November 2016
Software Full Version Download and Tech News Update




နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာမူဝါဒ (၁၂) ရပ် ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများတွင် Digital ID Card စနစ်၊ Digital Government Strategy နှင့် e-Government စနစ်ဆိုင်ရာလုပ်ငန်းစဉ်များအား ဦးစားပေးဆောင်ရွက်သွားရန် ပါဝင်ကြောင်း၊ အိုင်စီတီကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyber လုံခြုံရေး ကိစ္စရပ်များသည်လည်း မဖြစ်မနေ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း (၁၆) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်မျိုးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအနေဖြင့်လည်း တွန်းအားပေးဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘင်ဒါဆရီဘီဂါဝန်မြို့တွင် နိုဝင်ဘာလ ၂၅ ရက် မှ ၂၆ ရက် အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟထိုက် အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

KENBO KB P7800 Miracle Backup Firmware
ရှားပါးလေးမို တင်ပေးလိုက်ပါတယ် လိုင်းပေါ်မှာ ရှာတာ ခေါင်းကို
မူးသွားတယ် မတွေ့ဘူး ဒါကြောင့် ဘက်ကပ်ထုပ်ပီး ပြန်တင်ပေးလိုက်တာပါ
ကိုယ်တိုင် စမ်းပီးသားပါ။ SAVE ထားကြပေါ့ အရေးကြုံ က ထုပ်သုံးလို့
ရပါတယ် friend များ ရှယ်ပေးကြပါအုံး
Credit – KO Kyaw Kyaw

Harddisk 2TB အပြည့်ပါရှိသည့် Firmware များရောင်းချပေးခြင်းဖြစ်ပါတယ်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

no image
Software Full Version Download and Tech News Update
Remin Note 4 ဟီး
Firmware ရေးပြီးသေနေတာ တွေလိုပါ
စစချင်းရေးမယ်ဆိုရင်တော့
Preloader လေးဖြုတ်ရေးကြပါ ဆရာတို့
လိုရင်ဒေါင်းထားပါ အဆင်ပြေအောင်လို့
File Password > myanmarxda

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

Gmail တစ်ခုဟာ အလကားရတယ်ဆိုပေမယ့် ဒီ gmail နဲ့ပဲ လုပ်ငန်းခွင်မှာ တကယ်အသုံးပြုလာတဲ့အခါ သိပ်တန်ဖိုးရှိတဲ့ gmail တစ်ခုဖြစ်သွားပါတယ်.. ကိုယ့် gmail ကို အခြားမသမာသူတွေ ထိုးဖောက်ရယူသွားတဲ့အခါမျိုး၊ ကိုယ့် gmail ကို တစ်နည်းနည်းနဲ့ ဆုံးရှုံးလိုက်ရတာမျိုး မဖြစ်ရအောင် ကိုယ့် gmail မှာ လုံခြုံရေးနှင့်ပတ်သက်တဲ့ သိထားရမယ့် အချက် ၉ ချက်ကို ယေဘုယျ အားဖြင့် ဖေါ်ပြပေးလိုက်ပါတယ်...
-
1. What was the last password that you remember (must have)?
ကိုယ့်အီးမေးကို ဝင်ခဲ့တဲ့ နောက်ဆုံးမှတ်မိတဲ့ Password ကို မသိမဖြစ် သိထားရပါမယ်..
2. When was the last time (month, date, and year) you were able to sign in to your Gmail account (must have)?
ကိုယ့်အီးမေးကို နောက်ဆုံး ဝင်ကြည့်ဖြစ်တဲ့ရက်စွဲ ( လ/ရက်/ခုနှစ် ) ကို မဖြစ်မနေ သိထားရပါမယ်..
3. When did you (month and year) create your Gmail account (must have)?
ကိုယ့်အီးမေးစတင်ဖွင့်ခဲ့တဲ့ လ နဲ့ နှစ်ကိုတော့ မဖြစ်မနေ သိထားရပါမယ်..
4.What was the answer to your security question?
အီးမေးဖွင့်ခါစက လုံခြုံရေးမေးခွန်း အနည်းဆုံး ၃ ခု မေးခံရပါတယ်.. အဲဒီထဲမှာ တစ်ခုခုလောက်ကိုတော့ ကိုယ်ဘယ်လို ဖြေခဲ့သလဲ မှတ်မိရပါမယ်..
5.E-mail addresses of up to 5 frequently emailed contacts.
ကိုယ်နဲ့ အကြိမ်ရေအများဆုံး ဆက်သွယ်ဖူးတဲ့ အီးမေး ၅ ခုကို သိထားရပါမယ်..
6.Name of up to 4 labels.
ကိုယ့် အီးမေးမှာ အနည်းဆုံး Folder 4 ခုနှင့်အထက်ကို နာမည်မတူအောင် တည်ဆောက်ထားရပါမယ်.. gmail ဖွင့်တုန်းက ပါလာတဲ့ Folder (Label) တွေနဲ့ မတူတဲ့ Folder နာမည်တွေ ဖြစ်ရပါမယ်..
7.What was the first account recovery e-mail address that you remember?
ကိုယ့်အီးမေး စတင်ဖွင့်စဉ်က ထည့်ခဲ့တဲ့ recovery email ကို သိထားရပါမယ်..
8.Name up to 4 other Google products that you were using with your Gmail account and also the approximate date (month and year) you started using them.
Google ရဲ့ ထုတ်ကုန်တွေထဲက အနည်းဆုံး ၄ မျိုးနဲ့အထက် ကို ကိုယ့်အီးမေးနဲ့ ဘယ်တုန်းက စတင်သုံးစွဲခဲ့တယ်ဆိုတာကို မှတ်မိရပါမယ်..
9.Phone numbers that you may have associated with your Google account.
ကိုယ့် အီးမေး ဖွင့်တုန်းက ဘယ်ဖုန်းနံပတ်နဲ့ ချိတ်ဆက်ထားခဲ့တယ်ဆိုတာကို မှတ်မိရပါမယ်..

အပေါ်က ဖေါ်ပြထားတဲ့ အချက် ၉ ချက်ကတော့ ကိုယ့်အီးမေးသုံးစဉ်တစ်လျှောက်လုံး သတိထား မှတ်သားရမယ့် အချက်တွေဖြစ်ပြီး တစ်စုံတစ်ခုကြောင့် အီးမေးကို အခြားသူတစ်ယောက် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးမှုအတွက် ကိုယ့်အီးမေးကို အလွယ်တကူ ပြန်လည်ရရှိနိုင်ဖို့ အကောင်းဆုံး အထောက်အပံ့ ပေးပါလိမ့်မယ်...

စေတနာများဖြင့်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update
Christmasရောက်တော့မယ်နော်။
ဘလော့မှာChristmas Bellလေးတွေထည့်ကြရအောင်ဗျို့


ထုံးစံအတိုင်းGo to LAYOUT > Click ADD WIDGET
Choose HTML/Java Script widgetကိုရွေးပြီးအောက်ကCodeလေးကိုထည့်ပေးလိုက်ပါဗျာ။

<script type="text/javascript" src="http://ajax.googleapis.com/ajax/libs/jquery/1.4/jquery.min.js"></script>  <script type="text/javascript"> $("body").append($("<img src='http://2.bp.blogspot.com/_u4gySN2ZgqE/TQ-G1GVAD3I/AAAAAAAABtw/doqIyU32ngs/s1600/christmas-bells-icon.png' style='position:absolute; top: 0px;left:0px;border:none;'/><img id='xmasleftbell' src='http://3.bp.blogspot.com/_u4gySN2ZgqE/TQ-SkcTSrTI/AAAAAAAABt4/Qqpj5MR3tU8/s1600/christmas-bells-icon-right.png' style='position:absolute; top: 0px;right:0px;border:none;'/>")); </script> <script src='http://blogergadgets.googlecode.com/files/snowfall.min.jquery.js' type='text/javascript'></script> <script type="text/javascript"> $(document).snowfall({flakeCount:199}); </script>
ပြီးရင်Saveလိုက်ပါနော်
နမူနာကတော့ဒီမှာကြည့်ပါ
အဆင်ပြေကြပါစေဗျို့


Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

မင်္ဂလာပါခင်ဗျာ
ဒီနေ့တော့ကျွန်တော်ဘလော့မှာGoogle Map ထည့်နည်းလေးတင်ပေးလိုက်ပါတယ်။
ဘာမှမခက်ပါဘူး။
အရင်ဆုံးမိမိဘလော့ရဲ့Layoutကိုဝင်ပါ။
ပြီးရင်Add Layout
ပြီးရင်html/javascript
ပြီးရင်အောက်ကCodeလေးထည့်ပေးလိုက်ပါ။

 <!-- crawlist.net map starts-->
<iframe width="300" height="300" frameborder="0" scrolling="no" marginheight="0" marginwidth="0" src="http://maps.google.com/maps?q=4100, agrabad,chittagong, bandladesh&layer=tc&t=m&z=10&source=embed&output=svembed"></iframe>
<!-- crawlist.net map ends-->
ပုံစံကြည့်ချင်ရင်ဒီမှာကြည့်ပါ။

အဆင်ပြေကြပါစေဗျာ


Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update


ရထားတစ်စင်းပေါ်မှာပေါ့…
၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်…
“အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…”
သူ့အဖေကတော့ ပြုံးနေပါတယ်…။ သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက လင်မယားနှစ်ယောက်ကတော့ ကောင်လေးရဲ့ ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။ ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။
“ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…”
ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။
“ ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…”
အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်…
“ ဆရာဝန်ပြပြီးပါပြီ…ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ… ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…”
လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…
Credit to ဦးသုည , http://kanaung.net/

အဆင်ပြေပါစေ..


မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update



-
-
သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။
သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍ ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။ ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။
မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သင် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော
မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။
တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၎င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၎င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်—ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။
မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။
အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။
လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။
ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။
အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။ ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။
Refer - http://kanaung.net/
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update
မင်္ဂလာပါအမျိုးတို့ရေ
ဒီတစ်ခေါက်ကျွန်တော်ပြောပြပေးမယ့်ဘလော့နည်းပညာလေးကတော့
မိမိတို့ဘလော့မှာPostတင်လိုက်ရင်ခေါင်းစဉ်ကိုအလယ်မှာပေါ်အောင်လုပ်နည်းလေးပါ။
အရမ်းလွယ်ပါတယ်။အောက်မှာနမူနာLinkနဲ့ပုံလေးပေးထားပါတယ်။
နမူနာကြည့်ချင်လျှင်ဒီမှာကြည့်ပါ။

အပေါ်မှာပြထားတဲ့ပုံစံမျိုးပါ။
အရင်ဆုံးကျွန်တော်တို့မိမိဘလော့ရဲ့ Templated ကိုနှိပ်ပါ။အောက်ပါအတိုင်းပေါ်လာပါမယ်။

Customizeကိုနှိပ်ပါ။
ပြီးရင်အောက်ပါပုံအတိုင်းပေါ်လာပါမယ်။

Adjust widthကိုနှိပ်ပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်။

Add CSSကိုနှိပ်ပါ။
ပြီးလျှင်အောက်ကCodeလေးကိုCopyယူထည့်လိုက်ပါ။
 .post-title {  text-align: center;  }
ပြီးလျှင်အောက်မှာပြထားတဲ့အတိုင်းApply to Blogကိုနှိပ်ပေးလိုက်ပါ။
မိမိရေးတင်လိုက်တဲ့Postတွေရဲ့ခေါင်းစဉ်တွေအလယ်ရောက်နေမှာတွေ့ရမှာပါ။

အားလုံးသောBloggerညီကိုတော့ပျော်ရွှင်ကြပါစေဗျာ။




Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

အသုံးမပြုတော့တာ ကြာပြီဖြစ်တဲ့ Google Account အဟောင်းတွေနဲ့ အသုံးမပြုချင်တော့တဲ့ Google Account တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Google Account ကိုဖျက်ဆီးပစ်တော့မယ်ဆိုရင် gmail အတွင်းမှာရှိတဲ့ အချက်အလက်တွေကို download ပြုလုပ်ထားပြီးမှသာ Google account ကို ဖျက်သင့်ပါတယ်။

Google Email ထဲက အချက်အလက်တွေကို download ပြုလုပ်ဖို့အတွက်ဆိုရင် Google Takeout ကနေ သွားရောက်ပြီး Download ပြုလုပ်ရပါမယ်။

Google Takeout ကို အသုံးပြုရန်အတွက် https://takeout.google.com/settings/takeout (ဒီနေရာကနေ) သွားရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါ တယ်။


Email ထဲက အချက်အလက်တွေကို download ပြုလုပ်ပြီးပြီဆိုရင် Google Account ကို ဖျက်ပစ်ဖို့ အတွက် https://myaccount.google.com/preferences ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။



အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Delete produts နဲ့ Delete Google Account and data ဆိုတာကို တွေ့မြင်ရပါမယ်။ Delete products ဆိုတာကတော့ Google ထုတ်ကုန်တွေဖြစ်တဲ့ Google+, YouTube, Mail အစရှိတဲ့ မလိုချင်တဲ့ product တွေကို ဖျက်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။



Google Account and data ကိုရွေးချယ်မယ်ဆိုပါက Google Calendar, Drive, Gmail, Contacts, YouTube အစရှိတာတွေနဲ့ Gmail ထဲက အချက်အလက်တွေအကုန်လုံး အပြင် Google Account ကိုပါ ဖျက်ပစ်သွားပါလိမ့်မယ်။


Google Product တွေကိုသာဖျက်ပစ်မယ်ဆိုရင် ကိုယ်ဖျက်ချင်တဲ့ Product ကိုရွေးချယ်ပြီး အမှိုက်ပုံးကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် အဆိုပါ Google Account မှာရှိတဲ့ ကိုယ်ဖျက်ချင်တဲ့ product ကို ဖျက်ဖို့အတွက် Verification email ကိုထည့်သွင်းပေးရပါလိမ့်မယ်။ လက်ရှိ အသုံးပြုနေတဲ့ email တစ်ခုခုကို ထည့်သွင်းပေးလိုက်ပါ။


ကိုယ်ထည့်သွင်းထားတဲ့ email ကိုဖွင့်ပြီး အတည်ပြုချက် ပြုလုပ်ပေးရပါမယ်။ ပေးထားတဲ့လင့်ခ်ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။


အဆိုပါ link ကို နှိပ်ပြီး ကိုယ်ဖျက်ပစ်ချင်တဲ့ Product ကို Delete ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Delete Google Account and data ဆိုတာကို နှိပ်လိုက်ပါက Google Account တစ်ခုလုံးကို ဖျက်ပစ်ပေးသွားမှာဖြစ်ပြီး မှားယွင်းဖျက်ပစ်မိတယ်ဆိုရင်လည်း Account ကို ပြန်လည်ရယူရန် Support Center ကို ဖော်ပြပေးထားပါလိမ့်မယ်။ အဆိုပါ နေရာတွင် မိမိ Recovery ပြန်လည်လုပ်ချင်တဲ့ email လိပ်စာကို ထည့်ပြီး password ကိုပါ ပြန်ထည့်ပေးရမှာ ဖြစ်ပါတယ်။

Ref : Internet Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

Android Smartphone Service သမားတွေသုံးတဲ့ SP Flash Tool Latest Version v5.16.44 ဖြစ်ပါတယ်.. Windows နဲ့ Linux အတွက် ပြန်လည် မျှဝေလိုက်ပါတယ်...

Ref : http://spflashtools.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

===============
မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့ အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့ မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။ 

ဗာဒံစေ့နဲ့ ပတ်သက်ပြီးလူနဲ့ တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့ သော် ဗာဒံစေ့နဲ့ ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။

ဗာဒံပင်ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်တွေ့ နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။

ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့  ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို "wedding sweets" အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။

အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့
ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်တဲ့။ မော်ရော့ကိုနိုင်ငံရဲ့  အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့် ရောထားတဲ့ နွားနို့ က မပါ လျှင်မပြီးပြန်ပါဘူး။ pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။

ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့ တဲ့
ပါကစ္စတန်နိုင်ငံရဲ့ နွေရာသီများမှာ ဗာဒံစေ့ နဲ့ ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့  ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။

ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဥာဏ်စွမ်းအားများလည်း ကောင်းစေလို့ ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။

အူသိမ်၊ အူမများနဲ့  အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့် စေပါတယ်။ လူတစ်ယောက်ရဲ့ အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါ အဖွဲ့ အစည်းရဲ့အလုပ်လုပ် နိုင်စွမ်းအားနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်

အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။

ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့ မျက်နှာပေါ်ရှိအမည်းစက်များ
အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့  ဗီတာမင်အီး ဆေးတောင့်လေးတွေ တိုက်ကျွေး လေ့ရှိပါတယ်။ အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။

ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။

ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။ အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။ (မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)

နှလုံးအတွက် သူငယ်ချင်းကောင်းလို့ ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့် တားပေးပါတယ်။

ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့် ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့ နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့်
နှလုံးကျမ္မာလာစေပါတယ်။

မှတ်ဥာဏ်နဲ့ ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့ မှတ်ဥာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ ဖော်စပ်
ထားခြင်းဖြစ်ပါတယ်။ အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။

ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့  အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက ဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့  USDA ကအကြံပြုထားပါတယ်။

Ref:
ပေါက်ပေါက်
(မှီငြမ်း Beauty Mantra


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !