Android Phone တွေကို မြန်မာစာစနစ် မှန်ကန်စေအောင်သွင်းပေးနိုင်မယ့် All Easy Font App


Android Phone တွေကို မြန်မာစာစနစ် မှန်အောင်သွင်းပေးနိုင်မယ့် All Easy Font App လေးပါ။ Huawei(emui) / Samsung / Xiaomi / Vivo / Oppo စ,တဲ့ ဖုန်းတွေအတွက် Root Access မလိုပဲ Theme / Font Style တို့ဖြင့် မြန်မာဖောင့်သွင့်ပေးခြင်း၊ Xiaomi (MI) ဖုန်းတွေအတွက် MIUI 7 ရော MIUI 8 မှာရော အသုံးပြုနိုင်ပါတယ်..။ Vivo ဖုန်းတွေအတွက်တော့ iTheme ထဲမှာ Font ချိန်းလိုက်တာနဲ့ COC မှာပါမြန်မာလိုအသုံးပြု နိုင်ခြင်း ၊ Samsung တွေအတွက် Version 2.3 မှ etc Lollipop တွေအထိ မြန်မာစာထည့်သွင်းပေးနိုင်ခြင်း နှင့် အခြား Root Acces ရရှိပြီးသော Android Phone တွေအတွက်လည်း မြန်မာစာသွင်းပေးနိုင်ခြင်း စ,တာတွေကို App တေစ်ခုတည်းမှာပဲ စုံစုံလင်လင်ရရှိနိုင်သောကြောင့် တော်တော်လေးအဆင်ပြေစေမယ့် All In One Application လေးဖြစ်ပါတယ်။

USB OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ?


တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီး စူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .

OTG
OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။

USB OTG Adapter

USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick

 USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။
OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလ4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။

Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ ဈေးပေါပေမယ့်  ၊ iOS အတွက်ကတော့ ဈေးကြီးပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

Credit : http://digitaltimes.com.mm/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



MPT 4G ၀န်ဆောင်မှုမိတ်ဆက်ခြင်းနှင့်စပ်လျှဉ်း၍ မီဒီယာများနှင့် အမေးအဖြေများ

အမေး ၁ – 4G ဆိုတာဘာပါလဲ။ LTE ဆိုတာကရော ဘာပါလဲ။ GSM ၊ 3G တို့နဲ့ ဘယ်လိုကွာခြားမှုရှိပါသလဲ။
အဖြေ ၁ – 4G ဆိုသည်မှာ Fourth Generation of cellular communications ရဲ့အတိုကောက်ဖြစ်ပါတယ်။ LTE ဆိုတာကတော့ Long Term Evolution ကို ဆိုလိုတာဖြစ်ပြီး ဖုန်းနှင့်အခြားသောမိုဘိုင်းစက်ပစ္စည်းများ ပေါ်မှာ မြန်နှုန်းမြင့်ကြိုးမဲ့အင်တာနက်စနစ်များ အသုံးပြုတဲ့ အခါမှာ အမြန်နှုန်းအတွက် သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုပဲဖြစ်ပါတယ်။
4G စနစ်ဟာ 3G စနစ်နဲ့ယှဉ်လျှင် အင်တာနက်အမြန်နှုန်း ပိုမိုမြန်ဆန်မှုရှိတဲ့အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းကနေ ၀က်ဘ်ဆိုဒ်တွေဝင်ရောက်ကြည့်ရှုတဲ့အခါ၊ video call ခေါ်တဲ့အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗီများကြည့်တဲ့အခါ၊ အွန်လိုင်းဂိမ်းအကြီးစားတွေဆော့တဲ့အခါ၊ cloud မှာ ဒေတာ သိမ်းဆည်းတဲ့ အခါ၊ အခြားအခြားသောအွန်လိုင်းမှ ၀န်ဆောင်မှုတွေ ရယူတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ အွန်လိုင်း အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။
အမေး ၂ – 4G ၀န်ဆောင်မှုကို ရယူဖို့ဘာတွေလိုအပ်ပါသလဲ။
အဖြေ ၂ – 4G ၀န်ဆောင်မှုကို ရယူဖို့ 4G စနစ်ထောက်ပံ့ထားတဲ့ MPT ဆင်းမ်ကတ်တစ်ကတ်၊ မိုဘိုင်းဖုန်း သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းတို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဆွေသဟာဝန်ဆောင်မှုကို ရယူထားဖို့လိုအပ်ပါမယ်။ တစ်ခုသတိထားရမှာကတော့ အချို့ 4G ဖုန်းတွေအတွက် 4G ၀န်ဆောင်မှုကို ရယူဖို့ SIM Slot-1 နဲ့အသုံးပြု လိုအပ်မှာဖြစ်ပါတယ်။
အမေး ၃ – MPT က 4G ကွန်ရက်ကို ဘယ်နေရာတွေမှာ မိတ်ဆက်သွားမှာပါလဲ။
အဖြေ ၃- အခုလောလောဆယ်မှာတော့ ရန်ကုန်နဲ့ နေပြည်တော်ရဲ့ သတ်မှတ်ထားတဲ့ နေရာ အတော်များများမှာ 4G ၀န်ဆောင်မှုကို ရရှိနိုင်ပါတယ်။ MPT ရဲ့ ဆူးလေအရောင်းဆိုင်နဲ့ ရန်ကုန်မြို့ပေါ်က ဈေးဝယ်စင်တာများဖြစ်ကြတဲ့ Junction Centre (မော်တင်)၊ Junction Square၊ တော်ဝင်စင်တာ တို့နှင့် နေပြည်တော်ရှိ ဈေးဝယ်စင်တာများဖြစ်ကြတဲ့ Junction Center နှင့် Capital Hyper Market တို့မှာ 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း 4G ၀န်ဆောင်မှုရရှိနေပါပြီ။
အမေး ၄ – အခြားအော်ပရေတာများထက် MPT ရဲ့ 4G ၀န်ဆောင်မှုဟာ အကန့်အသတ်ရှိနေပြီး အဆောက်အဦးအတွင်းပိုင်းမှာ အသုံးပြုလို့ရအောင် ဘာလို့ရွေးချယ်ထားတာပါလဲ။
အဖြေ ၄ – MPT ရဲ့ 3G ကွန်ရက်ကို အားပေးနှစ်ခြိုက်ကြတဲ့ သုံးစွဲသူများအတွက် အနှောင့်အယှက်မဖြစ်စေဖို့ အခုကာလမှာ 4G ၀န်ဆောင်မှုကို အဆောက်အဦးအတွင်းပိုင်း တွေမှာပဲ အသုံးပြုလို့ရအောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ 4G ကွန်ရက်တည်ဆောက်မှု အားလုံးပြီးစီး သွားတဲ့အခါမှာ MPT အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ 4G ၀န်ဆောင်မှုတွေကို ပေးစွမ်းသွားမှာဖြစ်ပါတယ်။
အမေး ၅ – MPT ရဲ့ 4G နဲ့ အခြားသောအော်ပရေတာများရဲ့ 4G ဟာ ဘယ်လိုကွာခြားမှုရှိနိုင်ပါသလဲ။
အဖြေ ၅ – နည်းပညာပိုင်းအရတော့ ကွာခြားမှုသိပ်မရှိဘူးဆိုပေမဲ့ MPT ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ဆက်သွယ်ရေးကွန်ရက်ဖြစ်တာကြောင့် 3G နဲ့ 4G ကွန်ရက်များကို အချောမွေ့ဆုံးသော ပြောင်းလဲပေးသွားအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အမေး ၆ – MPT သုံးစွဲသူဘယ်လောက်များများက 4G ကို အသုံးပြုနိုင်မလဲ။
အဖြေ ၆- GSM နဲ့ WCDMA အသုံးပြုသူများအားလုံးက MPT ရဲ့ 4G ကွန်ရက်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အမေး ၇ – MPT က 4G ၀န်ဆောင်မှုကို 1.8GHz လှိုင်းစဉ်ပေါ်မှာ ဘယ်တော့လောက် အပြည့်အ၀ပေးနိုင်မလဲ။
အဖြေ ၇ – MPT အနေနဲ့ 4G ကွန်ရက်ကို မြန်မာ့နိုင်ငံအတွင်းကို အမြန်ဆုံးဖြန့်ချိနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ထပ်ဆောင်း လှိုင်းနှုန်းစဉ် ဖြစ်တဲ့ 1.8 GHz အပေါ်မှာလည်းမူတည်နေပြီး ဒါမှပဲ 4G ကွန်ရက်ကို အကောင်းဆုံးလွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက 1.8GHz spectrum ချပေးတာနဲ့ 1.8GHz ကိုအသုံးပြုပြီး 4G ၀န်ဆောင်မှု အပြည့်အ၀ပေးသွားမှာပါ။ ၂၀၁၇ ခုနှစ် အစောပိုင်းလောက်ဖြစ်မယ်လို့ ထင်ပါတယ်။
အမေး ၈ – MPT က 4G ၀န်ဆောင်မှုကို ဘယ်လောက်ထိ တိုးချဲ့သွားဖို့ရှိပါသလဲ။
အဖြေ ၈ – အခုကာလမှာတော့ 2.1GHz spectrum လှိုင်းစဉ်ပေါ်မှာပဲ 4G ၀န်ဆောင်မှုကို ပေးသွားမှာပါ။ 4G ကွန်ရက်ကို နောင်နှစ်အတွင်းမှာ တည်ဆောက်ပြီးစီးသွားတဲ့အခါမှာတော့ 1.8GHz လှိုင်းစဉ်ပေါ်ကနေ မြန်မာနိုင်ငံရဲ့မြို့ကြီးများမှာ စတင်မိတ်ဆက်သွားမှာပါ။ 4G စနစ်ထောက်ပံ့တဲ့ မိုဘိုင်းစက်ပစ္စည်းတွေ ဈေးကွက်ထဲ ပိုမိုတွင်ကျယ်လာတဲ့အခါမှာတော့ မြို့တွေကိုတိုးချဲ့ပြီး ၀န်ဆောင်မှုပေးသွားမှာဖြစ်ပါယ်။
အမေး ၉- MPT ရဲ့ 4G ကွန်ရက် အမြန်နှုန်းဘယ်လောက်ရှိနိုင်မလဲ။
အဖြေ ၉ – 5M bandwidth ကို အမြင့်ဆုံး 37.5Mbps နဲ့ ရရှိနိုင်မှာပါ။
အမေး ၁၀ – ဒီအမြန်နှုန်းက လက်ရှိ 3G အမြန်နှုန်းထက်တောင် နှေးကွေးတယ်မဟုတ်ဘူးလား။
အဖြေ ၁၀ – 5M bandwidth ကို အမြင့်ဆုံး 37.5Mbps နဲ့ ရရှိနိုင်မှာပါ။ spectrum အသစ်ရတယ့်အခါ bandwidth များများထပ်ချပြီးသွားမှာဖြစ်တဲ့အတွက် အမြန်နှုန်းကို 75Mbps နဲ့ 150Mbps ဟူ၍ ပိုတိုးပြီးရလာမယ်လို့ ကျွန်တော်တို့မျှော်မှန်းထားပါတယ်။
အမေး ၁၁ – 4G ဆင်းမ်ကတ် ဘယ်လောက်များများ ဖြန့်ချိရောင်းချပြီးပါပြီလဲ။
အဖြေ ၁၁ – 4G စနစ်ထောက်ပံ့ထားတဲ့ nano ဆင်းမ်ကတ်တွေကို လွန်ခဲ့တဲ့နှစ်နှစ်လောက် ကတည်းက ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။ အတိအကျကိုတော့ ပြောပြလို့မရပါဘူးခင်ဗျာ။
အမေး ၁၂ – မူလဆင်းမ်ကတ်ကို 4G ဆင်းမ်ကတ်သို့ ဘယ်လိုပြောင်းလဲရယူနိုင်မလဲ။
အဖြေ ၁၂ – 4G စနစ်ထောက်ပံ့ထားခြင်းမရှိသေးတဲ့ဆင်းမ်ကတ်ကိုင်ထားတဲ့ သုံးစွဲသူတွေဟာ MPT အရောင်းဆိုင်များသို့ သွားရောက်ပြီးတော့ မိမိတို့မူလဆင်းမ်ကတ်နဲ့ ဆင်းမ်ကတ်အသစ်တစ်ခုကို လဲလှယ်ရယူနိုင်ပါတယ်။ 4G စနစ်ထောက်ပံ့ပေးထားခြင်းမရှိသေးသော Sim card သုံးစွဲသူများကို MPT ကနေ SMS မှတစ်ဆင့် အကြောင်းပြန်ပေးသွားမှာပါ။ ဆင်းမ်ကတ်လဲထားတယ်ဆိုပေမဲ့ မိမိတို့မူလဖုန်းနံပါတ်နဲ့ပဲ ဆက်လက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများမှ ထပ်မံသိလိုသည်များရှိပါက ၁၀၆ ကို ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ်။
အမေး ၁၃ – အမေး ။ MPT ကနေပြီး လက်ရှိ ဆင်းမ်ကတ်ကနေ USIM ကိုပြောင်းလို့ရပြီဆိုပြီး SMS လက်ခံရရှိခဲ့ပါတယ်။ USIM ကို လဲလိုက်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေကို ရရှိပါမလဲ။
အဖြေ ၁၃ – သုံးစွဲသူများတွင် 4G ကို ထောက်ပံ့ပေးသော Handset နှင့် ဆွေသဟာဝန်ဆောင်မှုကို ရယူထားပြီး USIM ကို ပြောင်းသုံးတဲ့အခါမှာ MPT ရဲ့ မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုကို ရရှိမှာပါ။ USIM ကို အသုံးမပြုဘူးဆိုရင်တော့ မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ 3G ကွန်ရက်ကိုတော့ ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အမေး ၁၄ – USIM တွေကို MPT အရောင်းဆိုင် တွေအပြင် တခြားလဲလို့ရတဲ့နေရာတွေရောရှိသေးလား
အဖြေ ၁၄ – တခြားနေရာတွေမှာတော့ လဲလို့မရသေးပါဘူ အခုလောလောဆယ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ MPT အရောင်းဆိုင်များမှာပဲ လဲလို့ရပါသေးတယ်
အမေး ၁၅ – လက်ရှိသုံးနေတဲ့ ဆင်းမ်ကတ်က USIM ဟုတ်မဟုတ် ဆိုတာကို ဘယ်လိုသိလို့ရလဲ
အဖြေ ၁၅ – MPT က USIM တွေကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး ယခုတိုင်ထုတ်လုပ် နေဆဲဖြစ်ပါတယ်။ ဒါကြောင့် MPT အသုံးပြုသူတော်တော်များများမှာလည်း USIM တွေကို ကိုင်ဆောင်ထားပါတယ်။
MPT ဆင်းမ်ကတ်မှာ MPT Logo အသစ်နဲ့ဆိုရင် အဲဒါက USIM ဖြစ်ပြီးတော့ ထပ်မံလဲလှယ်ဖို့မလိုအပ်ပါဘူး။
MPT ဆင်းမ်ကတ်မှာ MPT Logo အဟောင်းနဲ့ဆိုရင် USIM မဟုတ်ပါဘူး။
အမေး ၁၆- မေး။ 4G USIM နဲ့ အသုံးပြုရင် roaming လုပ်လို့ရလား
အဖြေ ၁၆ – ဟုတ်ကဲ့ USIM နဲ့ ဆိုရင်လည်း roaming လုပ်လို့ရပါတယ်။ သို့သော်လည်း 4G အတွက် Roaming ကို လက်ရှိပြင်ဆင်နေပြီးတော့ သုံးစွဲသူတွေက 2G/ 3G နဲ့လည်း roaming ဝန်ဆောင်မှုကို ပြုလုပ်နိုင်ပါတယ်
အမေး ၁၇ – အသုံးပြူသူတွေ 4G Network ရ မရဆိုတာကို ဘယ်လိုသိနိုင်ပါလဲ
အဖြေ ၁၇ – ပထမဦးဆုံး ဖုန်း Setting ကို ဝင်ပြီး LTE Network Mode ကိုရွေးပါ။ ဒါပြီးရင်တော့ 4G (သို့) LTE (သို့) L ကို ရွေးချယ်ပါ။ (စမတ်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပြုလုပ်ရမယ့်နည်းလမ်းတွေတော့ ကွဲပြားသွားပါမယ်)
Choose Settings> More Network> Mobile Network> Network Mode> select LTE or 4G
If there is a choice of LTE or 4G, the device can be used for 4G-LTE network.\
Choose Settings> More Network> Mobile Network> Network Mode> select LTE or 4G ဆိုပြီး အဆင့်ဆင့် လုပ်ဆောင်သွားရမှာပါ။ LTE (သို့) 4G ကိုရွေးပြီးတဲ့နောက်မှာတော့ 4G Network ကို အသုံးပြုလို့ရပါပြီ။
** Setting ကတော့ ဟန်းဆက်အမျိုးအစားနဲ့ Operating System ( OS) အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားမှာပါ။
အမေး ၁၈ – 4G Network နဲ့ အသုံးပြုတဲ့အခါမှာ အသံနဲ့ SMS အသုံးပြုမှုတွေမှာ ကွဲပြားခြားနားမှုတွေရှိပါသလား
အဖြေ ၁၈ – 4G Network နဲ့ အသုံးပြုတဲ့အခါမှာ အသံနဲ့ SMS အသုံးပြုမှုတွေမှာ ကွဲပြားခြားနားမှုမရှိပါဘူး
အမေး ၁၉ – 4G ကို ရဖို့ APN ကိုရော ပြောင်းလဲဖို့လိုသေးလား
အဖြေ ၁၉- 4G ကို ရဖို့ APN ကို ပြောင်းလဲဖို့မလိုပါဘူး
အမေး ၂၀ – 4G ကို သုံးဖို့အတွက် internet package တွေကို ဝယ်ထားဖို့လိုသေးလား
အဖြေ ၂၀- Internet package တွေကို ဝယ်ထားဖို့မလိုပါဘူး။ MPT ကို သုံးစွဲသူအားလုံး 3G ရဲ့ ဈေးနှုန်းအတိုင်းနဲ့ပဲ အသုံးပြုလို့ပါတယ်။
သို့သော်လည်း 4G ကို သုံးတဲ့အခါ အောက်ပါအချက်များနဲ့ ကိုက်ညီဖို့တော့လိုအပ်ပါတယ်.
၁) USIM
၂) 4G ကို ထောက်ပံပေးနိုင်သော Handset (I Phone ဆိုရင်တော့ IOS 10 နဲ့အထက်ကိုအသုံးပြုရမှာပါ။)
၃) ဆွေသဟာ အသုံးပြုသူ
အမေး ၂၁ – 4G တွေက စက်ပစ္စည်းအားလုံး (Handset အားလုံး) မှာ အသုံးပြုလို့ရလား
အဖြေ ၂၁ – 4G ၀န်ဆောင်မှုကို 4G စနစ်ထောက်ပံ့ထားတဲ့ စက်ပစ္စည်းတွေမှာပဲ ရယူနိုင်မှာဖြစ်ပါတယ်။ မိမိဖုန်းမှာ 4G စနစ်ပါမပါကို အဆိုပါဖုန်းဖြန့်ချိရောင်းချသူနဲ့ ပြန်လည်စစ်ဆေးကြည့်ဖို့လိုပါမယ်။ 4G စနစ်သုံးဖို့ MPT nano (U SIM) ဆင်းမ်ကတ်တစ်ကတ်လည်း လိုအပ်ပါမယ်။
အမေး ၂၂ – မိမိတို့ဖုန်း သို့မဟုတ် မိုဘိုင်းစက်ကိရိယာတွေမှာ 4G စနစ် သုံးလို့ရမရကို ဘယ်လိုသိရှိနိုင်ပါသလဲ။ ဘယ်လိုအမျိုးအစားတွေက 4G ထောက်ပံ့ထားလဲဆိုတာကို ပြောပြပေးနိုင်မလား။
အဖြေ ၂၂ – 4G စနစ်သုံးလို့ရမရဆိုတာကတော့ မိမိတို့အသုံးပြုတဲ့မိုဘိုင်းပစ္စည်းနဲ့ မိမိအော်ပရေတာက အသုံးပြုတဲ့ band ပေါ်မှာ မူတည်ပါတယ်။ ယေဘုယျအားဖြင့် မိမိဖုန်းက 4G စနစ်ထောက်ပံ့ထားတယ်ဆိုရင် Network mode ထဲမှာ WCDMA, GSM (2G) အစရှိသည်တို့နဲ့အတူ 4G ဆိုတာပါ တွေ့ရမှာပါ။ မိမိဖုန်းက 4G စနစ် အသုံးပြုလို့ရမရ ပြန်လည်စစ်ဆေးကြည့်ရင် ပိုကောင်းပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ မိုဘိုင်းစက်ပစ္စည်းတွေ အများစုကတော့ 4G band ကိုအသုံးပြုလို့ရကြပါတယ်။ ဒါပေမဲ့ သေချာအောင် မိမိဝယ်ယူခဲ့တဲ့ ဖြန့်ချိရောင်းချသူ သို့မဟုတ် အရောင်းဆိုင်ထံမှာ ပြန်လည် အတည်ပြုကြည့်ပါ။
အမေး ၂၃- ကျွန်တော်ရဲ့ Handset ကတော့ 4G အလုပ်မလုပ်ပါဘူး။ MPT ကနေပြီးတော့ အဲဒီလိုမျိုးတွေအတွက် အထူးအစီအစဉ်တွေများရှိပါသလား
အဖြေ ၂၃- ခုလောလောဆယ်တော့ ကျွန်တော်တို့မှာ 4G Device အတွက် အထူးအစီအစဉ် တွေတော့မရှိပါသေးဘူး။ ကျွန်တော်တို့လည်း ကြိုးစားနေပြီးတော့ မကြာခင် ကမ်းလှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အမေး ၂၄ – 4G ထောက်ပံ့ပေးမယ့် Handset တွေကိုရော MPT ကနေ ရနိုင်လား
အဖြေ ၂၄- MPT Handset တွေဖြစ်တဲ့ M40 နဲ့ M50 တွေကတော့ 4G ကို ထောက်ပံ့မပေးနိုင်ပါဘူး။ ခုလောလောဆယ် MPT မှာတော့ 4G Handset တွေ မရှိပါသေးဘူး။
အမေး ၂၅- MPT က 4G ထောက်ပံ့တဲ့မိုဘိုင်းစက်ပစ္စည်းများ မိတ်ဆက်သွားဖို့ရှိပါသလား
အဖြေ ၂၅ – အရည်အသွေးကောင်းမွန်တဲ့ 3G မိုဘိုင်းစက်ပစ္စည်းတွေကို မကြာသေးမီကပဲ မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ သုံးစွဲသူများရဲ့အသံကို နားစွင့်ပြီး 4G ဖုန်းများကိုလည်း ထုတ်လုပ်သွားမှာပါ။ ကျေးဇူးပြု၍ နောင်ထုတ်ပြန်မယ့်ကြေညာချက်များကို ဆက်လက်နားစွင့်ပေးပါ။
အမေး ၂၆ – ဘယ် handset တွေက 4G ကို ထောက်ပံ့ပေးတဲ့ handset တွေလဲ
အဖြေ ၂၇- ဈေးကွက်ထဲမှာတော့ 4G ကို ထောက်ပံ့ပေးတဲ့ handset တွေအများကြီးရှိပါတယ်။ ဈေးကွက်ထဲမှာလည်း မော်ဒယ်အသစ်တွေအများကြီးကို ရောင်းချလာကြတော့ ဘယ်အမျိုးအစားတွေ ဆိုတာကို ပြောဖို့ကတော့ခက်ပါတယ်။
အမေး ၂၇ – MPT က 4G ၀န်ဆောင်မှုကို 1.8GHz လှိုင်းစဉ်ပေါ်မှာ ဘယ်တော့လောက် အပြည့်အ၀ပေးနိုင်မလဲ။
အဖြေ ၂၇ – နိုင်ငံတော်အစိုးရက 1.8GHz spectrum ချပေးတာနဲ့ 1.8GHz ကိုအသုံးပြုပြီး 4G ၀န်ဆောင်မှု အပြည့်အ၀ပေးသွားမှာပါ။ ၂၀၁၇ ခုနှစ် အစောပိုင်းလောက်ဖြစ်မယ်လို့ ထင်ပါတယ်။
အမေး ၂၈ – MPT က 4G ၀န်ဆောင်မှုကို ဘယ်နေရာတွေမှာ ပေးသွားမှာပါလဲ။ တစ်နိုင်ငံလုံးအနေအထားနဲ့ ရာခိုင်နှုန်းဘယ်လောက်ကို လွှမ်းခြုံသွားမှာပါလဲ။
အဖြေ ၂၈ – MPT က 1.8GHz spectrum ကို ရတာနဲ့ တစ်နိုင်ငံလုံးအနေအထားနဲ့ ၀န်ဆောင်မှုပေးသွားဖို့ ပြင်ဆင်နေပါတယ်။ စစချင်းမှာတော့ လူဦးရေထူထပ်တဲ့နေရာများမှာ အရင်မိတ်ဆက်သွားပါမယ်။ ပြီးမှ ကျန်နေရာများကို ဖြည့်တင်းသွားပါမယ်။
အမေး ၂၉ – 4G ၀န်ဆောင်မှုအတွက် MPT ရဲ့ ဈေးကွက်ရှာဖွေရေးမဟာဗျူဟာတွေက ဘာဖြစ်မလဲ။
အဖြေ ၂၉ – ကျွန်တော်တို့က 4G ၀န်ဆောင်မှုကို တက်နိုင်သမျှ လူအမြောက်အများဆီသို့ အရောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့သုံးစွဲသူများအားလုံး 4G ၀န်ဆောင်မှုကို ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားပြီး နည်းလမ်းရှာဖွေသွားမှာပါ။ MPT ရဲ့ ဈေးကွက်ဗျူဟာအရ မီဒီယာတွေရဲ့ တစ်ဆင့် MPT အသုံးပြုသူတွေကိုဖြစ်စေ အသုံးမပြုသူတွေကိုဖြစ်စေ၊ OOH, PoSM အသုံးပြုတာတွေ ကဖြစ်စေ၊ နောက်ပြီးတော့ SMS ကတစ်ဆင့်ဖြစ်စေ နည်းမျိုးစုံကို အသုံးချပြီးတော့ သိရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
refer - http://www.blog.myanmardigitallife.com/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >



MIUI 8 မှာ screenshot အရှည် ဘယ်လိုရိုက်မလဲ


Xiaomi ဟာ MIUI 8 မှာ အမိုက်စား feature အသစ်တွေ အများအပြားထုတ်ပေးခဲ့ပါတယ်။
အဆိုပါ feature တွေထဲမှာ အသုံးဝင်ဆုံးနဲ့ အမိုက်ဆုံး feature တစ်ခုကတော့ ‘Scrolling screenshot’ လို့ခေါ်တဲ့ screenshot အရှည် အလွယ်ရိုက်နိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီ “Scrolling screenshot” ခေါ် ‘Long screenshot” လုပ်ဆောင်ချက်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိကြသေးတဲ့လူတွေများပြီး၊ မေးမြန်းမှုတွေ လက်ခံရရှိထားတဲ့အတွက်၊ ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။

MIUI 8 မှာ screenshot အရှည်ဘယ်လိုရိုက်မလဲ

အဆင့် (၁) – ကိုယ် screenshot ရိုက်ချင်တဲ့ စာမျက်နှာ (သို့မဟုတ်) ပုံကို သွားပါ။
အဆင့် (၂) – ကိုယ်လိုချင်တဲ့အပေါ်ဆုံးနေရာမှာ သာမန်အတိုင်း အသံတိုးတဲ့ခလုတ် (-) နဲ့ ၊ ပါဝါခလုတ်တို့ကို တစ်ပြိုင်တည်းနှိပ်လိုက်ပါ။
အဆင့် (၃) – ဖုန်းကနေ သာမန် screenshot တစ်ခု အလိုလိုရိုက်သွားမှာဖြစ်ပြီး၊ ဖုန်းရဲ့ ညာဘက်ထောင့်လေးမှာ ပေါ်လာမှာဖြစ်ပါတယ်။ ငါးစက္ကန့်အတွင်း အဲဒီ screenshot ပုံကို နှိပ်လိုက်ပါ။ ငါးစက္ကန့်ကျော်ရင်တော့ သာမန် screenshot အနေနဲ့ပဲ သိမ်းပေးသွားမှာဖြစ်ပါတယ်။
အဆင့် (၄) ဒီနေရာမှာ “Scroll” ၊ “Send” ၊ “Edit” နဲ့ “Delete” ဆိုပြီး၊ ရွေးစရာလေးခုပေါ်လာမှာပါ။ “Scroll” ဆိုတာနှိပ်လိုက်ပါ။
screenshot_2016-10-06-17-05-17-272_com-facebook-katana
အဆင့် (၅) “Scroll” နှိပ်လိုက်တာနဲ့ ကိုယ်ရိုက်ထားတဲ့နေရာကနေ အောက်ကို အလိုလိုဆွဲချပေးသွားမှာဖြစ်ပြီး၊ ကိုယ်ရပ်ချင်တဲ့နေရာရောက်ရင် “Done” ကို နှိပ်လိုက်ပါ။ ကိုယ့်လက်နဲ့လည်း ကိုယ်တိုင် scroll ဆွဲချလို့ရပါတယ်။
အဆင့် (၆) အခုဆိုရင်တော့ “Long Screenshot” ရိုက်ပြီးပြီဖြစ်ပြီး၊ ဒီနေရာမှာလည်း Edit ထပ်လုပ်နိုင်ပါတယ်။ ပြီးရင် သင့်ဖုန်း Gallery ထဲက Screenshot အယ်လ်ဘမ်ထဲမှာ ပြန်သွားကြည့်နိုင်ပါတယ်။
မိမိသိလိုရာ နည်းပညာဆိုင်ရာမေးခွန်းများကို မက်ဆေ့ကနေဖြစ်စေ၊ comment ကနေဖြစ်စေ ဆက်သွယ်မေးမြန်းထားနိုင်ပါတယ်။
===============================
*Mobile Phone Software Service basic & Extreme course*
ဖွင့်ပြီ သင်သန်းသား ၅ ယောက်သာလက်ခံမည့် ၀ိုင်းသဘောမျိုးလက်တွေ့ကျကျ အသေးစိတ်သင်ပေးမယ့်သင်တန်းဖြစ်ပါတယ်။
----------------------------------------------
Than Toe Aung Mobile Phones Service & Training
69x70 27 (Mandalay)
အသေးစိတ်ဆက်သွယ် စုံစမ်းမေးမြန်းလိုပါက (09781541005)
-------------------------------------------------------------------------
 ref http://digitaltimes.com.mm/
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ဖုန်းထဲကနေ တရားတော်များကိုနားကြားကြမယ် New Version


ဆရာတော်ဘုရားများ ၏ ဟောကြားထားတဲ့ ပရိတ် နှင့် တရားတော်များကိုဖုန်းထဲကနေ နားကြားချင်တယ်ဆိုရင်တော့ Dhamma Talks ဆော့ဝဲလ်ကိုဒေါင်းယူနိုင်ပါပြီ။
ဆော့ဝဲလ်အားဒေါင်းယူရန်။



သင့် iPhone ကို ပျက်စီးအောင် လုပ်နေမိတဲ့ အချက် (၅) ချက်

အချို့ app တွေဟာ ဖုန်းဘက်ထရီအား စုပ်ယူကုန်ခန်းစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် iPhone မှာ သင်မှားယွင်းစွာ လုပ်ဆောင်နိုင်တဲ့ အရာတွေကိုတော့ သင်သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ ဟောဒီ အချက် (၅) ချက်ကို သင့် iPhone  လုပ်ဆောင်မှုတွေမှာ အမြန်ဆုံးရပ်တန့်လိုက်ပါ။ 
၁။ ဖုန်းကို၂၄ နာရီ ၇ ရက်စလုံး အနားမပေးပဲ အသုံးပြုနေခြင်း
လူတိုင်း သူတို့ iPhone ကို တစ်ချိန်လုံး အသုံးပြုကြတယ်လို့ ယူဆပါတယ်။ ဘက်ထရီအသုံးမခံပဲ ပျက်သွားတာမျိုး အချိန်စောပြီး မဖြစ်စေဖို့ တစ်ပတ် (၁) ကြိမ် ပါဝါပိတ်ပေးသင့်တယ်လို့ ဆိုပါတယ်။ ၂၄ နာရီ ၇ ရက် သုံးစွဲခြင်းက ဘက်ထရီအတွက် ကောင်းမွန်တဲ့ အရာမဟုတ်သလို နောက်ဆုံးမှာ ပျက်စီးတဲ့အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။ သင့် iPhone က သင့်နှိုးစက်လည်းဖြစ်တယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ ဘယ်ချိန်မှာ ပါဝါပိတ်ရမလဲ။ အရင်တုန်းက နိုးစက်နာရီဟောင်းတွေ အသုံးပြုဖို့ ထည့်သွင်းစဉ်းစားပြီး ညဘက်အချိန်ကို ဖုန်းပါဝါပိတ်ဖို့ အသုံးချပါ။
၂။ အားအပြည့်သွင်းခြင်း 
အားသွင်းကိရိယာတွေ ထုတ်လုပ်တဲ့ Farbe Technik ကုမ္ပဏီ တွဲဖက်တည်ထောင်သူ Shane Broesky က ဘက်ထရီအား ၅၀% နဲ့ ၈၀% ကြားသွင်းတဲ့အခါ အိုင်ဖုန်းရဲ့ lithium-ion ဘက်ထရီဟာ အကောင်းဆုံးစွမ်းဆောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီတီယမ်အိုင်းယွန်း ဘက်ထရီတွေအတွက် ကောင်းတဲ့ အချက်တစ်ခုက ဖုန်းအား ၅၀% နဲ့ ၈၀% ကြားမှာ ထားဖို့ပါပဲလို့ သူက Digital Trends ကို ပြောပြခဲ့ပါတယ်။ ဒါက အားသွင်းထားတဲ့ အိုင်းယွန်းတွေ အလုပ်ဆက်လက်လုပ်ဆောင်ပြီး ဘက်ထရီကို  ကာကွယ်ပေးပါတယ်။
၃။ Apple ထုတ်မဟုတ်တဲ့ အားသွင်းကြိုး အသုံးပြုခြင်း 
မိမိ Apple ထုတ် ချာဂျာက အလုပ်မလုပ်တော့ဘူး ဒါမှမဟုတ် သုံးစရာမရှိဘူးဆိုပါစို့ ။ နီးစပ်ရာဆိုင်တစ်ခုခုမှာ  အမျိုးအစားမတူတဲ့ ချာဂျာတွေပြေးဝယ်ကြပါတယ်။ ဒါမျိုးမလုပ်ပါနဲ့။ Apple အမှတ်တံဆိပ်မဟုတ်တဲ့ ချာဂျာတွေက သင့် iPhone ပျက်စီးစေနိုင်တဲ့အပြင် မီးလောင်မှုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
၎။ App တိုင်းမှာ location service တွေ setting ပြုလုပ်ခြင်း 
တကယ်လိုအပ်တဲ့ app တွေအတွက်သာ location service တွေ ဖွင့်ထားပါ။ Settings>Privacy>Location Services သို့ သွားရောက်စစ်ဆေးခြင်းဖြင့် ဘယ် app တွေမှာ location service အသုံးပြုထားလဲ သိနိုင်ပါတယ်။
၅။ Wi-Fi နဲ့ Bluetooth တစ်ချိန်လုံးဖွင့်ထားခြင်း 
Wi-Fi တစ်ချိန်လုံးဖွင့်ထားတာ ဒေတာသိမ်းဆည်းမှုအဆင်ပြေတယ်လို့ ယူဆပါလိမ့်မယ်။ မဟုတ်ပါဘူး။ Wi-Fi နဲ့ Bluetooth ဖွင့်လျက်ထားတာက ဘက်ထရီအချည်းနှီး ကုန်ဆုံးစေပါတယ်။ နှစ်ခုစလုံး ပိတ်ထားပြီး သုံးမယ်ဆိုတော့မှပဲ ဖွင့်ပါ။  

refer - http://www.trend.com.mm/
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Linux Basic Commands


Linux စတင်လေ့လာသုံးစွဲမယ့်သူတွေအတွက် Linux Basic Command တွေကို စုဆောင်းဖေါ်ပြပေးလိုက်ပါတယ်.. တကယ်တော့ ဒီ Command တွေကို ကျွန်တော်လည်း အလွတ်မရဘူးဗျ..:P

mkdir – make directories
Usage: mkdir [OPTION] DIRECTORY…
eg. mkdir lhn


  • ls – list directory contents
    Usage: ls [OPTION]… [FILE]…
    eg. ls, ls ­l, ls lhn
  • cd – changes directories
    Usage: cd [DIRECTORY]
    eg. cd lhn
  • pwd ­-  print name of current working directory
    Usage: pwd
  • vim – Vi Improved, a programmers text editor
    Usage: vim [OPTION] [file]…
    eg. vim lhn.txt
  • cp – copy files and directories
    Usage: cp [OPTION]… SOURCE DEST
    eg. cp sample.txt sample_copy.txt
    cp sample_copy.txt target_dir
  • mv – move (rename) files
    Usage: mv [OPTION]… SOURCE DEST
    eg. mv source.txt target_dir
    mv old.txt new.txt
  • rm ­ remove files or directories
    Usage: rm [OPTION]… FILE…
    eg. rm file1.txt , rm ­rf some_dir
  • find – search for files in a directory hierarchy
    Usage: find [OPTION] [path] [pattern]
    eg. find file1.txt, find ­name file1.txt
  • history – prints recently used commands
    Usage: history
  • cat – concatenate files and print on the standard output
    Usage: cat [OPTION] [FILE]…
    eg. cat file1.txt file2.txt
    cat ­n file1.txt
  • echo – display a line of text
    Usage: echo [OPTION] [string] …
    eg. echo I love India
    echo $HOME
  • grep ­- print lines matching a pattern
    Usage: grep [OPTION] PATTERN [FILE]…
    eg. grep ­i apple sample.txt
  •  wc ­- print the number of newlines, words, and bytes in files
    Usage: wc [OPTION]… [FILE]…
    eg.  wc file1.txt
    wc ­L file1.txt
  • sort – sort lines of text files
    Usage: sort [OPTION]… [FILE]…
    eg. sort file1.txt
    sort ­r file1.txt
  • tar – to archive a file
    Usage: tar [OPTION] DEST SOURCE
    eg. tar ­cvf /home/archive.tar /home/original
    tar ­xvf /home/archive.tar
  • kill – to kill a process(using signal mechanism)
    Usage: kill [OPTION] pid
    eg. kill ­9 2275
  • ps – report a snapshot of the current processes
    Usage: ps [OPTION]
    eg. ps,  ps ­el
  • who – show who is logged on
    Usage: who [OPTION]
    eg. who , who ­b , who ­q
  • passwd – update  a user’s authentication tokens(s)
    Usage: passwd [OPTION]
    eg. passwd
  •  su –  change user ID or become super­user
    Usage: su [OPTION] [LOGIN]
    eg. su remo, su
  • chown – change file owner and group
    Usage: chown [OPTION]… OWNER[:[GROUP]] FILE…
    eg. chown remo myfile.txt
  • chmod – change file access permissions
    Usage: chmod [OPTION] [MODE] [FILE]
    eg. chmod 744 calculate.sh
  • zip – package and compress (archive) files
    Usage: zip [OPTION] DEST SOURSE
    eg. zip original.zip original
  • unzip – list, test and extract compressed files in a ZIP archive
    Usage: unzip filename
    eg. unzip original.zi
  • ssh – SSH client (remote login program)
    “ssh is a program for logging into a remote machine and for
    executing commands on a remote machine”
    Usage: ssh [options] [user]@hostname
    eg. ssh ­X guest@10.105.11.20
  • scp – secure copy (remote file copy program)
    “scp copies files between hosts on a network”
    Usage: scp [options] [[user]@host1:file1] [[user]@host2:file2]
    eg. scp file1.txt guest@10.105.11.20:~/Desktop/
  • fdisk – partition manipulator
    eg. sudo fdisk ­l
  • mount – mount a file system
    Usage: mount ­t type device dir
    eg. mount /dev/sda5 /media/target
  • umount – unmount file systems
    Usage: umount [OPTIONS] dir | device…
    eg.  umount /media/target
  • du – estimate file space usage
    Usage:  du [OPTION]… [FILE]…
    eg. du
  • df – report filesystem disk space usage
    Usage: df [OPTION]… [FILE]…
    eg. df
  • quota – display disk usage and limits
    Usage: quota [OPTION]
    eg. quota ­v
  • reboot – reboot the system
    Usage: reboot [OPTION]
    eg. reboot
  • poweroff – power off the system
    Usage: poweroff [OPTION]
    eg. poweroff
  • kate – KDE Advanced Text Editor
    Usage:  kate [options][file(s)]
    eg. kate file1.txt file2.txt
  • vim – Vi Improved, a programmers text editor
    Usage: vim [OPTION] [file]…
    eg. vi hello.c
  • gedit ­ A text Editor. Used to create and edit files.
    Usage: gedit [OPTION] [FILE]…
    eg. gedit
  • bg – make a foreground process to run in background
    Usage: type ‘ctrl+z’  and then ‘bg ‘
  • fg – to make background process as foreground process
    Usage: fg [jobid]
  • jobs – displays the names and ids of background jobs
    Usage: jobs
  • sed ­  stream editor for filtering and transforming text
    Usage: sed [OPTION] [input­file]…
    eg. sed ‘s/love/hate/g’ loveletter.txt
  • awk ­ pattern scanning and processing language
    eg.  awk ­F: ‘{ print $1 }’ sample_awk.txt
  • find ­ search for files in a directory hierarchy
    Usage: find [OPTION] [path] [pattern]
    eg. find ­name file1.txt
  • locate – find or locate a file
    Usage: locate [OPTION]… FILE…
    eg. locate file1.txt


  • Linux File Permissions

    • 3 types of file permissions – read, write, execute
    • 10 bit format from ‘ls ­l’ command
      1             2 3 4      5 6 7     8 9 10
      file type    owner     group    others
      eg. drwxrw­r­­   means owner has all three permissions,
      group has read and write, others have only read
      permission
    • read permission – 4, write – 2, execute ­1
      eg. rwxrw­r­­   = 764
      673    =   rw­rwx­wx
    •  
    အဆင်ပြေပါစေ..

    မောင်ပေါက်< Knowledge Note >
    www.maungpauk.org



    ဖေ့စ်ဘုတ်မှာ Secret Conversation messenger ဖန်တီးကြမယ်



    WhatsApp ကဲ့သို့ "Secret conversation" ခေါ် Messenger feature သစ်တစ်ခု ထွက်ရှိလာပါတယ်။ ဒီ feature အနေနဲ့ မက်ဆေ့ခ်ျတွေကို ကိုယ်နဲ့ တဘက်လူအတွက်သာ ရည်ရွယ်တဲ့ သတင်းအချက်အလက်ဝင်ရောက်ကြည့်ရှုခွင့် ထိန်းချုပ်စနစ် end-to-end encryption စနစ် စီစဉ်ပေးထားပါတယ်။ ဒီ secret conversation မှာ ပေးပို့သူနဲ့ လက်ခံရရှိသူနှစ်ဦးလုံးမှာ မက်ဆေ့ခ်ျတွေဝင်ကြည့်ခွင့် ထိန်းချုပ်ထားကြောင်း အတည်ပြုရန် အသုံးပြုနိုင်တဲ့ device key တစ်ခုရှိကြပါတယ်။ ဒါပေမယ့် WhatsApp နဲ့ကွဲတာက end-to-end encryption ကို အတည်မဟုတ်ဘဲ user တွေအနေနဲ့ turn on လုပ်ဖို့၊ မလုပ်ဖို့ ရွေးချယ်နိုင်တာပါ။
    Secret Conversation ကို iOS ၊ Android နှစ်ခုစလုံးရဲ့ Messenger app မှာ ရရှိနေပြီဖြစ်ပါတယ်။ ဆိုတော့ Facebook chat သို့မဟုတ် messenger.com မှာ ပေါ်မှာ မဟုတ်ပါဘူး။ Secret Conversation ဖွင့်ဖို့အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
    ၁။ အရင်ဦးဆုံး user အနေနဲ့ friend's name ပေါ် နှိပ်ပြီး Audio call နဲ့ video call option အပေါ်နားလေးမှာ (update လုပ်ထားခဲ့မယ်ဆိုရင်) 'Secret Conversation' option တွေ့ရပါလိမ့်မယ်။
    ၂။ Secret Conversations ကို နှိပ်ပါ။
    ၃။ On ဘက် ပြောင်းပေးပါ။
    ၄။ Secret conversation နှိပ်တာနဲ့ "This will be the only device you can use to send and receive encrypted messages" ဆိုတာ တွေ့ရပါလိမ့်မယ်။ 
    ၅။ Secret Conversations ရရှိအောင် အဖွင့်ခလုတ် Turn On ကို နှိပ်ပါ။
    ၆။ နှစ်ဘက်လုံး အချက်အလက်ဝင်ကြည့်ခွင့်မရှိတဲ့ အပြန်အလှန် စကားပြောဆိုမှုကို အခုပဲ စတင်နိုင်ပါပြီ။
    ၇။ Screen ရဲ့ အောက်ခြေဘယ်ဘက်ထောင့်က နာရီပုံလေးပေါ်အောင်လည်း select လုပ်ထားနိုင်ပါတယ်။
    ၈။ မက်ဆေ့ခ်ျတွေ ပျောက်ကွယ်မယ့် အချိန်ကို ချိန်ညှိပါ။
    ၉။ လုပ်ဆောင်ချက်ကို ပယ်ဖျက်လိုရင် Cancel button လေးနှိပ်ပါ။
    မှတ်ချက်။        ။ သင်မှာ update ရှိနေရင်တောင် တစ်ဘက်လူ အဲဒီ feature မရှိနိုင်သေးတာမို့ လူတိုင်းနဲ့ Secret Conversation စတင်လို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
    ဒီ Secret Conversations တွေကို စက်တစ်လုံးနဲ့ပဲ ဖတ်လို့ရမှာပါ။ မိမိစမတ်ဖုန်းနဲ့ Facebook Messenger မှာ secret chat လုပ်ထားပါက desktop မှာ မြင်ရလိမ့်မှာ မဟုတ်ပါဘူး။ အဲဒီ secret conversations တွေကို မိမိဖန်တီးခဲ့တဲ့စက်နဲ့ တစ်ဖက်က လက်ခံရရှိသူ အသုံးပြုတဲ့ စက်နဲ့သာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
    ကိုယ် မက်ဆေ့ခ်ျပို့တဲ့လူဟာ အပြန်အလှန်စကားပြောဆိုမှုတွေကို အခြားလူတွေနဲ့ share လုပ်နိုင်တာ (ဥပမာ - screenshot ဖြင့်)။ သတိပြုပါ။ Secret conversation မှာ group messages၊ GIF's၊ videos voice သို့မဟုတ် video calling သို့မဟုတ် payments တွေ support လုပ်မထားပါဘူး။ 
    Ref: alltechbuzz 
    refer - http://www.trend.com.mm/
    အဆင်ပြေပါစေ..

    မောင်ပေါက်< Knowledge Note >
    www.maungpauk.org



    အဆိုတော်လုပ်မယ့်သူများအတွက်အသံလေ့ကျင့်နည်း

    1.ပုံပါအတိုင်းသင့်ရဲ လျှာ အောက် သရေအိတ် အတွင်းနားအောက်ခြေ နှင့် သင့်ရဲ့မေးစေ့အောက်ခြေ ရှိကြွက်သားကလေးများကို နှိပ်နယ်ပေးပါ..


    2.သင့်ရဲ့လှုပ်ရှားရသော အောက်မေးရိုး အဆက်တွေကို ဆွဲဆန့်မှုပြုလုပ်ပါ.
    ဒီအရိုအဆက်တွေကိုရှာဖို့ သင့်ရဲ့လက်ချောင်းထိပ်တွေကို မျက်နှာနှစ်ဘက်လုံးရှိ နားရွက်အနီးတဝိုက်မှာ ထားပီးရှာနိုင်ပါတယ်. ထိုစဉ်ပါးစပ်ကိုလဲ ဖွင့်ထားပေးပါ. သင့်ရဲ့မေးရိုးလှုပ်ရှားခဲ့လို့ကျန်နေတဲ့နေရာကွက်လပ်ဟာ အောက်မေရိုးအဆက်တွေရဲ့လှုပ်ရှားမှုကို ပြနေပါတယ်. သင့်ရဲ့လက်ထိပ်နဲ့ လက်ဖဝါးတွေကိုအသုံးပြုပီးတော့ နှိပ်နယ်ပေးပါ. အပြင်ကိုလေပြင်းပြင်းရှုထုတ်ပစ်ပါ..

    3.တတ်နိုင်သမျှသင့်ရဲ့လျှာကို အပြင်ထုတ်ပီးဆွဲဆန့်ပါ.
    သင်ကြိုက်နှစ်သက်ရာ direction နှင့် သင့်လျှာကို ဆွဲဆန့်ပေးပါ.
    4. သင့်ရဲ့ပါးတွေ သင့်ရဲ့မျက်နှာမှာရှိတဲ့ကြွက်သားတွေကို ဆွဲဆန့်စေဖို့ အမြဲ ပြုံးပေးပါ ရယ်မောပါ.



    5.သင့်ရဲ့လည်ပင်း နဲ့ ပုခုံး ကြောတွေကို နှိပ်နယ်ပေးပါ.

    6.သင့်ရဲ့ ခန္နာကိုယ်ကို လှုပ်ခါပီးတော့ စူးရှတဲ့အသံနဲ့အတူ အသံထူးအသံဆန်းတွေ တခါတလေပြုလုပ်ကြည့်ပါ.
    ခုန်ပါ.
    သင့်ခန္နာကိုယ်မှာဘာမှတင်းကျပ်မှုမရှိအောင် ဖြည်လျော့ပေးပါ..
    လွတ်လပ်ပေါ့ပါးမှု သက်တောင့်သက်တာအနေအထားဖြစ်အောင်ထားပါ..

    7. လည်မြိုရဲ့နောက်ဖက်ထိရောက်အောင် အသံကျယ်ကျယ်ဖြင့် တနေ့ ဆယ်ကြိမ် သန်းပါ
    တနေ့ဆယ်ကြိမ် လေကိုဝဝရှုပီးး သက်ပျင်းချ ကြည့်ပါ.



    8. သင့်ရဲ့နှုတ်ခမ်း,နှာခေါင်းတွေနဲ့ အဲ့ဝန်းကျင်မှာရှိတဲ့ခံစားမှုတွေပေါ်လွင်အောင် 10s or 10s ထက်ပိုပီးတော့ အသံတခုနဲ့ ''ဘူးးး'' မှုတ်ပါ
    ငယ်ငယ်တုန်းက ပါးစပ်နဲ့ကားမောင်း သလို ပါ
    ပုံမှန်တိုင်း '''ဘူးးး'' မထွက်ရင် ပါးစပ်ဘေးတဖက်တချက်ကို သင့်ရဲ့လက်ညိုးနဲ့လက်မကို အသုံးပြုကာ ဖိပီးး '''ဘူးး'' မှုတ်ကြည့်ပါ..

    9. သင့်ရဲ့နှုတ်ခမ်းကို '' ဘူး '' မှုတ်ရင်းနဲ့ သင့်ရဲ့အသံကိုလဲ အနှိမ့်အမြင့် ကစားကြည့်ပါ

    10. ''အာ'' ''ဝို'' ''အေ'' ''ဟီ်''စတဲ့အသံတွေကို အနှိမ့်အမြင့် ချိန်ပီးတော့ ဖွင့်ဆိုပေးပါ.

    11.သင်ကြိုက်နှစ်သက်ရာ ဒါမှမဟုတ် သင့်ကိုလှုံဆော်မည့် သီချင်းတပုဒ်ကိုအမြဲတမ်းသည်းနေပါ .

    အကယ်လို့ သင့်ရဲ့အသံဟာ crush ဖြစ်သွားမယ်ဆိုရင် .ရေနွေနွေးသောက်ပေးပါ အချိန်အတော်ကြာအောင် စကားပြောဖို့လဲမကြိုးစားပါနဲ့ .

    အထက်ပါ လေ့ကျင့်ခန်းများကို များများလေ့ကျင့်ပေးခြင်းဖြင့် ကောင်းမွန်သော အသံကိုရရှိလာမှာ့ဖြစ်တယ် အထူုးသဖြင့် သီချင်းသီဆိုခါနီးးအချိန် လေ့ကျင့်ပေးပါက ထိုသီဆိုမှုကို ပိုမိုအားကောင်းစေမှာပါ..

    Thz all
    #NewLevelRecords
    #SourceFromWiki

    အဆင်ပြေပါစေ..

    မောင်ပေါက်< Knowledge Note >



    ဒီနေ့ထွက် - Facebook Messenger နှင့် Facebook new Application


    ဒီနေ့ထွက် - Facebook Messenger နှင့် Facebook new Application- နောက်ဆုံးထွက်Facebook v102.0.0.0.9 apk and Facebook Messenger v95.0.0.2.70 Apk လေးကိုတင်ပေးလိုက်ပါတယ်။ ချစ်စ၇ာ အရုပ်ကလေးများပါလာတာကိုတွေ၇ပါတယ်။ updated သုံးချင်းတဲ့ဘော်ဒါတို့အတွက် အောက်မှာဒေါင်းနိုင်ပါတယ်။





    နာမည်ကြီး မျက်လှည့်ပညာရှင် စက္ကောမ ရဲ့ မျက်လှည့်ပညာ စာအုပ်များ


    နာမည်ကြီး မျက်လှည့်ပညာရှင် စက္ကောမ ရဲ့ မျက်လှည့်ပညာစာအုပ်တွေကို တင်ပေးလိုက်ပါတယ်.. စာအုပ်ကို စုစည်းထားသူကတော့ Bone Kyaw ဖြစ်ပါတယ်... စာအုပ်ကို PDF ပြုလုပ်တာကတော့ PDF ပေါ်မှာပါတဲ့ လိပ်စာအရ http://www.facebook.com/onairmm ဖြစ်ပါတယ်.. စာအုပ်တွေက Copy Right နဲ့ ငြိနေခဲ့ရင် Report သို့မဟုတ် Comment ရေးထားနိုင်ပါတယ်.. ကျွန်တော် ချက်ချင်း ပြန်ဖျက်ပေးပါမယ်...

    ကြိုက်တဲ့စာအုပ်ကို ဒေါင်းယူနိုင်ပါပြီ..
    1. ဥုံဖွ
    2. မျက်လှည့်ပြနည်း (၁၀၀)

    3. ဖဲ မျက်လှည့်ပြနည်းများ

    4. အနီးကပ်မျက်လှည့်



    အဆင်ပြေပါစေ..

    မောင်ပေါက်< Knowledge Note >
    www.maungpauk.org



    Teeno T300 Firmware


    Teeno T300 Firmware ပါ..  စမ်းသပ်ပြီးသားဆိုပေမယ့် အခြား Teeno T300 မှာ အဆင်ပြေ၊ မပြေမသိနိုင်ပါ.. လိုချင်တယ်ဆိုရယူနိုင်ပါတယ်.. ရောင်းခိုင်းထားတာမို့ Password လိုချင်ရင်တော့ 09440225635 ကို MPT သို့မဟုတ် Ooredoo Bill 2000 နဲ့ ရယူနိုင်ပါတယ်..

    အဆင်ပြေပါစေ..

    မောင်ပေါက်< Knowledge Note >
    www.maungpauk.org


    သင့် ဖေ့စ်ဘွတ်မှာ ဘယ်တော့မှ မတင်သင့်တဲ့ အရာ (၇) ခု


    သင်နဲ့ သင့်မိသားစုလုံခြုံရေးအတွက် ဖေ့စ်ဘွတ်မှာ မတင်သင့်တဲ့ အရာတွေရှိပါတယ်။

    တိုးတက်တဲ့ နည်းပညာခေတ်ထဲမှာ လူသားတွေ နေထိုင်လာကြတာနဲ့အမျှ မသမာသူတွေဟာလည်း အင်တာနက်အွန်လိုင်းကတဆင့် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားလာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်တာနက်ပေါ်ကတဆင့် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာ မနည်းလှပါဘူး။

    ယနေ့ခေတ် လူသားတွေနေ့တိုင်း ထိတွေ့အသုံးပြုနေတဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ဘယ်တော့မှ(လုံးဝ) မတင်သင့်တဲ့ အရာ (၈) ခုရှိပါတယ်။ အဲဒီအရာတွေဟာ သင်နဲ့ သင့်မိသားစုအတွက် အန္တရာယ်ရှိရုံသာမက ကလေးငယ်တွေရဲ့ အနာဂတ်တွေအတွက်လည်း မကောင်းမွန်စေပါဘူး။

    ၁။ သင့်မွေးနေ့



    မွေးနေ့ကို အတိအကျလုံးဝမတင်သင့်ပါဘူး။ မသမာသူတွေက သင့်ရဲ့မွေးနေ့နံပတ်တွေကို သိသွားခဲ့ရင် ဒါတွေကိုမှန်းဆပြီး သင့်ရဲ့ဘဏ်အကောင့်လျှို့ဝှက်နံပတ်တွေ၊ လူမှုကွန်ယက်အကောင့် လျှို့ဝှက်နံပတ်တွေကို မှန်းဆနိုင်ပါတယ်။

    ၂။ ကလေးငယ်များ၏ စာသင်ကျောင်း

    ကိုယ့်အိမ်က ကလေးငယ်တွေကို ဘယ်မှာကျောင်းထားတယ်ဆိုတာနဲ့ ဘယ်အချိန် ကျောင်းသွားတယ်ဆိုတာမျိုး မတင်သေးပါဘူး။ ဒါဟာကိုယ့်ကလေးငယ်ရဲ့ အန္တရာယ်ကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။

    ၃။ ကလေးငယ်နှင့် မိသားစုဝင် ဓာတ်ပုံများ

    ကလေးငယ်တွေရဲ့ ပုံတွေလည်းများများစားစား မတင်သင့်ပါဘူး။ နောင်တချိန် သူတို့ကြီးပြင်းလာတဲ့အခါ သင်တင်ခဲ့တဲ့ ဓာတ်ပုံတွေကြည့်ပြီး သူတို့ ကြိုက်ချင်မှ ကြိုက်မှာပါ။

    ၄။ တည်နေရာပြခြင်း

    Location Services လို့ခေါ်တဲ့ ကိုယ်ဘယ်မှာရောက်နေတယ်ဆိုတာမျိုးတွေနဲ့လည်း ဖေ့စ်ဘွတ်မှာ check-in မဝင်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အွန်လိုင်းရှိနေတဲ့ လူအားလုံးက သင်ဘယ်မှာရှိနေတယ်ဆိုတာကို တန်းသိနိုင်ပါတယ်။ သင်အိမ်မှာ ရှိမနေဘူးဆိုတာလည်း သူတို့ မှန်းဆနိုင်ပါတယ်။

    ၅။ ဘယ်အချိန်မှာ ဘယ်သွားတယ်

    သင်က ဘယ်အချိန်မှာ ဘယ်သွားမယ်ဆိုတာလည်း မတင်သင့်ပါဘူး။ ဒါကတော့ ဖောက်ထွင်းသူတွေကို သင်မရှိတုန်း သင့်အိမ်လာခဲ့ပါလို့ လက်ယက်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် သင် အားလပ်ရပ်ရှည်သွားတဲ့အခါမျိုးမှာ ကြာချိန်နဲ့ နေရာအတိအကျ မတင်သင့်ပါဘူး။

    ၆။ အိမ်တွင် check-in ဝင်ခြင်း


    သင့်ရဲ့ အိမ်မှာ ရှိတဲ့အချိန်ဆို check-in မဝင်သင့်ပါဘူး။ at My Home ဆိုတာမျိုး အိမ်ရောက်ရင် လုပ်တက်ကြပါတယ်။ ဒီလိုတင်တဲ့အခါ သင့်အကောင့်ထဲမှာ ရှိတဲ့လူတိုင်းက သင့်ရဲ့အိမ်လိပ်စာ အလွယ်တကူ သိနိုင်ပါတယ်။

    ၇။ ဖုန်းနံပါတ်

    ဖုန်းနံပတ်ဆိုတာလည်း အရမ်းကို အတွင်းရေးဆန်ပါတယ်။ အထူးသဖြင့် ဈေးရောင်းဈေးဝယ်လုပ်တဲ့ စာမျက်နှာတွေအောက်မှာ သင့်ရဲ့ဖုန်းနံပတ် မထားခဲ့သင့်ပါဘူး။ ထားခဲ့မယ်ဆိုရင်တော့ သင်စိတ်အနှောင့်အယှက် ပေးခံရဖို့ များပါတယ်။

ှSource : The Sun YomaLan

    အဆင်ပြေပါစေ..
    -
    မောင်ပေါက်< Knowledge Note >
    www.maungpauk.org



    Soft : Mb

    UserCloud Download Link

    Tusfiles Download Link

    Mediafire1 Download Link