Windows 10 တွင် Guest User Account ကိုဖန်တီးခြင်း

 
Windows မှာ Multiple user account ကို System တစ်ခုထဲပေါ်မှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Guest User account ဟာ ကိုယ့်ရဲ့ PC ကို အခြားသူတွေ ခေတ္တခဏ ဝင်ရောက်အသုံးပြုတဲ့အခါမှာ အလွန် အသုံးတည့်တဲ့အကောင့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အချက်အလက်တွေအပြင် System settings တွေကို ဝင်ရောက် ပြင်ဆင်ခြင်းမပြုနိုင်ဖို့အတွက် guest user account ကို အသုံးပြုကြပါတယ်။
Guest user account ကို Windows 10 မှာဖန်တီးပြုလုပ်ဖို့အတွက် Start Menu မှာ User account ဆိုတဲ့ keyword ကိုရိုက်ထည့်ပါ။



User Accounts ထဲကိုရောက်ရင် Manage another account ဆိုတာကို နှိပ်ရပါမယ်။



Manage Accounts ထဲကိုရောက်ပြီဆိုရင် အောက်ခြေနားမှာ Add a user account ဆိုတာကို နှိပ်ပါ။



အကယ်၍ သင်ဟာ Windows 10 ကို Microsoft account နဲ့ချိတ်ဆက်ပြီး Login ပြုလုပ်ထားတယ်ဆိုရင် Sign in without a Microsoft account (not recommended) ဆိုတာကိုရွေးချယ်ပြီး Next ကို နှိပ်ပါ။



Microsoft account နဲ့ မပြုလုပ်ဖို့ ရွေးထားတာဖြစ်တဲ့အတွက် Local account ဆိုတာကိုရွေးချယ်ပေးရပါမယ်။



နောက်တစ်ဆင့်ကတော့ Guest user account ပြုလုပ်မှာဖြစ်တဲ့အတွက် အချက်အလက်တွေ ဖြည့်သွင်းပြီး Password ကို သတ်မှတ်ပေးထားလိုက်ပါ။ ပြီးသွားရင် finish ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Guest account ပြုလုပ်မှာဖြစ်တဲ့အတွက် Win + R key နဲ့ run box ကိုခေါ်ပြီး netplwiz ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။



User account ထဲကိုရောက်ရင် ပြုလုပ်ထားတဲ့အကောင့်ကို ရွေးချယ်ပြီး Properties ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။



နောက်တစ်ဆင့်အနေနဲ့ Group Membership ဆိုတဲ့ Tab မှာ Other ဆိုတာကိုရွေးချယ်ပြီး Drop down arrow ကို နှိပ်ကာ Guest ဆိုတာကိုရွေးချယ်ပေးရပါမယ်။ ပြီးရင် Ok ကို နှိပ်လိုက်ပါ။



ဒီအဆင့်တွေပြီးသွားရင် သင့်ရဲ့ Log in screen မှာ Guest User account ကို ပေးထားတဲ့အကောင့် နာမည်နဲ့တွေ့ရပါလိမ့်မယ်။



အကယ်၍ ဒီ အကောင့်ကို ပြန်ဖျက်ချင်တယ်ဆိုရင် Manage accounts ထဲကို သွားပြီး Guest account ကိုရွေးချယ်ကာ Delete the account ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဖန်တီးပေးထားတဲ့ Guest account ပျက်သွားပါလိမ့်မယ်။



Ref: maketecheasier
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Windows 10 တွင် Guest User Account ကိုဖန်တီးခြင်း Title : Windows 10 တွင် Guest User Account ကိုဖန်တီးခြင်း
Description :   Windows မှာ Multiple user account ကို System တစ်ခုထဲပေါ်မှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Guest User account ဟာ ကိုယ့်ရဲ့ PC က...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.