ကွန်ပျူတာထဲက Partition ကိုဖျောက်နည်း / ပြန်ဖေါ်နည်း

Advertise Here !

Windows သုံးတဲ့ ကွန်ပျူတာတွေမှာ Boot Partition မဟုတ်တဲ့ Partition တွေကို Explorer မှာ မမြင်ရအောင် လွယ်လွယ်ကူကူပဲ ဖျောက်နိုင် ပြန်ဖေါ်နိုင်ပါတယ်.. ဘာ Software မှ မလိုအပ်ပါဘူး.. command prompt (CMD) ကိုပဲ သုံးပြီး ဖျောက်နိုင်ဖေါ်နိုင်ပါတယ်.. Windows တင်ထားတဲ့ Partition ကိုတော့ လုပ်လို့မရပါဘူး.. ပုံမှန်အားဖြင့်ဆို C:\ ကိုဖျောက်လို့မရဘူးပေါ့... ဘယ်လိုလုပ်သလဲကြည့်ရအောင်...

1. Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ခေါ်လိုက်ပါ.. ပြီးရင် CMD လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ...

2. CMD (Command Prompt) ထဲရောက်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ... diskpart ဆိုတာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hard Disk တွေရဲ့ Partition တွေကို စီမံခန့်ခွဲဖို့အတွက် အသုံးပြုတဲ့ command ပါ.. Diskpart ဟာ သီးခြားဘောက်တစ်ခုအနေနဲ့ခွဲထွက်လာပါမယ်.. Windows 10 သုံးတဲ့သူဆို Diskpart ကိုဖွင့်မှာလားလို့မေးပါတယ်.. Yes ကိုနှိပ်လိုက်ရင် diskpart ထဲကိုရောက်ပါပြီ...


3. Diskpart ထဲမှာ list volume လို့ရိုက်ပြီး Enter ခေါက်ပေးပါ.. ဒါကတော့ Hard Disk မှာ ကျွန်တော်တို့ မမြင်ခဲ့ရတဲ့ Volume တွေအပါအဝင် Volume ဘယ်နှစ်ခုပါသလဲဆိုတာကို စာရင်းနဲ့ပြခိုင်းတာပါ.. ကျွန်တော့်ကွန်ပျူတာမှာ ကျွန်တော်က Partition 2 ခုသာ ပိုင်းထားပေမယ့် ကွန်ပျူတာက Volume 4 ခု ပိုင်းထားပါတယ်. Volume 0 ကတော့ DvD Drive ပါ...

4. ပြီးရင် ကိုယ်ဖျောက်ချင်တဲ့ Volume ကိုရွေးပေးရပါတယ်.. ဘယ်လိုရွေးပေးရမလဲဆိုတော့ select volume .No ဖြစ်ပါတယ်... ကျွန်တော်က Volume 3 ( Partition D) ကိုဖျောက်ချင်တဲ့အတွက် select volume 3 လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်.. Volume 3 is the selected volume ဆိုပြီး Volume 3 ကိုရွေးပြီးကြောင်းပြပါတယ်..


 5. ကိုယ်က Drive D ကိုဖျောက်ချင်တာဖြစ်တဲ့အတွက် remove letter D လို့ရိုက်လိုက်ပါတယ်... DiskPart successfully removed the drive letter or mount point ဆိုပြီး ကိုယ်ဖျောက်ချင်တဲ့ Drive ကိုဖျောက်ပြီးကြောင်း ပြောပါတယ်...


ဒီနေရာမှာ သတိထားရမှာက Volume နဲ့ Letter ဖြစ်ပါတယ်.. Volume ဆိုတာက Hard Disk ကို ပိုင်းထားထဲ့ အပိုင်းအရေအတွက်အားလုံးကိုပြောတာဖြစ်ပါတယ်.. ကျွန်တော်က Hard Disk ကို Partition ၂ ပိုင်းသာ ပိုင်းထားခဲ့ပေမယ့် Windows OS က သူလိုအပ်တဲ့အတိုင်း Volume 1 နဲ့ Volume 4 ကို သူ့အလိုလိုပိုင်းထားပါတယ်.. ဒါပေမယ့် ကျွန်တော် တကယ်မြင်ရတာက Partition C နဲ့ Partition D သာမြင်ရပါတယ်... Letter ဆိုတာကတော့ Partition ကို ပေးထားတဲ့ ကိုယ်စားပြု အက္ခရာဖြစ်ပါတယ်.. Volume တိုင်းမှာ အက္ခရာနဲ့ကိုယ်စားပြုဖေါ်ပြထားတာမဟုတ်ပါဘူး.. Volume 2 က Letter C, Volume 3 က Letter D ဖြစ်ပြီး Volume 0 ကတော့ Letter E ဖြစ်ပါတယ်.. ခုလို Partition ဖျောက်တယ်ဆိုတာ တကယ်တော့ Drive Letter ကိုသာ ဖျောက်လိုက်ခြင်းဖြစ်ပါတယ်.. Volume တစ်ခုကိုကိုယ်စားပြုထားတဲ့ Letter ကိုသာ ဖျောက်လို့ရပါတယ်.. သို့သော် Windows တင်ထားတဲ့ Letter C ကိုတော့ မဖျောက်နိုင်ပါဘူး...


ဟုတ်ပြီ.. ဖျောက်တော့ ဖျောက်ထားပြီ... ဘယ်လိုပြန်ဖေါ်မလဲ၊ ဒါမှမဟုတ် ဖျောက်ထားတဲ့ Volume ကို ဘယ်လိုမြင်ရမလဲ...
အထက်မှာဖေါ်ပြခဲ့တဲ့ အဆင့် ၁ ကနေ အဆင့် ၄ ( ကိုယ်ပြန်ဖေါ်ချင်တဲ့ Volume ကို Select လုပ်ပြီးတဲ့အဆင့်) ထိအောင် လုပ်ပါ... အဆင့် ၃ မှာ list volume ပြကတည်းက Gb ပမာဏများများနဲ့ Volume တစ်ခုဟာ Drive Letter ပျောက်နေကြောင်း သတိထားမိမှာဖြစ်ပါတယ်... အဆင့် (၄)ပြီးသွားလို့ ကိုယ်ပြန်ဖေါ်ချင်တဲ့ Volume ကို Select ကိုလုပ်ပြီးသွားရင် ရိုက်ရမယ့်စာသားက assign letter .No ဖြစ်ပါတယ်.. ကျွန်တော်က Drive Letter D ကိုပြန်ဖေါ်မှာဖြစ်တဲ့အတွက် assign letter D လို့ရိုက်လိုက်ပြီး Enter ခေါက်ပါတယ်... DiskPart successfully assigned the drive letter or mount point ဆိုပြီး ဖျောက်ထားတဲ့ Drive ကိုပြန်ဖေါ်ပြီးဖြစ်ကြောင်း ပြပါတယ်...


ခုနက ဖျောက်ထားတဲ့ Drive D ပြန်ပေါ်လာပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !