ရွှေစက်တော်ကို ဘုရားဖူးလာသူတိုင်း ဖုန်းမှာထည့်ထားသင့်တဲ့ မန်းရွှေစက်တော် Application v1.2.0


ကိုကျော်စွာသွင် ရေးတာပါ..


မန်းရွှေစက်တော် Application အကြောင်း
ရည်ရွယ်ချက် -
မန်းရွှေစက်တော် ဘုရားသို့ ဘုရားဖူးလာရောက်မည့် မိဘပြည်သူများ သွားရောက်လည်ပတ်သင့်သော နေရာများ၊ အရေးပေါ်ဖြစ်ချိန်တွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ နှင့် အခြားသော အသေးစိတ်အချက်အလက်များကို လွယ်လင့်တစ်ကူ သိရှိနိုင်ကြစေရန်။
-မန်းရွှေစက်တော် Application တွင် ခရီးသွားလမ်းညွှန်၊ ရွှေစက်တော်ရာသီဥတု (၇) ရက်စာ၊ ရွှေစက်တော် သတင်းအမှန်၊ ပုံပြခန်း စသည်တို့ပါဝင်မှာဖြစ်ပါတယ်။
-ခရီးသွားလမ်းညွှန်တွင် အထင်ကရနေရာများ (ရွှေစက်တော်သို့ရောက်လျှင် သွားရောက်လည်ပတ်သင့်သော နေရာများကို GPS ဖြင့် အနီးဆုံးနေရာကို
ဦးစားပေးဖော်ပြပေးခြင်း၊ တစ်ကြိမ်လျှင် ၁၀ ခုပြ၍ ထပ်မံကြည့်ရှုလိုပါက Infinite Scroll ဖြင့် ထပ်မံကြည့်ရှုနိုင်ခြင်း)
-ယာဉ်ရပ်နားစခန်းနှင့် ကားဂိတ်များ
-ဆီဆိုင်များ
-တည်းခိုဆောင်များ (ဖုန်းဆက်၍ ကြိုတင် ဘိုကင်လုပ်ထားနိုင်စေရန်)
-စားသောက်ဆိုင်များ
-အများပြည်သူသုံးအိမ်သာများ (အိမ်သာ ဘယ်နားလည်း မသိရ မရှိရလေအောင်)
-ကျန်းမာရေး (ကျန်းမာရေး တစ်စုံတစ်ရာ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနကို သိရှိရလေအောင်)
-လူမှုကူညီရေး အသင်းအဖွဲ့များ
-ရဲစခန်းများ ( Hot Line အပါအဝင် )
-မီးသတ်စခန်းများ ( Hot Line အပါအဝင် )
အစရှိသည်ဖြင့် စုံလင်စွာ ပါဝင်မှာဖြစ်ပါတယ်။
-ထပ်မံ၍ နောက်တစ်ဆင့်အနေဖြင့် ဘုရားကြီးရှိ ရွှေဆိုင်းအရောင်းနှင့် အလှူငွေ ကွန်ပျူတာစနစ်နှင့် ချိတ်ဆက်၍ ရရှိသော ကော်နက်ရှင်ပေါ်မူတည်၍ ရနိုင်သမျှသော အချက်အလက်များကိုလည်း ထုတ်ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
-အဲဒါကြောင့် မန်းရွှေစက်တော်ကို အလည်တစ်ခေါက် ဘုရားဖူးမှ လာမယ်ဆိုရင်ဖြင့် Man Shwe Set Taw apk ကို Install လုပ်ထားခြင်းအားဖြင့် အခက်အခဲအချို့ကို ဒီ apk လေးက ကူညီပေးနိုင်မှာဖြစ်ပါတယ်...




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Man Shwe Set Taw apk : 29.78 Mb

Mediafire Link

pCloud Link

Play Store Link
ရွှေစက်တော်ကို ဘုရားဖူးလာသူတိုင်း ဖုန်းမှာထည့်ထားသင့်တဲ့ မန်းရွှေစက်တော် Application v1.2.0 Title : ရွှေစက်တော်ကို ဘုရားဖူးလာသူတိုင်း ဖုန်းမှာထည့်ထားသင့်တဲ့ မန်းရွှေစက်တော် Application v1.2.0
Description : ကိုကျော်စွာသွင် ရေးတာပါ.. မန်းရွှေစက်တော် Application အကြောင်း ရည်ရွယ်ချက် - မန်းရွှေစက်တော် ဘုရားသို့ ဘုရားဖူးလာရောက်မည့် မိဘပြည်သူမျာ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.