ခုတလော Facebook ပေါ်မှာများများစားစားပေါ်ထွက်လာနေတာကတော့ " ဤ Page or Post ကို Like လုပ်ပါ, ပြီးရင် Share ပါ.. ကားအကောင်းစား၊ တိုက်အိမ်၊ iPhone ကံစမ်းမဲဖောက်ပေးမယ်" စတဲ့ အကြောင်းအရာတွေတင်ပြီး Like, Share လုပ်ခိုင်းတဲ့ Page တွေပါပဲ..
Page ကိုတည်ထောင်တဲ့သူတွေရဲ့ မူလရည်ရွယ်ချက်ကို မသိပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ကာလ အနည်းငယ်အတွင်းမှာ Like, Share များများရအောင်လုပ်ပြီး ကြော်ငြာ Page သို့မဟုတ် Sex နဲ့ပတ်သက်တဲ့ Page တွေအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်နိုင်ချေများပါတယ်..
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးရှိတဲ့နိုင်ငံဖြစ်ပေမယ့် လောဘကိုမထိန်းချုပ်နိုင်သည်ကတကြောင်း၊ Facebook နဲ့ပတ်သက်တဲ့ ဗဟုသုတနည်းပါးတာ/ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ စဉ်းစားနိုင်တဲ့ အခြေအနေ မရှိတာက တကြောင်း .. အကြောင်းကြောင်းတွေကြောင့် Like, Share လုပ်ကြပါတယ်..
ကောင်းပြီ.. Page ကို Like လုပ်ရုံ၊ Share ရုံနဲ့ ဘာတွေဆုံးရှုံးသွားနိုင်လို့လဲ...
ဟုတ်ကဲ့.. ဆုံးရှုံးစရာတွေ ရှိနေပါတယ်..
ဆုံးရှုံးစရာကငွေကြေးမဟုတ်ဘူး၊ အချိန်မဟုတ်ဘူး.. အဲဒါတွေထက် တန်ဖိုးကြီးတဲ့အရာ..
ဂုဏ်သိက္ခာ ဆုံးရှုံးနိုင်တာပါ..

ဘယ်လိုဆုံးရှုံးနိုင်တာလဲ
အလိမ်အညာ Page မှာ ဖေါ်ပြထားတဲ့ ကံစမ်းမဲဖောက်ပေးမယ်ဆိုတဲ့အကြောင်းအရာတွေဟာ တကယ်ပေးမယ့် ကံစမ်းမဲတွေ ဖြစ်နိုင်ချေ နည်းပါတယ်.. ကိုယ်က Like လုပ်ထား၊ Share ထားတဲ့ Page ဟာ မကြာခင် Page Name ပြောင်းပစ်တော့မှာပါ.. သတင်း/ကြော်ငြာ Page တွေအဖြစ် ပြောင်းလဲပစ်တာက ဘာမှမဖြစ်ပေမယ့် Sexy Page အဖြစ် ပြောင်းလဲပစ်လိုက်တဲ့အခါ ကိုယ့် New Feed တစ်ခုလုံးမှာ ကိုယ် Like, Share လုပ်ထားတဲ့ Page က တင်သမျ Sex နဲ့ပတ်သက်တဲ့ အမြင်မတော်၊ အဖတ်မတော်တဲ့ အကြောင်းအရာတွေဟာ တောက်လျှောက် တက်လာတော့မှာပါ.. ဒါ့အပြင် Sexy Page က ပို့စ်ကြီးကို Share ထားတဲ့ကိုယ့်ကို အခြားသူတွေက ဘယ်လိုအထင်ကြီး လေးစားမှာတဲ့လဲ.. နောက်ပြီး Sex Page မှာ ကိုယ် Like လုပ်ထားတဲ့ ပုံကြီးက အတိုင်းသားမြင်နေရတဲ့အခါ၊ ကိုယ့်ရဲ့ Timeline မှာ Sex Page ကို Like လုပ်ထားကြောင်း အခြားသူတွေ မြင်တွေ့နေရတဲ့အခါ ကိုယ့်ရဲ့ ဂုဏ်သိက္ခာဟာ အလိုလိုနေရင်း အောက်ဆုံးကို ရောက်သွားပါပြီ.. ဘယ်သူမပြု မိမိမှုပေါ့.. ကိုယ်ကမှ Like, Share မလုပ်ခင် မစစ်မိခဲ့ဘဲကိုး... လောလောဆယ် ကံစမ်းမဲတွေ မစားရ ဝခမန်းပေးထားတဲ့ Mpt Myanmar နာမည်နဲ့ Page အတု တစ်ခုကတော့ Sexy Toys Myanmar နာမည်ပြောင်းလိုက်ပါပြီ.. (Photo Credit : Lwin Ko)



ဒါဆိုရင် ကိုယ်က Like, Share မလုပ်ခင် အတုလား အစစ်လား ဘယ်လိုခွဲမလဲ..

1. တရားဝင် Page ဟုတ်မဟုတ် စစ်ပါ
Like, Share လုပ်ခိုင်းတဲ့ Post ရဲ့ Page ကိုနှိပ်လိုက်ပါ..
သာမန်အားဖြင့် ကုမ္ပဏီကြီးတွေရဲ့ တရားဝင် Page တော်တော်များများမှာ Blue Mark လေးတွေရှိနေတတ်ပါတယ်.. Blue Mark လို့ခေါ်တဲ့ အပြာဝိုင်းလေးမရှိဘူးဆိုရင် Page ထောင်တဲ့ရက်ကို စစ်ပါ.. ကုမ္ပဏီ/တံဆိပ်နာမည်ကိုကြားဖူးနေတာလည်းကြာပြီ.. သို့သော် Blue Mark လည်းမရှိဘူး၊ Page ထောင်ထားတဲ့ ရက်ကလည်း မကြာသေးဘူးဆိုရင် Page အတုဖြစ်ဖို့ ရာနှုန်းတော်တော်များများ သေချာသွားပါပြီ..
2. ကံစမ်းမဲဖောက်ပေးမယ့် ပစ္စည်းတွေရဲ့ အခြေအနေကို စစ်ပါ
ကံစမ်းမဲဖောက်ပေးမယ်ဆိုတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးဟာ သိပ်များနေမယ်ဆိုရင် မသင်္ကာရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်.. Page နာမည်မှာဖေါ်ပြထားတဲ့ ကုမ္ပဏီ/Brand ဟာ ကိုယ်လည်း သိပ်မကြားဖူးဘူး. ကံစမ်းမဲပေးမယ့် ပစ္စည်းရဲ့ တန်ဖိုးကလည်း သိပ်မြင့်နေမယ်ဆိုရင် အလိမ် ဖြစ်နိုင်တယ်ဆိုတာကို သတိထားရပါမယ်.. အချို့က တရားဝင်ကုမ္ပဏီက တရားဝင် ကံစမ်းမဲဖောက်ပေးမယ့် ပစ္စည်းတွေကို ဖေါ်ပြပြီး လိမ်တတ်ကြပါတယ်.. ဒါပေမယ့် ပထမ အချက်တုန်းက ဖေါ်ပြခဲ့သလို တရားဝင် Page ဟုတ်မဟုတ် စစ်ပြီး အဲဒီ Page မှာ ဖေါ်ပြထားတဲ့ ကံစမ်းမဲ အစီအစဉ်မျိုးမဟုတ်ဘဲ Page အတုမှာဖေါ်ပြထားတဲ့ အချက်အလက်တွေဟာ လွဲချော်နေတယ်ဆိုရင် အလိမ် ဖြစ်ဖို့ သေချာသွားပါပြီ...
Fake Page စစ်တဲ့ အခြားနည်းတွေလည်းရှိပါတယ်..


Like, Share မလုပ်ခင် ဒီ ၂ ချက်နဲ့တင် Page အတု၊ ပို့စ်အတုတွေကိုခွဲခြားနိုင်လိမ့်မယ်လို့ထင်ပါတယ်..

ကဲ ခုပဲ Like, Share လုပ်ထားတဲ့ Post တွေကို ကိုယ့် Wall မှာ ပြန်စစ်ပြီး အတုလို့ မသင်္ကာရင် Unlike လုပ်၊ ပို့စ်ကို Delete လုပ်ပစ်လိုက်ပါ.. Post အတုတွေကို Like, Share လုပ်တာ အကျိုးမရှိတဲ့အပြင် မိမိဖုန်းနံပတ် နောက်ဆုံး ၃/၄ လုံးကိုရိုက်ထည့်ပါ ဆိုလို့ ရိုက်ထည့်လိုက်တာ ကိုယ့်ဖုန်းနံပတ်ပါ ခန့်မှန်းရလွယ်သွားတယ်..

လောလောလတ်လတ် နာမည်ကြီးပြီး Like, Share များနေတဲ့ Page အတုတွေကတော့

1. MPT နာမည်နဲ့
  • MPT Myanmar
  • MPT-Myanmar.
  • MPT Myanmar Official
  

MPT Page အတုအချို့ရဲ့ ပို့စ် အတုအချို့


တကယ့် MPT ရဲ့ Page အစစ်က Blue mark ပါတယ်.. ဒီစာရေးတဲ့အချိန်ထိ Like ပေါင်း 8399210, Follow က 8411264 ရှိတယ်.. တရားဝင် Page လိပ်စာကတော့ https://www.facebook.com/mptofficialpage/ ဖြစ်ပါတယ်.. အောက်က ပုံ ၂ ခုကတော့ MPT Page အစစ်ရဲ့ပုံ ဖြစ်ပါတယ်..





 

MPT က ကံစမ်းမဲပေးတာတော့ မှန်ပါတယ်.. ဒါပေမယ့် Page, Post ကို Like, Share လုပ်ခိုင်းပြီးမှ ကံစမ်းမဲပေးနေတာမဟုတ်ပါဘူး.. ဖုန်းဘေ သုံးစွဲသူတွေကို ပမာဏအလိုက်သတ်မှတ်ပြီး ကံစမ်းမဲပေးနေတာပါ.. MPT က ပေးတဲ့ ကံစမ်းမဲအကြောင်းကို MPT သုံးစွဲသူတွေဆီ SMS Message ကတစ်ဆင့် ဖုန်းတိုင်းကိုပို့ပါတယ်.. 

2. နောက်ထပ် Page အတုတစ်ခုကတော့ Myanmar Idol Fan နာမည်နဲ့.. Page..
Myanmar Idol Fan အတုရဲ့ ပို့စ်အတုတစ်ခု ( Share ထားလိုက်ကြတာ.. မြင်မကောင်းဘူး )



တကယ့် Myanmar Idol ရဲ့ Page အစစ်က Blue Mark လေးပါတယ်.. လိပ်စာက https://www.facebook.com/mntvMyanmarIdol/ ဖြစ်ပါတယ်.. ဒီစာကိုရေးနေချိန်ထိ Like ပေါင်း 3316893 ရှိပြီး Follow ပေါင်း 3363559 ရှိပါတယ်..
 
တကယ့်အစစ် Myanmar Idol Fan နာမည်နဲ့ဆိုရင်တော့ Page  မဟုတ်ပါဘူး.. Group ဖြစ်ပါတယ်.. ခုစာရေးနေချိန်ထိ Member ပေါင်း 130000 ကျော်ရှိပါတယ်.. လိပ်စာက https://www.facebook.com/groups/210544896037184/ ဖြစ်ပါတယ်..

3. နောက်တစ်ခုက Max Myanmar Group နာမည်နဲ့..
Max Myanmar Group နာမည်နဲ့ page အတုရဲ့ ပို့စ်အတုတစ်ခု ( Share ထားကြတာ မြင်မကောင်းဘူး )


တကယ့်အစစ်က သေချာမသိပေမယ့် Max Myanmar Group of Companies နာမည်နဲ့ဖွင့်ထားတဲ့ https://www.facebook.com/MaxMyanmarGroupofCompanies/ ဖြစ်ဖို့များပါတယ်..

4. နောက်ထပ် Page တစ်ခုကတော့ Redmi-Myanmar နာမည်နဲ့..
Redmi-Myanmar နာမည်နဲ့ Page အတုရဲ့ ပို့စ်အတုတစ်ခု
 
Mi Myanmar ရဲ့ တကယ့်အမှန်အကန် နာမည်က Redmi-Myanmar မဟုတ်ပါဘူး.. Mi Myanmar ဖြစ်ပါတယ်.. Blue Mark လေးပါပါတယ်..

နောက်ထပ် Ooredoo နာမည်နဲ့ Page အတုတွေလည်း တွေ့ပါတယ်.. Ooredoo, Telenor, MPT စတဲ့ ကုမ္ပဏီကြီးတွေရဲ့ တရားဝင် Facebook Page တွေမှာ Blue Mark (အပြာမှတ်) လေးပါပါတယ်..
Page အတုတွေအကြောင်း၊ ပို့စ်အတုတွေအကြောင်း ပြောရရင် ဒီထက်မက စာရှည်ပါအုံးမယ်.. ဒီလောက်ဆို Page အတု၊ ပို့စ်အတုအကြောင်း နည်းနည်း သဘောပေါက်လောက်ပြီထင်ပါတယ်..

ဒီပို့စ်ကို တင်ရခြင်းရဲ့ရည်ရွယ်ချက်က ကိုယ့်ပိုက်ဆံ၊ ကိုယ့်အချိန်တွေကို အကုန်ခံပြီး Facebook သုံးစွဲကြသူတွေဟာ အကျိုးမရှိဘဲ ပိုက်ဆံ/အချိန် မကုန်စေချင်တာ၊ ကိုယ်က Like တစ်ချက်, Share တစ်ချက်လုပ်ရုံနဲ့ ကိုယ့်ဂုဏ်သိက္ခာ ဘယ်လောက်ထိ ကျဆင်းသွားနိုင်တယ်ဆိုတာကို အသိပညာ မျှဝေချင်တာ ကြောင့်ပါ.. နောက်ကြုံတဲ့အခါ Like တစ်ချက်, Share တစ်ချက်ကြောင့် ထောင်နန်းစံသွားတတ်တဲ့အကြောင်း ရေးပါအုံးမယ်...

အားလုံကို လေးစားလျက်

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: