Advertise Here !


Facebook Messenger App ေပၚကေန 4K Resolution ရွိတဲ့ ဓာတ္ပံုေတြကို အျပန္အလွန္ေပးပို႔ႏိုင္ေတာ့မယ္လို႔ ႏိုဝင္ဘာလ တတိယပတ္တုန္းက Facebook က ေၾကျငာလိုက္ပါတယ္..
"ကၽြန္ေတာ္တို႔က Messenger ေပၚကေန ပံုရိပ္ေတြေပးပို႔ဆက္သြယ္မႈကို ပိုၿပီးအာရံုစိုက္လုပ္ေဆာင္ေနပါတယ္" လို႔ Facebook Messenger Product Manager ျဖစ္သူ Sean Kelly နဲ႔ Hagen Green တို႔က ေရးသားခဲ့ပါတယ္..
“ႏိုဝင္ဘာတတိယပတ္ ၾကာသပေတးေန႔ကစၿပီး အဆင့္ျမင့္ စမတ္ဖုန္းေတြကေန 4K Resolution ရွိတဲ့ဓာတ္ပံု ဒါမွမဟုတ္ 4096x4096 Resolution ထိ ရွိတဲ့ဓာတ္ပံုေတြကို Messenger ေပၚကေန အျပန္အလွန္ေပးပို႔ႏိုင္ေတာ့မွာပါ.. Messenger ကို Upgrade လုပ္ၿပီးရင္ေတာ့ အရင္က ေပးပို႔ခဲ့တဲ့ ဓာတ္ပံုအရည္အေသြးနဲ႔ တျခားစီျဖစ္ေနမွာပါ.. ဒါေပမယ့္ ဖိုင္ဆိုဒ္ႀကီးၿပီး Resolution ျမင့္တဲ့ ပံုေတြ အျပန္အလွန္ေပးပို႔ရတာဟာ အရင္က သာမန္အေျခအေနအတိုင္းပဲ ျမန္ဆန္သြက္လက္ေနမွာျဖစ္ၿပီး Messenger App ကို ေႏွးသြား/ေလးသြားေစမွာမဟုတ္ဘူး” လို႔ Sean Kelly နဲ႔ Hagen Green တို႔က ထပ္မံျဖည့္စြက္ေရးသားခဲ့ၾကပါတယ္..



“ျမန္ႏႈန္းက အေရးႀကီးပါတယ္.. လူေတြက Messenger App ကိုဖြင့္လိုက္ရင္ ၂ စကၠန္႔ထက္ပိုၿပီး မေစာင့္ခ်င္ၾကဘူး.. ခ်က္ခ်င္းပြင့္လာတာကိုပဲ လိုခ်င္ၾကတာ.. စဖြင့္ၿပီး ၂ စကၠန္႔ထက္ေနာက္က်ေလေလ လူေတြက စိတ္ပ်က္လာေလျဖစ္လိမ့္မယ္” လို႔ အႀကံေပးခဲ့သူေတြလည္းရွိပါတယ္..
4K Resolution ကို အေထာက္အပံ့ေပးထားတဲ့ Facebook Messenger ဗားရွင္းသစ္ကို ျမွင့္ၿပီးရင္ လုပ္ရိုးလုပ္စဥ္အတိုင္းပဲ Conversation ကိုဖြင့္၊ Camera Roll icon ကိုႏွိပ္၊ ဓာတ္ပံုကိုေရြးၿပီး Send ကိုႏွိပ္ေပးရံုပါပဲ.. အသံုးျပဳသူရဲ႕ Smartphone ကသာ 4K Resolution ရွိတဲ့ ဓာတ္ပံုေတြကို ရိုက္ႏိုင္၊ သိမ္းႏိုင္တဲ့ smartphone ျဖစ္ဖို႔ပဲလိုတာပါ.. ခုေလာေလာဆယ္ေတာ့ 4K Resolution ကို
အေမရိကန္၊ ကေနဒါ၊ ျပင္သစ္၊ ၿဗိတိန္၊ စကၤာပူ၊ ေဟာင္ေကာင္၊ ဂ်ပန္နဲ႔ ေတာင္ကိုးရီးယားႏိုင္ငံက iPhone နဲ႔ အဆင့္ျမင့္ Android Smartphone ကိုင္သူေတြသာ အသံုးျပဳႏိုင္ပါအံုးမယ္.. “Apple, Google, Samsung အျမင့္ဖုန္းေတြမွာေတာ့ 4K Resolution ကိုအေထာက္အပံ့ေပးတဲ့ ဓာတ္ပံုေတြ ရိုက္ႏိုင္/သိမ္းႏိုင္ၾကပါၿပီ.. တိုးတက္လာတဲ့ ေခတ္ေပၚနည္းပညာအရ Smartphone ေတာ္ေတာ္မ်ားမ်ားဟာ 4K Resolution ကိုအေထာက္အပံ့ေပးႏိုင္တယ္ဆိုေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ Fake ေတြ ျဖစ္ေနဆဲပါ.. တကယ္တမ္း 4K Resolution ကိုအေထာက္အပံ့ေပးတဲ့ Smartphone ကိုကိုင္ႏိုင္ဖို႔ဆိုရင္ ေဒၚလာ ၁၀၀၀ ေလာက္သံုးမွ ရႏိုင္ေနေသးတယ္.. ဒါဟာ 4K Support Messenger ကို လူတိုင္းအသံုးျပဳဖို႔ မလြယ္ေသးဘူးဆိုတာ လက္ခံရမွာပဲ “ လို႔ ေစ်းကြက္ကၽြမ္းက်င္သူအခ်ဳိ႕က သံုးသပ္ၾကပါတယ္..



"4K Resolution ဓာတ္ပံုေတြက ဖိုင္ဆိုဒ္ႀကီးလြန္းတယ္၊ Data ကေတာ့ သိပ္စားမွာပဲ၊ အဆင္ေျပပါ့မလား" လို႔ Forum မွာ ေမးခဲ့သူေတြကို " Facebook သံုးတဲ့သူေတာ္ေတာ္မ်ားမ်ားက သူတို႔ ဒီေန႔ ဘယ္ကိုသြားတယ္၊ ဘာကိုစားတယ္ ဒါေလာက္ပဲ အသံုးမ်ားၾကတာပါ.. တကယ့္ အေရးႀကီးၿပီး တန္ဖိုးရွိတဲ့ 4K ဓာတ္ပံုကို ပို႔ဖို႔လိုအပ္တဲ့သူ နည္းနည္းပဲရွိမွာေလ.. ဒါေၾကာင့္ ဓာတ္ပံုေတြပို႔တိုင္း 4K ကိုခ်ည္းသံုးေနမွာမွ မဟုတ္တာ.. Data အတြက္ေတာ့ စိတ္မပူေစခ်င္ဘူး.. Wifi ရတဲ့ေနရာေတြေရာက္မွ ပို႔လဲ ရတာပဲဗ်ာ" လို႔ Enderle က တုန္႔ျပန္ခဲ့ပါတယ္..
“4K Resolution ရွိတဲ့ ဓာတ္ပံုေတြကို ေပးပို႔/လက္ခံမယ္ဆိုရင္ ဖိုင္ဆိုဒ္က ႀကီးတဲ့အတြက္ Data အသံုးျပဳမႈကေတာ့ အထိုက္အေလ်ာက္ စားမွာပါပဲ.. အဆင့္ျမင့္ဖုန္းကို ကိုင္ထားေပမယ့္ အင္တာနက္ ေစ်းႀကီးတဲ့ ႏိုင္ငံေတြမွာေတာ့ နည္းနည္း အကုန္အက်ပိုမ်ားေနမွာပါ.. ဒါေပမယ့္ နည္းပညာ အလွ်င္အျမန္တိုးတက္ေနတဲ့ ေခတ္မွာေတာ့ တန္ဖိုးနည္းေပမယ့္ အဆင့္ျမင့္ Smartphone ေတြ ေစ်းကြက္ထဲကို ေတာက္ေလွ်ာက္ ဝင္ေရာက္ေနတာပါ.. သိပ္မၾကာခင္မွာေတာ့ ကမၻာ့ႏိုင္ငံအားလံုးမွာ 4K Resolution အေထာက္အပံ့ေပးတဲ့ Messenger နဲ႔ အရည္အေသြးျမင့္ ဓာတ္ပံုေတြကို ေပးပို႔ႏိုင္ၾကေတာ့မွာပါ” လို႔ Facebook Messenger က တာဝန္ရွိသူေတြက ေျပာပါတယ္..

<Unicode>
Facebook Messenger App ပေါ်ကနေ 4K Resolution ရှိတဲ့ ဓာတ်ပုံတွေကို အပြန်အလှန်ပေးပို့နိုင်တော့မယ်လို့ နိုဝင်ဘာလ တတိယပတ်တုန်းက Facebook က ကြေငြာလိုက်ပါတယ်..
"ကျွန်တော်တို့က Messenger ပေါ်ကနေ ပုံရိပ်တွေပေးပို့ဆက်သွယ်မှုကို ပိုပြီးအာရုံစိုက်လုပ်ဆောင်နေပါတယ်" လို့ Facebook Messenger Product Manager ဖြစ်သူ Sean Kelly နဲ့ Hagen Green တို့က ရေးသားခဲ့ပါတယ်..
“နိုဝင်ဘာတတိယပတ် ကြာသပတေးနေ့ကစပြီး အဆင့်မြင့် စမတ်ဖုန်းတွေကနေ 4K Resolution ရှိတဲ့ဓာတ်ပုံ ဒါမှမဟုတ် 4096x4096 Resolution ထိ ရှိတဲ့ဓာတ်ပုံတွေကို Messenger ပေါ်ကနေ အပြန်အလှန်ပေးပို့နိုင်တော့မှာပါ.. Messenger ကို Upgrade လုပ်ပြီးရင်တော့ အရင်က ပေးပို့ခဲ့တဲ့ ဓာတ်ပုံအရည်အသွေးနဲ့ တခြားစီဖြစ်နေမှာပါ.. ဒါပေမယ့် ဖိုင်ဆိုဒ်ကြီးပြီး Resolution မြင့်တဲ့ ပုံတွေ အပြန်အလှန်ပေးပို့ရတာဟာ အရင်က သာမန်အခြေအနေအတိုင်းပဲ မြန်ဆန်သွက်လက်နေမှာဖြစ်ပြီး Messenger App ကို နှေးသွား/လေးသွားစေမှာမဟုတ်ဘူး” လို့ Sean Kelly နဲ့ Hagen Green တို့က ထပ်မံဖြည့်စွက်ရေးသားခဲ့ကြပါတယ်..
“မြန်နှုန်းက အရေးကြီးပါတယ်.. လူတွေက Messenger App ကိုဖွင့်လိုက်ရင် ၂ စက္ကန့်ထက်ပိုပြီး မစောင့်ချင်ကြဘူး.. ချက်ချင်းပွင့်လာတာကိုပဲ လိုချင်ကြတာ.. စဖွင့်ပြီး ၂ စက္ကန့်ထက်နောက်ကျလေလေ လူတွေက စိတ်ပျက်လာလေဖြစ်လိမ့်မယ်” လို့ အကြံပေးခဲ့သူတွေလည်းရှိပါတယ်..
4K Resolution ကို အထောက်အပံ့ပေးထားတဲ့ Facebook Messenger ဗားရှင်းသစ်ကို မြှင့်ပြီးရင် လုပ်ရိုးလုပ်စဉ်အတိုင်းပဲ Conversation ကိုဖွင့်၊ Camera Roll icon ကိုနှိပ်၊ ဓာတ်ပုံကိုရွေးပြီး Send ကိုနှိပ်ပေးရုံပါပဲ.. အသုံးပြုသူရဲ့ Smartphone ကသာ 4K Resolution ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်၊ သိမ်းနိုင်တဲ့ smartphone ဖြစ်ဖို့ပဲလိုတာပါ.. ခုလောလောဆယ်တော့ 4K Resolution ကို
အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံက iPhone နဲ့ အဆင့်မြင့် Android Smartphone ကိုင်သူတွေသာ အသုံးပြုနိုင်ပါအုံးမယ်.. “Apple, Google, Samsung အမြင့်ဖုန်းတွေမှာတော့ 4K Resolution ကိုအထောက်အပံ့ပေးတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်/သိမ်းနိုင်ကြပါပြီ.. တိုးတက်လာတဲ့ ခေတ်ပေါ်နည်းပညာအရ Smartphone တော်တော်များများဟာ 4K Resolution ကိုအထောက်အပံ့ပေးနိုင်တယ်ဆိုပေမယ့် တော်တော်များများကတော့ Fake တွေ ဖြစ်နေဆဲပါ.. တကယ်တမ်း 4K Resolution ကိုအထောက်အပံ့ပေးတဲ့ Smartphone ကိုကိုင်နိုင်ဖို့ဆိုရင် ဒေါ်လာ ၁၀၀၀ လောက်သုံးမှ ရနိုင်နေသေးတယ်.. ဒါဟာ 4K Support Messenger ကို လူတိုင်းအသုံးပြုဖို့ မလွယ်သေးဘူးဆိုတာ လက်ခံရမှာပဲ “ လို့ စျေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ကြပါတယ်..
"4K Resolution ဓာတ်ပုံတွေက ဖိုင်ဆိုဒ်ကြီးလွန်းတယ်၊ Data ကတော့ သိပ်စားမှာပဲ၊ အဆင်ပြေပါ့မလား" လို့ Forum မှာ မေးခဲ့သူတွေကို " Facebook သုံးတဲ့သူတော်တော်များများက သူတို့ ဒီနေ့ ဘယ်ကိုသွားတယ်၊ ဘာကိုစားတယ် ဒါလောက်ပဲ အသုံးများကြတာပါ.. တကယ့် အရေးကြီးပြီး တန်ဖိုးရှိတဲ့ 4K ဓာတ်ပုံကို ပို့ဖို့လိုအပ်တဲ့သူ နည်းနည်းပဲရှိမှာလေ.. ဒါကြောင့် ဓာတ်ပုံတွေပို့တိုင်း 4K ကိုချည်းသုံးနေမှာမှ မဟုတ်တာ.. Data အတွက်တော့ စိတ်မပူစေချင်ဘူး.. Wifi ရတဲ့နေရာတွေရောက်မှ ပို့လဲ ရတာပဲဗျာ" လို့ Enderle က တုန့်ပြန်ခဲ့ပါတယ်..
“4K Resolution ရှိတဲ့ ဓာတ်ပုံတွေကို ပေးပို့/လက်ခံမယ်ဆိုရင် ဖိုင်ဆိုဒ်က ကြီးတဲ့အတွက် Data အသုံးပြုမှုကတော့ အထိုက်အလျောက် စားမှာပါပဲ.. အဆင့်မြင့်ဖုန်းကို ကိုင်ထားပေမယ့် အင်တာနက် စျေးကြီးတဲ့ နိုင်ငံတွေမှာတော့ နည်းနည်း အကုန်အကျပိုများနေမှာပါ.. ဒါပေမယ့် နည်းပညာ အလျှင်အမြန်တိုးတက်နေတဲ့ ခေတ်မှာတော့ တန်ဖိုးနည်းပေမယ့် အဆင့်မြင့် Smartphone တွေ စျေးကွက်ထဲကို တောက်လျှောက် ဝင်ရောက်နေတာပါ.. သိပ်မကြာခင်မှာတော့ ကမ္ဘာ့နိုင်ငံအားလုံးမှာ 4K Resolution အထောက်အပံ့ပေးတဲ့ Messenger နဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပေးပို့နိုင်ကြတော့မှာပါ” လို့ Facebook Messenger က တာဝန်ရှိသူတွေက ပြောပါတယ်..

Ref : TechNews

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !