April 2017
All Free Softwares, e-Books, Tutorials and Knowledges
  

တစ်ယောက်ယောက်ကတော့ Google Play မှာ အန္တရာယ်ရှိတဲ့ Botnet ကွန်ရက်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပါပြီ။
       နာမည်ကျော် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Check Point က မိုဘိုင်းတိုက်ခိုက်မှုလေ့လာရေးပညာရှင်တွေဟာ Android Devices ပေါင်း သန်းချီမှာ Malware အမျိုးအစားအသစ်တစ်မျိုး ကူးစက်နေကြောင်း တွေ့ရှိခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

       FalseGuide လို့ အမည်ပေးထားတဲ့ Botnet အမျိုးအစား Malware ဟာ တိုက်ခိုက်ခံရတဲ့ဖုန်းတွေအားလုံးကို Network တစ်ခုအဖြစ် ဖွဲ့စည်းထိန်းချုပ်နိုင်ပြီး၊ အဆိုပါဖုန်းတွေအားလုံးကို အဝေးကနေ လှမ်းထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ Malware ဟာ Google ရဲ့ တရားဝင် App Store ဖြစ်တဲ့ Google Play ကနေ ဝင်ရောက်လာတာဖြစ်ပြီး၊ ဂိမ်းနဲ့ပတ်သတ်တဲ့ လမ်းညွှန် Guide Apps ၄၀ ကျော်မှာ လှို့ဝှက်စွာထည့်သွင်းထားတာ ဖြစ်တယ်လို့  Check Point က ပြောကြားခဲ့ပါတယ်။
 “ ဒီ Malware နဲ့ပတ်သတ်ပြီး Google ကို ကျနော်တို့ အကြောင်းကြားပြီးပါပြီ။ အခုအချိန်မှာတော့ ဒီ Malware ကော၊ ဒီ Malware ပါတဲ့ Apps တွေအားလုံးကို App Store ကနေ ဖြုတ်ပစ်လိုက်ပါပြီ”
 လို့ Check Point ရဲ့ Researchers တွေက ၎င်းတို့ရဲ့ Blog Post မှာ ဖော်ပြထားပါတယ်။

                ပထမတွေ့ရှိချက်အရ FalseGuide Malware ကူးစက်ခံနေရတဲ့ Devices ပေါင်း ၆၀၀,၀၀၀ ကျော်လောက် ရှိတယ်လို့ ခန့်မှန်းခဲ့ပေမယ့်၊ နောက်ထပ် ဒီ Malware ရှိတဲ့ Apps အသစ် ငါးခုကို ထပ်မံတွေ့ရှိခဲ့တာကြောင့်၊ အခုဆိုရင် Android Devices ပေါင်း ၂ သန်းလောက်မှာ ဒီ Malware ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

                နောက်ထပ်တွေ့ရှိတဲ့ Apps အသစ်ငါးခုဟာ Google Play ဆီမှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက ရောက်နေတာဖြစ်တာကြောင့်၊ ငါးလလောက် Google က စစ်ဆေးသူပညာရှင်တွေ မသိအောင် ပုန်းလျှိုးနိုင်ခဲ့တာလို့ ပြောလို့ရပါတယ်။ အဆိုပါ Apps တွေကို Develop လုပ်တဲ့ ကုမ္ပဏီက “Анатолий Хмеленко” က ဖြစ်တယ်လို့ သိရပါတယ်။

                FalseGuide Malware ရဲ့ ရည်ရွယ်ချက်ကတော့ Adware တွေ ထည့်သွင်းဖို့ ရည်ရွယ်ချက်နဲ့ “Botnet” တစ်ခုကို တိတ်တဆိတ်တည်ဆောက်နေတာဖြစ်တယ်လို့ Researchers တွေက ဆိုပါတယ်။

                “Botnet” ဆိုတာ Virus ကူးခံနေရတဲ့ Device Network တစ်ခုဖြစ်ပြီး၊ တိုက်ခိုက်သူတွေအနေနဲ့ ပိုင်ရှင်တွေ မသိအောင် Network တစ်ခုလုံးကို Remote ထိန်းချုပ်နိုင်ပါတယ်။

                သူတိုက်ခိုက်တဲ့ပုံစံကတော့ အနည်းငယ်ရိုးရှင်းပါတယ်။ ဒီ Malware ပါတဲ့ App တစ်ခုကို Install လုပ်ပြီဆိုရင် မလိုအပ်တဲ့ Device Admin Permission ကို တောင်းပြီး၊ အဆိုပါ Permission နဲ့ User က Delete မလုပ်နိုင်အောင် ရှောင်ရှားထားပါတယ်။ ပြီးနောက် ဒီ Malware ဟာ Firebase Cloud Messaging မှာ သူ့ဘာသာ Register လှမ်းလုပ်လိုက်ပါတယ်။ Subscribe လုပ်ပြီးပြီဆိုတာနဲ့ Malicious Code ပါတဲ့ Modules တွေကို ထပ်မံ Download ပြုလုပ်ကာ တိုက်ခိုက်တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ဖုန်းတွေ၊တက်ဘလက်တွေမှာ Boot လုပ်လိုက်ပြီဆိုတာနဲ့ Background Service တစ်ခု Run လာမှာဖြစ်ပြီး၊ တရားမဝင်ကြော်ငြာတွေ ပြလာတာကို တွေ့ရမှာပါ။

                ဒီထက်ဆိုးရွားတဲ့အခြေအနေနဲ့ Modules တွေမှာ ဖုန်းကို Root ပြုလုပ်နိုင်တဲ့၊ DDoS Attack ပြုလုပ်နိုင်တဲ့၊ Private Network တွေကိုတောင် ထိုးဖောက်နိုင်တဲ့ Malicious Code တွေ ပါဝင်လာနိုင်ပါတယ်။

                Google Play ဟာ အခုနောက်ပိုင်းမှာ လုံခြုံရေးပိုင်း တော်တော်အားနည်းလာတာတွေ့ရပြီး၊ Malware ပါတဲ့ Apps တွေ ခဏခဏတွေ့လာရတာ တွေ့ရပါတယ်။ User တွေအနေနဲ့ Play Store ကိုပဲ အားကိုးလို့မရတော့ဘဲ၊ ကိုယ့်ဖုန်း၊တက်ဘလက်မှာ အနည်းဆုံး Security App တစ်ခုလောက် ထားသုံးသင့်လာပါပြီ။ ဒီ့အပြင် Apps တွေကို Install လုပ်ရာမှာလည်း သူတောင်းတဲ့ Permissions တွေကို သေချာကြည့်သင့်ပြီး၊ မလိုအပ်တဲ့ Permission တွေတောင်းရင် သတိထားသင့်ပါတယ်။

Credit : http://techx.com.mm

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Free Softwares, e-Books, Tutorials and Knowledges

Video Editing လုပ်တဲ့ Software ပါ.. Windows 64bit အတွက်ဖြစ်ပါတယ်.. Video Editing နဲ့ပတ်သက်လို့ ခုနောက်ပိုင်းအသုံးများလာတဲ့ Software တစ်ခုဖြစ်ပါတယ်.. မူရင်းဆိုဒ်မှာ 599 ဒေါ်လာနဲ့ ရောင်းနေတာပါ..
Features အပြည့်အစုံကို http://www.vegascreativesoftware.com/us/vegas-pro/ မှာကြည့်ရှုနိုင်ပါတယ်..


Install မလုပ်ခင် အထဲမှာပါတဲ့ ညွှန်ကြားချက်ကို အရင်ဖတ်ပါ..

Saw Eh Lor တင်ပေးထားတဲ့လင့်ကိုပဲ ပြန်ညွှန်းပေးလိုက်ပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Vegas Pro 14 : 421.2 Mb

From Mediafire
All Free Softwares, e-Books, Tutorials and Knowledges

 (5.0 To 7.0 Any Model) For Beginner
================================
Android Version 5.0 အထက် Devices တွေမှာ Unicode ပါဝင်ပြီး သားပါ Unicode နဲ့အဆင်ပြေရင်တော့ ပြောင်းစရာမလိုပဲ အဆင်မပြေရင်တော့ Zawgyi ပြောင်းကြပါတယ်
ကျနော်ဘာလို့ Any Model လို့ပြောရတာလည်းဆိုတော့ Fonts တွေကြည့်တတ်ရင် ပြောင်းလို့ ရပါတယ် Unicode ပါပြီးသားဆိုတော့Unicode Fonts ကဘယ်နားမလည်း ဘာနာမည် နဲ့လည်း အာ့ကို သိအောင်လုပ် သိရင် အာ့နေရာမှာ zawgyi ကို Replace လုပ်ရုံပါပဲ Samsung 7.0 တွေလည်း ဒီလိုပါပဲ.. အာ့တော့ဘယ်လိုစစ်မလည်း Unicode ကဘယ်မာလည်းဆိုတာ Manual နည်း နဲ့လုပ်နေကျသူတွေကတော့ ဒီ Command နဲ့ နာမည် ကြည့်ရုံနဲ့သိတယ် adb shell ls -al system/fonts
မကြည့်တတ်သေးရင် ဒီ Command နဲ့ Fonts တွေကို ထုတ်လိုက်
adb pull system/fonts
ထွက်လာတဲ့ Fonts တွေကို Large icons View နဲ့ကြည့်
ပုံလေး ပြထားတယ် အာ့လိုလေး ပေါ်နေတဲ့နေရာက Fonts နေရာတွေ
မှာ Zawgyi Fonts ကို Replace လုပ်ရုံပဲ

Replace လုပ်နည်း
==============
Root လိုပါမည်
Fonts ကတော့ များသောအားဖြင့် ကိုကျော်စွာသွင်ရေးထားတဲ့
Smart Zaygyi ကိုသုံးပါတယ်
ပထမဆုံး smartzawgyi.ttf ကို data/local/tmp ထဲသွင်းမယ်
root access ယူမယ် system ကို mount လုပ်မယ် ပြီးရင် Large icon
နဲ့ကြည့်ထားတဲ့ Unicode နေရာတွေမှာ Replace လုပ်နောက်ဆုံး
Fonts တွေကို Permission ပေးပြီး Reboot ချမယ်
adb push smart.ttf data/local/tmp
adb shell
su
mount -o remount rw /system
dd if=/data/loca/tmp/smart.ttf of=/system/fonts/name.fonts
name.fonts နေရာမှာ အပေါ်မှာကြည့်ခဲ့တဲ့ Unicode Fonts နာမည်
တွေထည့်ပေးပါ လေးခုပါရင် လေးခုလုံးပြောင်းပါ ပါသလောက်ပြောင်းပါ
ဥပမာ
dd if=/data/loca/tmp/smart.ttf of=/system/fonts/NotoSansMyanmar-Bold.ttf
အကုန်လုံးပြောင်းပြီးရင် Permission ပေးမယ်
တခုခြင်းပေးလည်း ရတယ် ကျနော်ကတော့ ရိုက်ရတာ ပျင်းတော့
chmod 0644 system/fonts/*
နဲ့အကုန်ပေးလိုက်တယ် ပြီးရင် reboot လို့ ရိုက်
ပြန်တက်လာရင် Myanmar Fonts ရပါပြီ
TWRP သွင်းထားတဲ့အလုံးတွေ Root မလုပ်ပဲ Myanmar Fonts
ထည့်နည်းနဲ့ အသေးစိတ် သိချင်တယ်ဆိုရင်တော့
Mobile Solution Myanmar (MSM) မှာ တင်ပေးထားပါတယ်

Credit : Thar Juu

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Free Softwares, e-Books, Tutorials and Knowledges

ဒီခေတ်ဟာ IT ပစ္စည်းတွေနဲ့ ယဉ်ပါးလာကြတဲ့ခေတ်ပါ.. ခေတ်အလိုက် အသုံးအများဆုံးကတော့ Smartphone ဆိုရင် မှားမယ်မထင်ပါဘူး.. လူတိုင်းနီးပါး Smartphone တစ်လုံးတော့ ရှိကြတယ်လေ..
လူငယ်လူရွယ်တွေအနေနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေထဲက တတ်ထားသင့်တဲ့ ပညာရပ်တစ်ခုဟာ ဖုန်းပြင်ခြင်း အတတ်ပညာ ဖြစ်ပါတယ်.. ဒီတော့ ဖုန်းပြင်သင်တန်းတွေထဲက စိတ်ချရပြီး ကိုယ်ကလည်း တကယ်ကြိုးစားမယ်ဆိုရင် တက်သင့်တဲ့ ဖုန်းပြင်သင်တန်း တစ်ခုကို ညွှန်းပေးပါရစေ.. သင်တန်းကတော့ MPPG ဖုန်းပြုပြင်နည်း သင်တန်းဖြစ်ပါတယ်.. မန္တလေးမြို့မှာရှိပြီး ကိုဖြိုးညီညီ ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်.. သင်တန်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ဖေါ်ပြချက်တွေကတော့-

 📌အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုသင်ချင်တယ်။
ကျွန်တော်တို့ MPPG ဖုန်းပြုပြင်နည်းသင်တန်းမှာ လာတက်လှည့်ဗျာ။

📌သင်တန်းပြီးရင် အလုပ်ရမှာလား ???
ခင်ဗျားသာ စာသင်တုန်း ကြိုးစားသင်ယူ။ သင်တန်းပြီးတဲ့အချိန် အလုပ်လုပ်ရမှာ ဂျီးမများရင် အလုပ်လိုတဲ့ဆိုင်တွေမှ ပေါလို့။

📌ကိုယ်ပိုင်ဆိုင်ဖွင့်ရင်ရော ???
ရပါ့ဗျ။ ကျွန်တော်တို့ သင်တန်းဆင်းပြီး ကိုယ်ပိုင်ဆိုင်ဖွင့်နေတဲ့သူတွေ တစ်နိုင်ငံလုံးမှာ ရှိပါ့။

📌လေကတော့ ကြီးပါ့ဗျာ။ ခင်ဗျားတို့သင်တန်းကို တစ်နိုင်ငံလုံးက သိပါ့မလား???
ခင်ဗျားသိတဲ့ နီးစပ်ရာဆိုင်ကို ဝင်မေးဗျာ။ MPPG ကို သိသလားလို့။ ဆားဗစ်သမားမှန်ရင် MPPG ကို သိပါ့ဗျာ။

📌ထားပါတော့ဗျာ။ သင်တန်းကြေးလေး ပြောဦး။
SW - ၂ သိန်း
HW - ၃ သိန်း
နှစ်ခုလုံးတက်ရင် ၅ % လျော့ပေးတယ်ဗျ။

📌တစ်ခါထဲပေးရမှာလား။တက်သာတက်ချင်တာ ငွေမနိုင်ဘူးဗျ။
မပူနဲ့။ အဆင်ပြေအောင် ၂ ကြိမ်ခွဲသွင်းလို့ရပါ့။ တတ်နိုင်လို့ ငွေတစ်ခါထဲ သွင်းရင် နောက်ထပ် ၅% တောင် ထပ်လျော့ပေးသေးတယ်။

📌သင်တန်းကာလကရော ???
စရိတ်မထောင်းအောင် ၁ လခွဲအတွင်း အတတ်သင်မှာဗျို့။

📌မတတ်ဘူးဆိုရင်ရော ခင်ဗျားတို့က ဘာလုပ်ပေးမှာတုန်း။
MPPG သင်တန်းရှိနေသ၍ တစ်သက်တာ အခမဲ့ လာတက်ဗျာ။ တော်တဲ့သူတွေအတွက်လဲ ဆုပေးတဲ့ အစီအစဉ်တွေရှိသေးတယ်ဗျ။

📌ကျွန်တော်က နယ်ကလာမှာဆိုတော့....
ရပြီ။ ဆက်မမေးနဲ့။ အဆောင်နေရာမေးမလို့မလား။ နေစရာအခမဲ့ .... အခမဲ့ဆိုတာ နေစရာအလကားစီစဉ်ပေးတယ် ။Free ပေါ့ဗျာ။

📌မိုက်ပြီဗျို့။ ဒါမျိုး မိုက်တဲ့အစီအစဉ်လေးတွေ ရှိသေးလားဗျ။
ရှိပါ့ဗျာ။ ကိုယ်အင်္ဂါမသန်စွမ်းသူများဆိုရင်တော့ 100 % အခမဲ့ ပညာဒါနသင်ပေးတယ်။ အသိမိတ်ဆွေထဲမှာ ရှိရင်လဲ ဒီသတင်းလေး ပြောပေးဦးဗျ။ ခင်ဗျားပါ ကုသိုလ်ရတာပေါ့ဗျာ။

📌ဘယ်နေ့ သင်တန်းအသစ်စမှာလဲဗျ။
လတိုင်း တန်းခွဲသစ်တွေရှိတယ်ဗျ။ အမြန်ဆုံးလာတက်ချင်တယ်ဆိုရင်တော့ 6.3.2017 မှာဖွင့်မယ့် သင်တန်းကို လာအပ်ဗျာ။

📌ကြိုက်ပြီဗျာ။ ဘယ်မှာ သင်တန်းအပ်ရမလဲ။
38 လမ်း၊ 81 x 82 လမ်းကြား၊ မန္တလေးမြို့မှာ လာအပ်ရမှာပါ။ အရင်နေရာမဟုတ်ဘူးနော်။ နေရာအသစ်ပြောင်းထားတာမမေ့နဲ့ဦး။
-
**အသေးစိပ် ထပ်မေးချင်သေးရင် 09-785-808182 , 09-265-808182 ကို ဆက်မေးလိုက်ပါ။
*** တက်မယ်ဆုံးဖြတ်ထားရင်တော့ အမြန်စာရင်းပေးဗျို့။ သင်တန်းတိုင်းက လူပြည့်မြန်လို့ နောက်လထိ ထပ်စောင့်နေရလိမ့်မယ်။
ခဏလေး.. ကျွန်တော်တို့ MPPG က ဆောင်ပုဒ်လေး မှတ်သွားပါဦးဗျ။
-
********* ကျွန်ုပ်တို့၏ အာမခံချက်*********
စိတ်ပါဝင်စားမှုနှင့် တတ်မြောက်လိုစိတ်သာ စာသင်ခန်းအတွင်းသို့ ယူဆောင်လာခဲ့ပါ။ သင်ကြားတတ်မြောက်မှု နှင့် အသက်မွေးမှု အလုပ်အကိုင်တစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့မှ တာဝန်ယူပါတယ်။
-
သင်ကြားမည့် သင်ခန်းစာများ နှင့် အခြားအချက်များ အသေးစိတ် ဖတ်ရှုလိုပါက >> http://www.mppgmyanmar.com/training-courses/
ဆက်သွယ်ရန်
==========
MPPG (Mobile Phone Professional Group)
မိုဘိုင်းဖုန်းအမျိုးမျိုးပြုပြင်ရေး နှင့် သင်တန်းကျောင်း
၃၈လမ်း ၊ ၈၁လမ်း နှင့် ၈၂ လမ်းကြား။
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📱09- 785 80 81 82
📱09- 265 80 81 82
📱09- 444004039
www.mppgmyanmar.com
www.facebook.com/mppgmdy

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Free Softwares, e-Books, Tutorials and Knowledges

Microsoft Visual Studio Enterprise 2017 ကို Trial Version ဖြစ်နေလို့ပဲဖြစ်ဖြစ်၊ ဒီဆိုဒ်ပေါ်က ဒေါင်းလို့ပဲဖြစ်ဖြစ်. Key လိုချင်သူများအတွက် တင်ပေးလိုက်ပါတယ်.. Setup နဲ့ Install လုပ်ပြီးသွားရင် အင်တာနက်ကို ပိတ်ပါ.. ကီးဖြည့်ပါ.. Software ကို Run တဲ့အခါတိုင်း Login ဝင်မှာလားမေးရင် ဘယ်တော့မှ မဝင်ပါနဲ့...

Microsoft Visual Studio Enterprise 2017 Features : 
  • cross platform libraries, etc. 
  • Supports any dev, any app, and any platform. 
  • New faster and easier with Xamarin. 
  • Code navigation, refactoring, and code fixes. 
  • team collaborate efficiently. 
  • unit test generation features. 
  • work with virtually any code. 
  • debugging and profiling tools. 
  • live dependency validation tool. 
  • Advanced IDE with unparalleled productivity. 
  • Unit testing, debugging and test experience. 
  • code navigation abd code fixes. 
  • comprehensive integration, etc.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Visual Studio Enterprise 2017 Setup: 20.29 Gb

Mega Link

Download Serial Key.zip : 1 Kb

UpToBox

OpenLoad

All Free Softwares, e-Books, Tutorials and Knowledges

Virtual Private Network အတွက် အတော်သုံးကောင်းတဲ့ Software တစ်ခုပါ.. အခြား VPN Software တွေလို လိုင်းကြပ်ခြင်း၊ လိုင်းနှေးသွားခြင်းတွေလည်း မဖြစ်ပါဘူး.. Proxy တွေလည်း ကောင်းမှကောင်း.. Full Version ဖြစ်တာမို့ Ads တွေလည်းမပါဘူး..

Activate လုပ်နည်း
  • Setup နဲ့ Install လုပ်ပြီးရင် ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေနားက Tray ထဲက CyberGhost icon လေးကို ညာကလစ်ထောက်ပြီး exit ကိုနှိပ်..
  • Task Manger ကိုခေါ်ပြီး Process Tab ကိုနှိပ်ကာ Show process from all users ကိုနှိပ်..


  • CyberGhost.Service.exe ကိုရွေးပြီး End Process ကိုနှိပ်ပစ်..


Desktop ပေါ်က CyberGhost icon ကိုညာကလစ်ထောက်ပြီး Open File Location ကိုနှိပ်.. ဒေါင်းထားတုန်းကပါလာတဲ့ Crack Folder ထဲက CyberGhost.RESTCommunicator.dll ဖိုင်ကို Copy ကူးထည့်.. Replace လုပ်မှာလားမေးရင် လုပ်ပေးလိုက်.. အားလုံးကိုပိတ်ပြီး Cyber Ghost ကို Run လိုက်ရင် Service is not running ပေါ်လာမယ်.. Yes ကိုနှိပ်ပေးလိုက်.. အားလုံး OK သွားပြီ..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download CyberGhost 6.0.6.2540.zip : 14.8 Mb

UpToBox

OpenLoad

All Free Softwares, e-Books, Tutorials and Knowledges

ရှောင်မီရဲ့ စမတ်ဖုန်း၊ တက်ဘလက်များဟာ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းတဲ့ အတွက် လူကြိုက်များ ရေပန်းစားနေပါတယ်။ သူ့ရဲ့ ဆော့ဖ်ဝဲကလည်း ထူးခြား ဆန်းသစ်ပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အခြားလူများ မသုံးနိုင်အောင် Apps များကို ဖွက်ထားခြင်း၊ ဖုန်းကို လှုပ်ခါခြင်းဖြင့် အိုင်ကွန်များကို နေရာချခြင်း၊ ဖိုင်များကို ဖွက်ထားခြင်း အပါအ၀င် ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ ဒီ Tutorial မှာ MIUI 8 ရဲ့ လူသိနည်းတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။

Apps များကို ဖွက်ပါ။
သင့်ရဲ့ Apps များကို အခြားလူများ မမြင်အောင် ဖွက်ထားချင်ရင်တော့ MIUI 8 က ကူညီပေးနိုင်ပါတယ်။ Phone Settings> Additional Settings > Invisible ထဲသွားပြီး ဖွက်ထားချင်တဲ့ Apps များကို ရွေးပေးပါ။

အိုင်ကွန်များကို နေရာချပါ။ဖုန်းမှာ Apps များ ထည့်သွင်းလာတာနဲ့ အမျှ Home Screen မှာ ရှုပ်ပွနေမှာပါ။ MIUI 8 မှာတော့ ဖုန်းကို လှုပ်ခါလိုက်တာနဲ့ Apps များကို နေရာတကျ ထားရှိပေးမှာ ဖြစ်ပါတယ်။

Toggles များရဲ့ Settings Screen ကို လျှင်မြန်စွာ သွားပါ။
MIUI 8 ရဲ့ Notification Panel မှာ Mobile Data, WiFi, Bluetooth အပါအ၀င် Quick Settings သို့မဟုတ် Toggles များကို ပြသထားပါတယ်။ အဲဒီ Toggles များရဲ့ Settings Screen ကို လျှင်မြန်စွာ သွားချင်ရင် Toggle ကို စက္ကန့်အနည်းငယ်ကြာ ဖိထားနိုင်ပါတယ်။

ဖိုင်များကို ဖွက်ပါ။
MIUI 8 ရဲ့ File Manager မှာ ဖိုင်များကို ဖွက်တဲ့ စွမ်းဆောင်ချက် ပါလာပါတယ်။ File Explorer ကို ဖွင့်ပြီး အပေါ်ကနေ အောက်သို့ ဖိဆွဲပါ။ သင့်ရဲ့ လက်ဗွေရာ သို့မဟုတ် Password ကို ရိုက်ထည့်ပေးပါ။ Hide Files ကို နှိပ်ပြီး သင်ဖွက်ချင်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ဖိုင်များကို ရွေးပေးပါ။

Screenshot ရိုက်ခြင်း။
Notification Bar မှ Quick Settings ကနေ စကရင်ရှော့ကို ဖမ်းယူနိုင်သလို ဖုန်းမှ ခလုတ် အတွဲအစပ်များကို နှိပ်၍လည်း ဖမ်းယူနိုင်ပါတယ်။ MIUI 8 မှာ Volume Down နဲ့ Recent Button ကို တစ်ပြိုင်နက် နှိပ်၍ စကရင်ရှော့ ရိုက်နိုင်ပါတယ်။

သတင်း၊ ဆောင်းပါး အရှည်များကို စကရင်ရှော့ တစ်ချက်ထဲနဲ့ ဖမ်းယူနိုင်တဲ့ စွမ်းဆောင်ချက်လည်း MIUI 8 မှာ ပါလာပါတယ်။ သတင်း၊ ဆောင်းပါးရဲ့ ထိပ်ဆုံးကို စကရင်ရှော့ ရိုက်ပြီးနောက် အပေါ်ထိပ်မှ ပေါ်လာတဲ့ Preview ကို တစ်ချက်နှိပ်ပါ။ အောက်ခြေမှ Scroll ကို နှိပ်ရင် သတင်း၊ ဆောင်းပါး အရှည်ကို စကရင်ရှော့ တစ်ချက်ထဲဖြင့် ဖမ်းယူပေးမှာပါ။

လျှင်မြန်စွာ Unlock ပြုလုပ်ခြင်း။
Lockscreen ကနေ ဖုန်းကို လျှင်မြန်စွာ Unlock လုပ်ချင်ရင် Volume Up နဲ့ Back Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

Flashlight ကို လျှင်မြန်စွာ ဖွင့်ပါ။
Lockscreen ကနေ Flashlight ကို လျှင်မြန်စွာ ဖွင့်ဖို့ Home Button ကို ဖိထားရမှာဖြစ်ပါတယ်။ Flashlight ကို ပိတ်ချင်ရင် Power or Back Button ကို နှိပ်ရမှာပါ။ ဒီနည်းက ဖုန်းကို Unlock လုပ်စရာ မလိုဘဲ ဓါတ်မီးကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Ringtone ကို လျှင်မြန်စွာ ပိတ်ပါ။
သင့်ထံ ဖုန်းဝင်လာတဲ့ အခါမှာ အသံကို ပိတ်ချင်ရင် Volume Up or Down Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

သုံးနေတဲ့ App ကို လျှင်မြန်စွာ ပိတ်ပါ။
သုံးနေတဲ့ App ကို လျှင်မြန်စွာ ပိတ်ဖို့ Back Button ကို ဖိထားရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Phone Settings> Additional Settings > Button > Long Press Navigation Buttons> Back ထဲသွားပြီး Close Current App ကို ရွေးပေးပါ။

ဝင်လာတဲ့ ဖုန်းကို ချပါ။
သင့်ထံ ၀င်လာတဲ့ ဖုန်းကို ချဖို့အတွက် Power Button ကို ဖိထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Phone Settings > Additional Settings> Accessibility ထဲသွားပြီး Power button end call ကို On ပေးပါ။

Phone Call များကို အလိုအလျှောက် Record လုပ်ပါ။
Dial App ကို ဖွင့်ပြီး ဘယ်ဘက်အောက်ခြေမှ Menu ကို နှိပ်ပါ။ Settings> Call recording settings ထဲသွားပြီး Record calls automatically ကို On ပေးပါ။

ref : xiaomitips , gizbot

Credit : Digital Times

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Free Softwares, e-Books, Tutorials and Knowledges
 
27.4.2017 ရက်နေ့ အသစ်ထွက်လာတဲ့ IDM ဗားရှင်းသစ် 6.28 Build 8 ဖြစ်ပါတယ်.. Setup နဲ့ Install လုပ်ပြီးသွားရင် ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေနားက Tray ထဲက IDM icon လေးကိုညာကလစ်ထောက်ပြီး exit လုပ်ပါ.. သို့မဟုတ် Task Manager ခေါ်ပြီး Internet Download Manager ကို End Task လုပ်ပါ.. Patch ကို Run ပြီး ပထမ နာမည်ပေး OK နှိပ်၊ ဒုတိနာမည်ပေး OK နှိပ်ရုံနဲ့ Full Version ဖြစ်ပါပြီ..


What's new in version 6.28 Build 8
(Released: Apr 27, 2017)
  • Improved IDM download engine
  • Added a feature to the settings of schedulers to go into sleep mode or hibernate when downloading is done
  • Improved "download panel" view on high DPI displays
  • Fixed problems with Chinese captions on the "Download panel"
  • Fixed bugs

Home Page : http://www.internetdownloadmanager.com/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download IDM 6.28 Buld 8 Setup : 6.83 Mb

Link 1

Link 2

Download Patch : 375 Kb

DataFileHost Link

pCloud Link

password =www.maungpauk.org
All Free Softwares, e-Books, Tutorials and Knowledges

Firmware တင်တဲ့အခါ .pac ဖိုင်တွေကို ResearchDownload နဲ့ တင်ကြရပါတယ်.. ခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက် ResearchDownload_Ver6.0.0001 ဖြစ်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


ResearchDownload_Ver6.0.0001 : 4.63 Mb

UpToBox


All Free Softwares, e-Books, Tutorials and Knowledges

 

Save/Download မရ Limit ကျနေတဲ့ pCloud လင့်တွေကို ဒီ App နဲ့ Free ဒေါင်းကြမယ်။

Limited ဖြစ်နေတဲ့ pCloud လင့်တွေကို Free ဒေါင်းလို့ရအောင်
လုပ်ဆောင်ပေးနိုင်တဲ့ pFree Link Generator လေးပါ။
အခုတလောတော်တော်များများ ကြုံတွေ့နေရတဲ့ pCloud လင့်တွေဒီတိုင်းရိုးရိုး Save လို့မရတော့ပဲ
Premium အကောင့်ဝယ်ခိုင်းတဲ့ပြဿနာကို
ဒီကောင်လေးနဲ့ အလကား(Free) Save လို့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
ဖိုင်ဆိုဒ်ကလည်း 1MB ကျော်ပဲရှိပါတယ် ;)
App ကိုတော့အောက်ပါလင့်တွေကနေဒေါင်းယူနိုင်ပါတယ်။
Play Store အဆင်ပြေသူများကတော့ Play Store ကနေဒေါင်းပေးကြပါလို့...:D



အသုံးပြုနည်း
==========
ဖုန်းကို WiFi သို့မဟုတ် အင်တာနက်လိုင်းဖွင့်ထားပေးပါ။
ပထမဦးဆုံး Limited ဖြစ်နေတဲ့ pCloud လင့်ကို Copy ကူးလိုက်ပါ။
ပြီးရင် pFree Link Generator ကိုဖွင့်ပြီး Copy ကူးလာတဲ့လင့်ကို
"Paste Your Link Here" ဆိုတဲ့ကွက်လပ်ထဲကို Paste ချလိုက်ပါ။
( လင့်ကို Copy ကူးလာတာမှန်ရင် ကွက်လပ်ထဲကို သုံးစက္ကန့်လောက်ဖိထားတာနဲ့
Paste ဆိုတဲ့ခလုတ်လေးပေါ်လာမှာပါ။ )

ပြီးရင်တော့ Generate Link! ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ခနလောက်စောင့်ပေးလိုက်ပါ။

ပြီးသွားရင်တော့နောက်စာမျက်နှာတစ်ခုတက်လာမှာဖြစ်ပြီး လင့်ကိုဖွင့်မှာလား၊
Copy ယူပြီးသူများကိုပြန်ချပေးမှာလား၊
ဒါမှမဟုတ်လင့်ကိုဒီကနေ Share မှာလားဆိုတာကြိုက်တဲ့ခလုတ်ရွေးပြီးနှိပ်နိုင်ပါတယ်။


Open Link in Browser ကိုနှိပ်မယ်ဆိုရင်တော့ ကိုယ်ရွေးမယ့် Browser မှာ
ကိုယ့်ရဲ့ pCloud အကောင့်ကို Login အရင်ဝင်ထားပေးပါ။
လင့်ကိုဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ pCloud အကောင့်ထဲ အော်တို Save လုပ်ပေးသွားပါလိမ့်မယ်။

သူများကိုလင့်ပြန်ချပေးမယ်ဆိုရင်လည်း အဲ့ဒီလင့်ကိုဝင်မယ့်သူအနေနဲ့လည်း ကိုယ်ဝင်မယ့် Browser မှာကိုယ့်ရဲ့ pCloud အကောင့်ကို Login ဝင်ထားပေးရမှာပါ။
အကောင့်က Premium ဝယ်ထားစရာမလိုပါဘူး။
Free အကောင့်နဲ့တင် အော်တို Save လုပ်ပေးပါလိမ့်မယ် ;)

ဒီနည်းလမ်းကလက်ရှိအချိန်မှာ Android ဖုန်းအသုံးပြုသူများအတွက်
အဆင်ပြေစွာ "အခမဲ့" ဒေါင်းယူနိုင်တဲ့နည်းလေးပါ။
နောက်ကျရင်တော့ ရ မရ မသေချာတော့ပါ ;)
နည်းလမ်းကိုတော့ ကိုမင်းသူအောင်( www.fb.com/Crab.111000 ) ဆီကရတာဖြစ်ပြီး
ကျနော်က App အနေနဲ့ပြန်ရေးထုတ်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေပျော်ရွှင်စွာနဲ့ ဂုန်းဆင်းနိုင်ကြပါစေ :D


Credit : www.MyanmarAndroidApp.com

အဆင်ပြေပါစေ...

မောင်ပေါက် ( www.maungpauk.org )


All Free Softwares, e-Books, Tutorials and Knowledges
  

ကိုကျော်စွာသွင်ရေးထားတဲ့ Myanmar Font Changer v1.0 ဖြစ်ပါတယ်.. Android 7.0 ထိ မြန်မာစာကို မှန်မှန်ကန်ကန်ထည့်သွင်းပေးနိုင်ပါတယ်.. ကခဂ.apk လို့လည်း ခေါ်ပါတယ်.. အချို့အတွက်တော့ Root လိုပါမယ်.. Tutorial ကိုအရင်ဖတ်ပြီးမှ မြန်မာစာထည့်စေချင်ပါတယ်..






Credit : Kyaw Swar Thwin @MyanmarAndroidApp

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Myanmar Font Changer.apk: 3.53 Mb

OpenLoad

UpToBox

pCloud

PlayStore
All Free Softwares, e-Books, Tutorials and Knowledges


အထဲမှာ Sp Flashtool ကောထည့်ပေးထားတယ်ဗျ.. ကိုယ်တိုင်လည်း စမ်းဖြုတ်ပြီးပီ All Fine ပါတယ်

Sp Flashtool လေးဖွင့် Download-Agent မှာ DA_PL.bin ကိုရွေး Scatter လေးရွေး Download Only နဲ့ရေးချလိုက် User Lock ပြုတ်ကော..





Zip Password = htetrkar

Credit : Htet R Kar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Meizu U20 User lock Remove With Spflashtool : 245.413 Mb

UptoBox

Openload

Zip Password = htetrkar

All Free Softwares, e-Books, Tutorials and Knowledges

Penetration Testing and Security Auditing ( ထိုးဖောက်မှုစမ်းသပ်ခြင်းနှင့် လုံခြုံမှု စစ်ဆေးခြင်း ) အတွက် အဓိကရည်ရွယ်ပြီး Linux ကိုအခြေခံထားတဲ့ ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် ( Operating System ) တစ်ခုဖြစ်တဲ့ Kali Linux ဟာ Web Security သမားတွေ၊ Hacker တွေနဲ့ ကွန်ပျူတာ လုံခြုံရေး ကျွမ်းကျင်သူတွေကြား အသုံးများလှပါတယ်..
ခုတစ်ပတ်ထွက်လာတဲ့ Kali Linux 2017.1 မှာ RTL8812AU Wireless Card Injection စနစ်အပြင် CUDA GPU Cracking နဲ့ Amazon AWS and Micsosoft Azure Availability (GPU Support) စနစ်တွေကိုပါ ထည့်သွင်းပြီး ပွဲထုတ်လာခဲ့ပါတယ်.. Kali Linux ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး သိပ်ကျယ်ပြန့်တာကြောင့် ဒီနေရာမှာ အကျယ်တဝင့် မဖေါ်ပြတော့ဘဲ ခုနောက်ဆုံးထွက်ထားတဲ့ Kali Linux 2017.1 Release လေးကိုပဲ ဒေါင်းယူနိုင်ဖို့ တင်ပေးလိုက်ပါတယ်.. ISO ကိုတိုက်ရိုက်ဒေါင်းယူနိုင်သလို Torrent ဖိုင်ကိုအရင်ဒေါင်းပြီးမှ Torrent နဲ့ ISO ကိုလည်း ရယူနိုင်ပါတယ်...

Image Name Download Size Version sha256sum
Kali 64 bit ISO | Torrent 2.6Gb 2017.1 49b1c5769b909220060dc4c0e11ae09d97a270a80d259e05773101df62e11e9d
Kali 32 bit ISO | Torrent 2.7Gb 2017.1 501b3747e5ac7c698217392fe49ec21dacee277404500fc49d4a0ee82625aabe
Kali 64 bit Light ISO | Torrent 0.8Gb 2017.1 5c0f6300bf9842b724df92cb20e4637f4561ffc03029cdcb21af3902442ae9b0
Kali 32 bit Light ISO | Torrent 0.8Gb 2017.1 6c83101ecf8702c7d93d32562e822b639d5c577314b448e3b8330995e0f07e0f
Kali 64 bit e17 ISO | Torrent 2.4Gb 2017.1 ae293cf679f38a4f17d090a272ccb13d7619e66d4502374154186c12891fb99c
Kali 64 bit Mate ISO | Torrent 2.6Gb 2017.1 3ea748aa8c5f50d80f020acdbca5f0398ee90242bb4413c12985e1865186ca9e
Kali 64 bit Xfce ISO | Torrent 2.5Gb 2017.1 8a17c2f54850585760b9d32a22e26df9a28f395b401753fa0a9b298aef4c4593
Kali 64 bit LXDE ISO | Torrent 2.5Gb 2017.1 35eae65aaaabba8188dfd963e45b7b4d76e0684e7721c7d232cf18320b7cae3b
Kali armhf ISO | Torrent 0.5G 2017.1 a75199aa8a3d7b64561bc03fcd6e3ff8b94743c8769eecfaa4b719f04f7cbb63
Kali armel ISO | Torrent 0.4Gb 2017.1 180414422196f0797c1ea5f3c18682bc4b3ced871cb3e874e90de52dd4af877c


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


All Free Softwares, e-Books, Tutorials and Knowledges

ကိုကျော်စွာသွင် ရေးတဲ့ Yote Than (ရုပ်သံ)v1.6 apk ဖြစ်ပါတယ်.. Android Smartphone တစ်လုံးနဲ့ အခမဲ့ မြန်မာရုပ်သံလိုင်းများအား ဖုန်းဘေလ်စားသက်သာစေမည့် နည်းပညာနှင့်အတူ မိမိတို့၏ မိုလ်ဘိုင်းဖုန်းပေါ်မှတစ်ဆင့် ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး အပြင်သွားလို့ပဲဖြစ်ဖြစ်၊ ခရီးသွားလို့ပဲဖြစ်ဖြစ် အင်တာနက်လိုင်းရှိရုံဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အစီအစဉ်တွေလွတ်မှာလဲ စိတ်ပူစရာမလိုတော့ဘူးနော်။ ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းများမှာ...
MRTV-4
Channel 7
Mahar Bawdi
MWD
MWD Documentary
MWD Movies
MWD Music
MWD Series
MWD Shopping
MWD Variety
Buddha
MNTV
Up to Date
Hluttaw





Credit : ကျော်စွာသွင်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Yote Than v1.6.apk : 2.3 Mb

From PlayStore

From Mediafire

From pCloud
All Free Softwares, e-Books, Tutorials and Knowledges

Miracle ကို Box စက်မလိုဘဲ အသုံးပြုနိုင်မယ့် Cracked Software ဖြစ်ပါတယ်.. ဖုန်းပြင်တဲ့ဆရာတွေ အကြိုက်ပေါ့ဗျာ.. ခု v2.29 ကို Full Cracked ရထားလို့ ပြန်တင်ပေးလိုက်ပါတယ်... zip ဖိုင်ကို ဖြည်ချပြီး Run Me Miracle Box ဆိုတဲ့ exe ဖိုင်လေးကို ညာကလစ်ထောက်ပြီး Run as Administrator နဲ့ Run ရုံပါပဲ.. Run တိုင် Run as Administrator နဲ့ ပဲ Run ရမှာပါ.. အဲလိုမလုပ်ချင်ရင် Run Me Miracle Box.exe ကိုညာကလစ်ထောက်၊ Properties ကိုနှိပ်. အပေါ်တန်းက Compatibility ကိုတစ်ချက်နှိပ်၊ Run this program as an administrator ကိုအမှန်ခြစ်ပြီး OK ကိုနှိပ်လိုက်ပါ.. နောက်ဆို Double Click ပဲ ခေါက်နိုင်ပါပြီ...


Thanks : Min Oaker

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Miracle Box v2.29 Full Cracked Free Download : 74.16 Mb

From pCloud

From DataFileHost

Password = www.maungpauk.org
 
All Free Softwares, e-Books, Tutorials and Knowledges

ဒီနေ့ 13.4.2017 ရက်နေ့ ထွက်လာတဲ့ Smadav New Version 2017 Rev 11.35 ဖြစ်ပါတယ်.. အင်ဒိုနီးရှားက ရေးတဲ့ Smadav ဟာ Windows PC သမားတွေအတွက် အကြိုက်တွေ့လာခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ.. မောင်ပေါက်လည်း ထွက်သမျကို Update ဖြစ်အောင် တင်ပေးခဲ့ပါတယ်.. လိုင်စင်ဗားရှင်းက ၄ ဒေါ်လာသာရှိပေမယ့် ဝယ်ယူဖို့အခက်အခဲရှိတဲ့သူတွေအတွက် Free Version ကိုလည်း ထုတ်ပေးထားပါတယ်.. Free Version ဆိုပေမယ့် Pro နီးပါးလောက် စွမ်းဆောင်ရွည်မြင့်မားအောင် စေနတာထားတာကိုတွေ့ရပါတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံလို ဆိုင်က တစ်ခွေ ၁၀၀၀ နဲ့ဝယ်ပြီး သုံးနေကြတဲ့ Pirate Windows သမားတွေအတွက် Virus အမျိုးမျိုးရဲ့ လက်တည့်စမ်းမှုတွေကို နေ့စဉ်ကြုံတွေ့နေကြရတာပါ.. Official Software တွေဝယ်သုံးဖို့လည်း အခက်အခဲရှိနေကြဆဲဖြစ်တဲ့အတွက် Crack ထားတဲ့ Software တွေကိုသုံးရင်း Virus ရန်ကို နေ့စဉ် ကြုံတွေ့နေကြရပါတယ်.. ဒီ Smadav လေးဟာ ဖိုင်ဆိုဒ်သေးတယ်ဆိုပေမယ့် ကျွန်တော်တို့ ခုတလောကြုံတွေ့နေရတဲ့ သာမန် Virus, Warm, Trojan တွေကို ကောင်းကောင်း နှိမ်နင်းနိုင်တာကိုတွေ့ရပါတယ်... သာမန်အားဖြင့်တော့ MSE နဲ့ Smadav နှစ်ခု ထည့်ထားရုံနဲ့ တော်ရုံတန်ရုံ Virus လောက်တော့ ကောင်းကောင်း ထိန်းထားနိုင်ပါတယ်..

2017 ဧပြီလ 13 ရက် တဲ့ Update ကိုဒေါင်းနိုင်ပါပြီ... Pro Version ရဖို့အတွက်တော့ ကီး အချို့ ပေးထားပါတယ်.. Register ကိုနှိပ်ပြီး နာမည်နဲ့ ကီးကို မှန်အောင်ဖြည့်ပေးလိုက်ပါ..
ကိုယ်တိုင် ကီးထုတ်ချင်တယ်ဆိုလည်း ကီးဂျင်နရေတာ ပေးထားပါတယ်.. ကီးဂျင်နရေတာကိုတော့ Antivirus ကိုပိတ်ပြီးမှ Run ပါ.. နာမည်ဖြည့်ရုံနဲ့ ကီးက အလိုလိုထုတ်ပေးပါတယ်..


1. Name = www.maungpauk.org
    Key    = 081200905070
2. Name  = maungpauk
    Key     = 081700808960
3. Name  = maungpauk.org
    Key     = 081200883632
4. Name  = http://www.maungpauk.org
    Key     = 081300503006
5. Name  = fb.me/www.maungpauk.org
    Key     = 081200038873
6. Name   = Maung Pauk
    Key     = 081700808960
   

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Smadav Antivirus 2017 _ Rev 11.35 : 1.43 Mb



Smadav Keygen : 1.43 Mb


password = www.maungpauk.org
 
All Free Softwares, e-Books, Tutorials and Knowledges


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


 On7 Full Firmware : 1.4 Gb
 
Click Here to Download
**

Password : cellphones
All Free Softwares, e-Books, Tutorials and Knowledges
 
ဒီနေ့ 7.4.2017 ရက်နေ့ အသစ်ထွက်လာတဲ့ IDM ဗားရှင်းသစ် 6.28 Build 6 ဖြစ်ပါတယ်.. Setup နဲ့ Install လုပ်ပြီးသွားရင် ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေနားက Tray ထဲက IDM icon လေးကိုညာကလစ်ထောက်ပြီး exit လုပ်ပါ.. သို့မဟုတ် Task Manager ခေါ်ပြီး Internet Download Manager ကို End Task လုပ်ပါ.. Patch ကို Run ပြီး ပထမ နာမည်ပေး OK နှိပ်၊ ဒုတိနာမည်ပေး OK နှိပ်ရုံနဲ့ Full Version ဖြစ်ပါပြီ..


What's new in version 6.28 Build 6
(Released: April 7, 2017)
  • Fixed bugs 

Home Page : http://www.internetdownloadmanager.com/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download IDM 6.28 Buld 6 Setup : 6.7 Mb

Link 1

Link 2

Download Patch : 375 Kb

DataFileHost Link

pCloud Link

password =www.maungpauk.org
All Free Softwares, e-Books, Tutorials and Knowledges

ဖုန်းတလုံး ဘာ CPU သုံးတယ်ဆိုတာအလွယ်တကူသိနိုင်ဖို့ Platform Detector Tool ပါ
Infinity Team က Free ပေးထားတဲ့ Tool ပါ.. Box / Dongle မလိုအပ်ပါဘူး

Credit : Ye Lin Aung

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Platform Detector Tool : 1.1 Mb

UsersCloud
All Free Softwares, e-Books, Tutorials and Knowledges

သင်္ကြန်​​ရောက်​​တော့မယ်​ဆို​တော့ သင်္ကြန်​သီချင်း​လေး​တွေကို APK လုပ်​​​ပေးထားတယ်​....

Zaw Lin

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download ThinGyan Music.apk : 70.2 Mb

pCloud Link