Advertise Here !


Browser မွတစ္ဆင့္ အြန္ လိုင္းဂိမ္းကစားျခင္း၊ အြန္လိုင္း ေရဒီယိုနားေထာင္ျခင္းႏွင့္ YouTube ဗီဒီယိုၾကည့္႐ႈျခင္းတို႔ကို ျပဳလုပ္ႏိုင္ေသာ အထင္ကရ  plugin တစ္ခုျဖစ္သည့္ Flash Playerကို စတင္ထြက္သည့္အခ်ိန္မွ ဆယ္စုႏွစ္ႏွစ္စုအၾကာတြင္ အဆံုးသတ္ ရန္ Adobe က စီစဥ္ခဲ့သည္။
Chrome, Microsoft Edge ႏွင့္ Safari တို႔သည္ Flash ကို လြန္ခဲ့ေသာ ႏွစ္မ်ားကတည္းက တားျမစ္ခဲ့သည္။ ယခုအခါ Flash အတြက္ အေထာက္အပံ့ကို ၂၀၂၀ႏွစ္ကုန္တြင္ အၿပီးတိုင္ရပ္ဆိုင္း ရန္ Adobe က စီစဥ္ေနသည္။
‘‘Flash Player ျဖန္႔ေဝျခင္းနဲ႔ update ျပဳလုပ္ျခင္းကို ၂၀၂၀ ႏွစ္ ကုန္ပိုင္းမွာ ရပ္ဆိုင္းသြားပါမယ္။ Content creator ေတြအေနနဲ႔ လက္ရိွ Flash content ေတြကို open format သစ္ေတြထံ ေျပာင္းလဲဖို႔ တိုက္တြန္းလိုပါတယ္’’ဟု Adobe မွ ေျပာေရးဆိုခြင့္ရိွသူ တစ္ဦးက ေျပာၾကားသည္။
ဂိမ္း၊ ပညာေရးႏွင့္ ဗီဒီယိုဆိုက္အမ်ားအျပားတြင္ Flash  ကိုဆက္လက္အသံုးျပဳေနဆဲျဖစ္ေသာေၾကာင့္ Apple, Facebook, Google, Microsoft ႏွင့္ Mozilla တို႔ကဲ့သို႔ ကုမၸဏီမ်ားႏွင့္ လက္တြဲ ၿပီး ၂၀၂၀ မတိုင္မီအထိ အဆိုပါ နည္းပညာကို ေထာက္ပံ့မည္ဟု Adobe က ေျပာၾကားသည္။
Microsoft သည္ ၂၀၁၉ ဒုတိယႏွစ္ဝက္အတြင္း Edge ႏွင့္ Internet Explorer တြင္ default အေနႏွင့္ Flash ကို disable လုပ္ရန္ စီစဥ္ထားသည္။ ၂၀၁၉ တြင္Windows ဗားရွင္းအားလံုးမွ Flash အေထာက္အပံ့ကို အၿပီးတိုင္ဖယ္ရွားျဖစ္မည္ျဖစ္သည္။
Google ကလည္း Flash ကို လာမည့္ႏွစ္အနည္းငယ္အထိ disable ဆက္လုပ္ထားၿပီး ၂၀၂၀ တြင္ အၿပီးတိုင္ဖယ္ရွားမည္္ဟု ေျပာၾကားသည္။
Firefox သံုးစြဲသူမ်ားအေန ျဖင့္ ေနာက္လအထိ Flash  အသံုးျပဳႏိုင္မည့္ ဝက္ဘ္ဆိုက္မ်ားေရြး ခ်ယ္ႏိုင္မည္ျဖစ္ေၾကာင္း Mozillaက ေျပာၾကားသည္။ ထို႔အျပင္ Firefox Extended SupportRelease (ESR) သံုးစြဲသူမ်ားအေန ျဖင့္ ၂၀၂၀ ႏွစ္မကုန္မီအထိ Flash ကို ဆက္လက္အသံုးျပဳႏိုင္ မည္ျဖစ္သည္။ Apple  အေနျဖင့္လည္း Flash အတြက္  အေထာက္အပ့ံကို ၂၀၂၀ ႏွစ္ကုန္အထိ ေထာက္ပံ့ေပးမည္ဟု ဆိုသည္။
Flash ကို အဆံုးသတ္မည့္အတြက္ေၾကာင့္ လံုၿခံဳေရးပိုင္းတြင္ သိသိသာသာ တိုးတက္ေကာင္းမြန္လာၿပီး Laptop မ်ား ႏွင့္ အျခားမိုဘိုင္းထုတ္ကုန္မ်ား ဘက္ထရီသက္တမ္း ပိုေကာင္းလာမည္ျဖစ္သည္။

[Unicode]
Browser မှတစ်ဆင့် အွန် လိုင်းဂိမ်းကစားခြင်း၊ အွန်လိုင်း ရေဒီယိုနားထောင်ခြင်းနှင့် YouTube ဗီဒီယိုကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်သော အထင်ကရ  plugin တစ်ခုဖြစ်သည့် Flash Playerကို စတင်ထွက်သည့်အချိန်မှ ဆယ်စုနှစ်နှစ်စုအကြာတွင် အဆုံးသတ် ရန် Adobe က စီစဉ်ခဲ့သည်။
Chrome, Microsoft Edge နှင့် Safari တို့သည် Flash ကို လွန်ခဲ့သော နှစ်များကတည်းက တားမြစ်ခဲ့သည်။ ယခုအခါ Flash အတွက် အထောက်အပံ့ကို ၂၀၂၀နှစ်ကုန်တွင် အပြီးတိုင်ရပ်ဆိုင်း ရန် Adobe က စီစဉ်နေသည်။
‘‘Flash Player ဖြန့်ဝေခြင်းနဲ့ update ပြုလုပ်ခြင်းကို ၂၀၂၀ နှစ် ကုန်ပိုင်းမှာ ရပ်ဆိုင်းသွားပါမယ်။ Content creator တွေအနေနဲ့ လက်ရှိ Flash content တွေကို open format သစ်တွေထံ ပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်’’ဟု Adobe မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ဂိမ်း၊ ပညာရေးနှင့် ဗီဒီယိုဆိုက်အများအပြားတွင် Flash  ကိုဆက်လက်အသုံးပြုနေဆဲဖြစ်သောကြောင့် Apple, Facebook, Google, Microsoft နှင့် Mozilla တို့ကဲ့သို့ ကုမ္ပဏီများနှင့် လက်တွဲ ပြီး ၂၀၂၀ မတိုင်မီအထိ အဆိုပါ နည်းပညာကို ထောက်ပံ့မည်ဟု Adobe က ပြောကြားသည်။
Microsoft သည် ၂၀၁၉ ဒုတိယနှစ်ဝက်အတွင်း Edge နှင့် Internet Explorer တွင် default အနေနှင့် Flash ကို disable လုပ်ရန် စီစဉ်ထားသည်။ ၂၀၁၉ တွင်Windows ဗားရှင်းအားလုံးမှ Flash အထောက်အပံ့ကို အပြီးတိုင်ဖယ်ရှားဖြစ်မည်ဖြစ်သည်။
Google ကလည်း Flash ကို လာမည့်နှစ်အနည်းငယ်အထိ disable ဆက်လုပ်ထားပြီး ၂၀၂၀ တွင် အပြီးတိုင်ဖယ်ရှားမည််ဟု ပြောကြားသည်။
Firefox သုံးစွဲသူများအနေ ဖြင့် နောက်လအထိ Flash  အသုံးပြုနိုင်မည့် ဝက်ဘ်ဆိုက်များရွေး ချယ်နိုင်မည်ဖြစ်ကြောင်း Mozillaက ပြောကြားသည်။ ထို့အပြင် Firefox Extended SupportRelease (ESR) သုံးစွဲသူများအနေ ဖြင့် ၂၀၂၀ နှစ်မကုန်မီအထိ Flash ကို ဆက်လက်အသုံးပြုနိုင် မည်ဖြစ်သည်။ Apple  အနေဖြင့်လည်း Flash အတွက်  အထောက်အပ့ံကို ၂၀၂၀ နှစ်ကုန်အထိ ထောက်ပံ့ပေးမည်ဟု ဆိုသည်။
Flash ကို အဆုံးသတ်မည့်အတွက်ကြောင့် လုံခြုံရေးပိုင်းတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး Laptop များ နှင့် အခြားမိုဘိုင်းထုတ်ကုန်များ ဘက်ထရီသက်တမ်း ပိုကောင်းလာမည်ဖြစ်သည်။


Ref : 7Day Daily

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !