™ i7-8650U processor

#Alpha Suffix_Description_Example
#K_Unlocked_i7-7700K
#T_Power_optimized_lifestyle_i7-7700T processor
#H_High_performance_graphics_i3-7100H processor
#HK_High_performance_graphics_unlocked_i7-7820HK processor
#HQ_High_performance_graphics_quadcore_i7-7920HQ processor
#M_Mobile_i3-4000M processor
#Y_Extremely_low_power_i7-7Y75 processor
#U_Ultra-low_power_i7-7500U processor






အခု ေရးျပထားတဲ့အတိုင္း ဆိုရင္ က်ေနာ္တို႕ အေနနဲ႕ ေရွာင္ရမွာကY နဲ႕ U ပါ။ သူက power အစား သက္သာ ေအာင္ battery သက္တမ္း ပိုျပီးခံေအာင္ လုပ္ထားတာ မို႕လို႕ ၊ ဥပမာ ဆိုပါစို႕ က်ေနာ္တုိ႕ photoshop ေလးလည္း သံုးခ်င္တယ္။ adobe primire ေလးနဲ႕ video edit လည္း တည္းျဖတ္ခ်င္တယ္။ ဆိုရင္ေတာ့ Y နဲ႕ U ကို ေ၀းေ၀း သာေရွာင္ပါ။ က်ေနာ္ အခု လက္ရွိသံုးေနတဲ့ လက္ေတာ့ ေလးက lenovo G410 ပါ။ CPU i3 4000M (2 core /4 thread ) နဲ႕ RAM 4 GB / intel HD Graphic 4600 ( 1 GB ) ပါ။ photoshop / adobe primire တို႕ကို မထစ္မေင့ါ သံုးႏိုင္တဲ့အျပင္ Prototype 2 လို ဂိမ္းကို လည္း မထစ္မေငါ့ နဲ႕ ေဆာ့ႏိုင္ပါတယ္။ (ဒီစက္ေလး ၀ယ္ထားတာ 2014 / 10 လ ပိုင္းေလာက္တည္းကပါ။
အခုအခ်ိန္ထိ up to date ဂိမ္းအေတာ္မ်ားမ်ားကို ေဆာ့ႏိုင္တုန္းပါဘဲ။ ဒါဆိုရင္ က်ေနာ္တို႕ ကြန္ပ်ဴတာ ၀ယ္တဲ့ အခါ ဒီ ကြန္ပ်ဴတာ/လက္ေတာ့ တစ္လံုးမွာ ဘာ cpu ဘာသံုးထားလဲသိရေအာင္ ဘယ္လို စစ္ေဆးၾကမလဲ။ (My computer > properties ကေန ၾကည္႕မယ္လို႕မေျပာေၾကး ငိငိ ၊ အဲကေန ၾကည့္တာက အေသးစိတ္မသိရပါဘူး)
software နဲ႕ သံုးျပီး စစ္မယ္ဆိုရင္ေတာ့
https://www.cpuid.com/softwares/cpu-z.html
ကို အသံုးျပဳျပီး စစ္ေဆးႏိုင္ပါတယ္။ ဆိုပါစို႕ က်ေနာ္တို႕အေနနဲ႕ software တင္ဖို႕ ခြင့္မျပဳတဲ့အခါမ်ဳိးမွာေရာ ဘယ္လို စစ္ေဆး ၾကမလဲ ..
ဆိုင္တိုင္းကေတာ့ ကြန္ပ်ဴတာကို power ဖြင့္ေပးျပီး ၾကည္႕ ခြင့္ေပးပါတယ္။ Power ဖြင့္ျပီး window တက္လာတာနဲ႕ ..... ကီးဘုတ္ကေန window logo key + R ေလးကို ႏွိပ္ျပီး dxdiag လို႕ ရိုက္ျပီး enter ေခါက္လိုက္ပါ။ DirectX Diagnostic Tool ေလး ေပၚလာပါမယ္။ System tab ေအာက္က processor
ေနရာမွာ အေသးစိတ္ ေဖၚျပထားပါတယ္။

Display Tab ေအာက္မွာ ေတာ့ Graphic နဲ႕ ပတ္သက္တာ ေတြ ေရးေပးထားပါတယ္။



ကဲ.. ဒီေလာက္ဆို နည္းနည္း သေဘာေပါက္ေလာက္ၿပီေပါ့...

<Unicode>
ကွန်ပျူတာဝယ်တဲ့အခါ အဓိက ကြည့်ကြတာက CPU, RAM, Graphic နဲ့ Storage ပါပဲ.. ကျွန်တော်တို့ ခုလက်ရှိအသုံးများနေတာက Desktop PC မှာရော Laptop မှာပါ Intel ရဲ့ CPU တွေပါ.. အဲဒီထဲက i-Series တွေဟာ အသုံးအများဆုံးပါပဲ.. ကွန်ပျူတာ CPU ကိုသာကြည့်ကြတာ CPU တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ တော်တော်များများ မသိကြပါဘူး.. CPU တွေထဲက Intel ရဲ့ i-Series CPU တွေမှာပါတဲ့ အက္ခရာအကြောင်း ဖတ်မိသလောက် ပြန်လည် မျှဝေပါမယ်..

Desktop CPU
 Desktop CPU ကတွက်ကတော့ အထွေအထူး မရှိပါဘူး။ K ပါတာနဲ့ မပါတာ ဒီ ၂ နှစ်ခုဘဲ ရှိပါမယ်။ ရိုးရိုးက official default core clock နဲ့ K ပါရင်တော့ unlock core clock ပေ့ါ။ ဥပမာ Intel® Core™ i7-8700 Processor ဒါဆိုရင် i7 ပေ့ါ ၊ 8700 လို့ ရေးထားတဲ့အတွက် generation က 8th gen ပေ့ါ။ ဒီကောင်မှာဆိုရင် Processor Base Frequency က 3.20 GHz ကနေစပြီးတော့ Max Turbo Frequency
ကတော့ 4.60 GHz အထိ သုံးနိုင်ပါတယ်။ ( Max လို့ရေး ထားပေမယ့်လည်း Unlock မဟုတ်တဲ့အတွက် အပြည့်အဝ သုံးနိုင်မယ်လို့ မပြောနိုင်ပါဘူး )..
Intel® Core™ i7-8700K Processor ဒီကောင်ကတော့ official unlock cpu ပါ။ Processor Base Frequency က 3.70 GHz ကနေစပြီးတော့ Max Turbo Frequency ကတော့ 4.70 GHz အထိ သုံးနိုင်ပါတယ်။ သူကတော့ unlock version ဖြစ်တဲ့အတွက် အပြည့်အဝ အသုံးချနိုင် ပါတယ်။

 ကြုံတုန်းလေး ထပ်ပြောဦးမယ်ဗျ.
CPU ဆိုတာနဲ့ သူ့ချည်းလည်း မပြီးသေးဘူး။ ဥပမာ ခင်ဗျားက cpu ကို တကယ်အပြည့်အဝ အသုံးချချင်လို့ ရိုးရိုးထက် စျေးကြီးတဲ့ K ( unlock version ) ၀ယ်လိုက်ပြီဆိုပါစို့ ......
သူ့ကို support ပေးမယ့် motherboard ကလည်း အရေးကြီး လာပြီ။ K version CPU ကြီး ၀ယ်ပြီး B Series motherboard ကြီး ၀ယ်မိရင်လည်း CPU ရဲ့ လုပ်ဆောင်နိုင်စွမး်ကို motherboard က အပြည့်အဝ မထောက်ပံ့နိုင်ဘဲနဲ့ သာမန် K မပါတဲ့ version CPU လောက်ဘဲ သုံးနိုင်ပါလိမ့်မယ်။
ဥပမာအနေနဲ့ လိုက်ဖက်ညီတဲ့ cpu + mobo ဆိုရင် .........
Core i7-7700K + asus z170k ပေ့ါ။
Core i7-7700K + gigabyte b150 ဆိုရင် ဂွမ်းပြီပေ့ါ...

Mobile CPU (laptop CPU )
ဒီအတွက်ကျတော့ အတော်လေး ကွဲတယ်ဗျ.
Desktop လို မလွယ်တော့ဘူး နောက်မှာက အက္ခရာတွေအတော်များတာ ... ဒီနေရာမှာ ကျနော် intel cpu တွေကို ရေးပေးသွားပါမယ်။ amd အတွက်တော့ မထည့်ပေးတော့ ပါဘူး။ ၁ ခု ကို သိပြီ ဆိုရင် ကျန်တဲ့ တစ်ခုကလည်း သိပ်မ ကွာတာမို့ သဘောပေါက်လောက်မယ် ထင်ပါတယ်။ မြန်မာလိုတော့ မရေးတော့ဘူးဗျာမူရင်းအတိုင်း E လို ရေးပေးလိုက် တာက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။

Alpha Suffix >>> K
Description >>> Unlocked
Example >>> 8th Gen Intel® Core™ i7-8700K processor

Alpha Suffix >>> U
Description >>> Ultra-low power
Example >>> 8th Gen Intel® Core™ i7-8650U processor

#Alpha Suffix_Description_Example
#K_Unlocked_i7-7700K
#T_Power_optimized_lifestyle_i7-7700T processor
#H_High_performance_graphics_i3-7100H processor
#HK_High_performance_graphics_unlocked_i7-7820HK processor
#HQ_High_performance_graphics_quadcore_i7-7920HQ processor
#M_Mobile_i3-4000M processor
#Y_Extremely_low_power_i7-7Y75 processor
#U_Ultra-low_power_i7-7500U processor

အခု ရေးပြထားတဲ့အတိုင်း ဆိုရင် ကျနော်တို့ အနေနဲ့ ရှောင်ရမှာကY နဲ့ U ပါ။ သူက power အစား သက်သာ အောင် battery သက်တမ်း ပိုပြီးခံအောင် လုပ်ထားတာ မို့လို့ ၊ ဥပမာ ဆိုပါစို့ ကျနော်တို့ photoshop လေးလည်း သုံးချင်တယ်။ adobe primire လေးနဲ့ video edit လည်း တည်းဖြတ်ချင်တယ်။ ဆိုရင်တော့ Y နဲ့ U ကို ဝေးဝေး သာရှောင်ပါ။ ကျနော် အခု လက်ရှိသုံးနေတဲ့ လက်တော့ လေးက lenovo G410 ပါ။ CPU i3 4000M (2 core /4 thread ) နဲ့ RAM 4 GB / intel HD Graphic 4600 ( 1 GB ) ပါ။ photoshop / adobe primire တို့ကို မထစ်မငေ့ါ သုံးနိုင်တဲ့အပြင် Prototype 2 လို ဂိမ်းကို လည်း မထစ်မငေါ့ နဲ့ ဆော့နိုင်ပါတယ်။ (ဒီစက်လေး ၀ယ်ထားတာ 2014 / 10 လ ပိုင်းလောက်တည်းကပါ။
အခုအချိန်ထိ up to date ဂိမ်းအတော်များများကို ဆော့နိုင်တုန်းပါဘဲ။ ဒါဆိုရင် ကျနော်တို့ ကွန်ပျူတာ ၀ယ်တဲ့ အခါ ဒီ ကွန်ပျူတာ/လက်တော့ တစ်လုံးမှာ ဘာ cpu ဘာသုံးထားလဲသိရအောင် ဘယ်လို စစ်ဆေးကြမလဲ။ (My computer > properties ကနေ ကြည့်မယ်လို့မပြောကြေး ငိငိ ၊ အဲကနေ ကြည့်တာက အသေးစိတ်မသိရပါဘူး)
software နဲ့ သုံးပြီး စစ်မယ်ဆိုရင်တော့
https://www.cpuid.com/softwares/cpu-z.html
ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ဆိုပါစို့ ကျနော်တို့အနေနဲ့ software တင်ဖို့ ခွင့်မပြုတဲ့အခါမျိုးမှာရော ဘယ်လို စစ်ဆေး ကြမလဲ ..
ဆိုင်တိုင်းကတော့ ကွန်ပျူတာကို power ဖွင့်ပေးပြီး ကြည့် ခွင့်ပေးပါတယ်။ Power ဖွင့်ပြီး window တက်လာတာနဲ့ ..... ကီးဘုတ်ကနေ window logo key + R လေးကို နှိပ်ပြီး dxdiag လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ DirectX Diagnostic Tool လေး ပေါ်လာပါမယ်။ System tab အောက်က processor
နေရာမှာ အသေးစိတ် ဖေါ်ပြထားပါတယ်။ Display Tab အောက်မှာ တော့ Graphic နဲ့ ပတ်သက်တာ တွေ ရေးပေးထားပါတယ်။

ကဲ.. ဒီလောက်ဆို နည်းနည်း သဘောပေါက်လောက်ပြီပေါ့...

အဂၢမဟာအဘဆရာကီးသီဟသူရဗလစည္သူကိုကိုယမကာလုလင္

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !