May 2016
All Free Softwares, e-Books, Tutorials and Knowledges

Huawei H30 C00 တွေ imei null ဖြစ်ချင်း၊ CDMA 800Mhz မဖတ်ချင်းများအတွက်ပါ..
USB Debugging သိရင် bat ဖိုင်လေးကို Run ပေးလိုက်ရုံပါပဲ..

pass= mkkz

Credit : Myo Ko Ko Zaw

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Huawei H30 C00 Network Unlock.zip: 19.19 Mb

Mediafire Download Link



All Free Softwares, e-Books, Tutorials and Knowledges



ဒီ  Software  လေးကတော့ မိမိ ကွန်ပျူတာမှာ လုပ်ဆောင်သမျှ အားလုံးကို
Tutorials, Demo Videos, Save Play Movies, Music and Games စသည်တို့ကို Capture
Screen နဲ့ Record လုပ်ပေးနိုင်တဲ့ အပြင် Record  ပြုလုပ်ထားတဲ့ Videos
 ဖိုင်တွေကိုလည်း  Editor များစွာနှင့်  အလွယ်ဆုံး စိတ်တိုင်းကျ တည်းဖြတ်နိုင်ပြီ
အထူးကောင်းမွန်တဲ့ Capture Software  ကောင်းလေး တစ်ခု ဖြစ်ပါတယ်။ ပြုလုပ်ပြီသား Videos တွေကို အနီး အဝေး မြင်ကွင်းတွေနှင့် အလွယ်ဆုံး အသုံးပြုနိုင်ပါတယ်။
Full Version အဖြစ် အမြဲတမ်း အသုံးပြုလို့ရအောင်လို့လည်း  ဒေါင်းလင့်ဖိုင်ထဲ့မှာ
 Keygen ( Crack  )ဖိုင်လေးကို ထည့်သွင်းပေးထားပါတယ်။
Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အားလုံးမှာ
 Install ပြုလုပ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

Screen Shoot:



>> Download From Here <<



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges



Android OS နှင့် Tablet  ချစ်သူများ အတွက်  ဖုန်းထဲ့မှာဆော့ဝဲများ Auto ဒေါင်းလော့ဆွဲခြင်း၊ အင်တာနက်အော်တိုပွင့်ခြင်း၊ Virus များကို လွယ်ကူစွာရှင်းလင်းနိုင်မယ့် Stubborn Trojan Killer v1.0 Apk လေးကို တင်ပေးလိုက်ပါတယ်..
ဒီဆော့ဝဲက တကယ်ပဲ virusတွေကိုရှင်းလင်းပေးနိုင်ပြီး ကမ္ဘာတစ်ဝန်းမှာ လူသုံးအများဆုံး 
virius killer ဆော့ဝဲလေးပါဖြစ်ပါတယ်
ဤဆော့ဝဲကို အသုံးပြုရန်အတွက်ဖုန်းတွင် Root ရှိရန်လိုအပ်ပါတယ်
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ 
Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ 
Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot




Download From Here 


Download From Here 



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
ပထမဆုံး Huawei Smart phone Multi-download Software ကို Download လုပ်ပါ..
Huawei Smart phone Multi-download Software ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့အတိုင်း manufacture ကို ရွေးပြီး next နှိပ်ပါ


ပထမ ဖွင့်မိပြီး ဘာနှိပ်လို့နှိပ်မိမှန်းမသိတဲ့သူတွေက RESET SETTING.reg ကို right click နဲ့ merge ဆိုတာလေးကိုနှိပ်လိုက်ပါ တချို့တွေကတော့ ရတယ်ပြောတယ် ကျွန်တော့်စက်မှာတော့ အဲ့ reg ဖိုင်လေး run မရဘူး
အဲ့တော့ ဒီလိုလေးရှင်းလိုက်မယ် window key + R နဲ့ run box လေးခေါ်လိုက်ပါ regedit ဆိုပြီးရိုက်မယ် Registry Editor ဆိုပြီး box တစ်ခုပေါ်လာမယ် အဲ့box ထဲကဘယ်ဘက်ခြမ်းက HKEY_USERS ထဲက
S-1-5-21-1331931615-3837818793 ထဲကို ထပ်ဝင်ပါ ပြီးရင် Software>Huawei>QPBLFBML01>Setting ထဲရောက်ရင် ညာဘက် box ထဲက user တို့  default တို့အကုန်လုံး select ပြီး delete လိုက်ပါ default ကတော့ဖျက်လို့မရဘူးပြလိမ့်မယ် ပြသနာမရှိဘူး


  ပြီးရင် Huawei Smart phone Multi-download Software ကို ပြန်ဖွင့်လိုက်ပါ manufacture ကိုရွေးပေးလိုက်ပါ password အသစ်ရိုက်ခိုင်းလိမ့်မယ် ကျွန်တော်ကတော့ 123 ဆိုပြီးအလွယ်ပေးလိုက်မယ် ပြီးရင် xml ဖိုင်ကိုရွေးပေးရမယ် board software folder ရဲ့ firmware file ထဲက Filename.xml ကိုရွေးပေးပါ (ဒီနေရာမှာ ဖိုင်နာမည်နဲ့.xml ပါတာကို ရွေးရမှာဖြစ်ပါတယ်.. )


 ရွေးပီးရင် next ကိုနှိပ်လိုက် ပြီးရင် scan and download ကိုဆက်နှိပ်မယ်

 ဖုန်းကို 9008 mode ၀င်ပြီးကြိုးထိုးလိုက်..

9008 Mode ဝင်နည်းကတော့  အောက်က တစ်နည်းနည်းနဲ့ ဝင်လို့ရပါတယ်...
  1. Phone က Firmware တက်နေသေးတယ်ဆိုရင် Nomal Mode မှာ adb reboot edl ရိုက်ပြီးဝင်ပါ
  2. Firmware မတက်တော့ဘူး Logo လည်နေတယ်ဆိုရင်တော့ TestPoint ထောက်ပြီးဝင်ပါ 
  3. TestPoint မထောက်တက်ဘူးဆိုရင် Mi ကထုတ်တဲ့ Xiaomi qualcomm Jig လေးဝယ်ပြီး ၀င်လို့ရပါတယ်
 9008 Mode ကို သိမသိ Computer ရဲ့ Device Manager မှာ အောက်ကပုံလို ပြနေပါမယ်..


9008 Mode ကိုသိပြီဆိုတာနဲ့ Huawei Smart phone Multi-download Software က ပုံမှာပြထားတဲ့အတိုင်း % လေးတွေတတ်လာပြီး bootloader image ကို စတင်ရေးနေပါပြီ


40% မှာ rebooting handset လို့ပြပြီး restart ကျပြီးးပုံမှာပြထားတဲ့အတိုင်း 3 colour နဲ့ fastboot mode ကိုရောက်သွားလိမ့်မယ် Huawei Smart phone Multi-download Software က fastbootimage ကိုဆက်ပြီးရေးသွားပါ့လိမ့်မယ် fastbootimage ကိုရေးနေချိန် tool မှာ download bootloader fail လို့ပြနေပါလိမ့်မယ် ဘာမှမဖြစ်ဘူး..



download success လို့ပြရင် ရပါပြီ ကဲမပြီးသေးပါဘူး ပါဝါဖွင့်ရင် factory လို့ပဲပြနေလိမ့်မယ်


dload နဲ့ ထပ်ရေးရပါမယ် boardsoftware ရဲ့  sd foler ထဲကပါတဲ့ dload နဲ့ရေးလိုက်ပါ firmware တတ်လာပါပြီ boardfirmware ကြီးကိုမကြိုက်ရင် ထပ်ပြီးတော့ မိမိနှစ်သက်ရာ buildnumber များကိုအဆင်ပြေပြေရေးနိုင်ပါပြီ..
တစ်ခုထူးတာက Huawei Smart phone Multi-download Software နဲ့တင်ပြီးတော့ fastboot oem get-bootinfo နဲ့ lock unlock လား စစ်လို့မရပေမဲ့ img ဖိုင်တွေကို fastboot flash *img ဆိုပေးပြီး flashခွင့်ပေးတယ်ဗျ not allowed လို့မပြတော့ဘူး ဘာလို့လဲတော့ သိဘူး...

Credit : FirmwareFix နှင့် အခြား


Board Firmware တွေလိုချင်ရင် >>>> Download Board Firmware

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




All Free Softwares, e-Books, Tutorials and Knowledges


Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software လိုပါတယ်.. အလွယ်တကူရှာမရနိုင်သူတွေအတွက် အလွယ်တကူရအောင် တင်ပေးလိုက်ပါတယ်..

ဆက်စပ်ဖတ်ရှုရန်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download-1.0.0.2.rar : 37.4 Mb

UserCloud Download Link

Mediafire Download Link

Rar Password = www.maungpauk.org

All Free Softwares, e-Books, Tutorials and Knowledges
Android နှင့် Tablet အသုံးပြုနေကြတဲ့ ဘော်ဒါတို့အတွက် ခပ်မိုက်မိုက် ကဗျာတွေ စာတွေ ဖွဲ့သီကုံးနိုင်လောက်သော Icon Pack လေးကို တင်ပေးလိုက်ပါတယ်။ Launcher ပုံစံတွေများများစားစား အတွက် ပြည်စုံလောက်တဲ့ Icon Pack ဖြစ်ပါတယ်။ ဒီကောင်လေး၏ အဓိက အချက်တော့ အရိပ်ပုံစံ, စတုရန်းပုံစံ, စက်ဝိုင်းပုံစံ 3D ရုပ်ထွက်ပုံစံ အစရှိသော် (117) ပုံစံများစွာပါရှိတဲ့ Android Application Icon pack လေးဖြစ်ပါတယ်။ အသုံးပြုမယ်သူများအတွက် Android OS 4.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 42.MB ဖြစ်ပါတယ်။ ဘော်ဒါတို့အတွက် အောက်မှာ screenshot ရိုက်ပေးထားပါတယ်။



All Free Softwares, e-Books, Tutorials and Knowledges



[Unicode]
 Windows Computer သမားတွေရဲ့ Browser ကိုဖွင့်လိုက်ရင် ကိုယ်မလိုချင်တဲ့ Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo စတဲ့ Toolbar တွေ၊ မလိုချင်တဲ့ Add-ons တွေ အလိုအလျောက် ရောက်နေပြီဆိုရင်တော့ JRT လေးကို Run ပြီး Key တစ်ခုခုကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်.. Junkware တွေ ရောက်လာပြီဆိုရင် ကိုနှိပ်ချင်တာကို ချက်ချက်မသွားဘဲ ကြော်ငြာလင့်တွေ၊ မလိုချင်တဲ့လင့်တွေကို ရောက်ရာက်သွားတာ ကြုံဖူးကြမှာပါ.. အဲဒီလို ဘာလို့ရောက်လာတာလဲဆိုတော့ အဓိကအကြောင်းအရင်းတွေက Pop up Script တွေရှိနေတဲ့ လင့်တစ်ခုခုကိုနှိပ်မိပြီး ပေါ်လာတဲ့ Ads တွေကိုနှိပ်မိတာ၊ Free ရတဲ့ Software တွေကိုထည့်မိရင်း အဲဒီ Software တွေက အလိုအလျောက် ကိုယ့်စက်ထဲကို Toolbar တွေ၊ Add-on တွေထည့်သွားတာတွေကြောင့်ပါ. အဲဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်.. http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာ 2014 ကတည်းက ကျွန်တော် ရေးထားခဲ့ပြီးသားပါ..

အခုတော့ ကြိုတင်ပြင်ဆင်မထားလို့ Junkware တွေရောက်နေရင် အောက်က JRT လေးကို Run ပြီး ကီးတစ်ခုခုနှိပ်ပေးလိုက်ပါ.. ပြီးရင် ကွန်ပျူတာကို Restart ချပြီး စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်ပါပြီ.. နောက်ထပ် Junkware တွေ မဝင်စေချင်ရင်တော့ http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာကြည့်ပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.. မလိုအပ်ဘဲ ဆော့ဝဲတွေကို ဒေါင်းပြီး Install မလုပ်ကြဖို့လည်း သတိပေးလိုပါတယ်..

-
Junkware Removal Tool (JRT) is a freeware security utility for Microsoft Windows that has been designed to search and remove adware, intrusive toolbars and other potentially unwanted programs (PUP) from your PC.

Key Features Include:
    The JRT security tool will help you to remove the following adware/intrusive toolbars and PUPs: Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo etc).

Junkware Removal Tool is simple to use yet has powerful features. The application also has a very lightweight footprint at approximately 1.53MB

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Junkware Removal Tool ( JRT ) v8.0.6.exe : 1.53 Mb

Download Link 1

Download Link 2



All Free Softwares, e-Books, Tutorials and Knowledges
#‎Stable ROMs ဆိုတာ ???
Stable ROMs တွေကို MIUI Official Developers များက ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်လတစ်ကြိမ် (သို့မဟုတ်) အချိန်အတော်ကြာမှတစ်ကြိမ် (Bugs မရှိပါက) Update version ထုတ်လုပ်ပေးပါတယ်။
ဒါ့အပြင် Stable ROMs အများစုဟာ Bugs (Errors) အနည်းဆုံးသော ROMs တွေဖြစ်ကြပါတယ်။ အသုံးပြုသူ သင့်အနေနဲ့ Errors (Bugs) ကင်းတဲ့ Stable ဖြစ်တဲ့ ROMs ကိုသဘောကျသည်ဖြစ်စေ၊ New Features တွေကို ထွက်ထွက်ချင်း အသုံးမပြု (မစမ်းချင်သူ) လိုသည်ဖြစ်စေ Stable ROMs ကို အသုံးပြုနိုင်ပါတယ်။
Stable ROMs တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - MIUI 7 stable version is V7.X.X.0 XXXXXXX ဆိုကြပါစို့။ v7 ကတော့ MIUI ရဲ့ Main version ကိုဆိုလိုပါတယ်။ ဒုတိယမြောက် X.X ကတော့ MIUI version number ကိုဆိုလိုပါတယ်။ နောက်ဆုံးက XXXXXXX တွေကတော့ ROMs ရဲ့ Country code နဲ့ Android Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။
MIUI Official Stable ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html
*******************************************
‪#‎Developer‬ ROMs ဆိုတာ ???
Developer ROMs တွေကို MIUI Official Developers များကပဲ ပြုလုပ်ထားပါတယ်။ ထို့အတူ Developer ROMs တွေမှာတော့ ပုံမှန် တစ်ပတ်လျှင်တစ်ကြိမ် Update version ထုတ်ပေးပါတယ်။
ပုံမှန်ထုတ်ပေးနေတဲ့ Update version တွေရဲ့ changelogs တွေ၊ changelog preview တွေကိုလည်း MIUI Official Forum မှာ တွေ့နိုင်/ ဖတ်နိုင်ပါတယ်။ Developer ROMs တွေမှာ အပတ်စဉ် တစ်ပတ်တစ်ကြိမ် Update ထုတ်ပေးတာနဲ့အတူ New features တွေ ပါဝင်လာပေမယ့် Errors (Bugs) တွေကတော့ ရှိပါလိမ့်မယ်။ ၄င်း Bugs တွေကို ပြန်လည်ပြင်ဆင်ပြီးမှသာ Stable ROMs တွေမှာ ၄င်း New features တွေကို ထည့်ပါတယ်။ အလွယ်ပြောရရင် Developer ROMs ဆိုတာ အသစ်အသစ်သော Features တွေကို သိလိုသူ၊ ကလိချင်သူ၊ စမ်းသပ်ချင်သူတွေအတွက်သာဖြစ်ပါတယ်။ ဒါပေမယ့် Error (Bugs) တွေကိုတော့ မလွဲဧကန်ကြုံတွေ့ရမှာပါပဲ။ ဒါကြောင့် Xiaomi ဖုန်းတစ်လုံးတည်းသာ အသုံးပြုသူများအတွက် (Normal User Level) များအတွက် Developer ROMs အသုံးပြုဖို့အတွက် အကြံမပြုလိုပါဘူး။
Developer တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Redmi Note 3 Pro/ kenzo_images_6.4.9 ဆိုပါစို့ ဒါကို kenzo_images_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 6 ဆိုတော့ 2016 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 4 ဆိုတော့ April လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 9 ဆိုတော့ 9 ရက်နေ့ကို ရည်ညွှန်းပါတယ်။ Developer ROMs တွေမှာဆိုရင် Update version တွေအတွက် Full ROMs တစ်ခုလုံးကို Download လုပ်နိုင်သလို၊ Incremental ROMs pack ဆိုပြီး လိုအပ်တဲ့ ROMs version သီးသန့်အတွက် (update pack) သက်သက် Download လုပ်ပြီး တင်နိုင်ပါတယ်။
MIUI Official Developer ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html
*******************************************
‪#‎Ported‬ ROMs ဆိုတာ ???
Ported ROMs တွေကို UnOfficial Developers တွေနဲ့ Third-party Developers တွေကနေ ပြုလုပ်ကြပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်ကြပါတယ်။ MIUI Ported ROMs တွေမှာလည်းပဲ Developer ROMs တွေကဲ့သို့လိုပဲ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Samsung Galaxy Note 3/ n9005_4.9.26 ဆိုပါစို့ ဒါကို n9005_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 4 ဆိုတော့ 2014 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 9 ဆိုတော့ September လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 26 ဆိုတော့ 26 ရက်နေ့ကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၄င်း Developer ROMs ဟာ Ported ROMs ထုတ်ပေးတဲ့ ဖုန်းအတွက် ထုတ်လုပ်ပေးထားတာမဟုတ်တဲ့အတွက် Developer ROMs တွေထက် Error (Bugs) တွေ ပိုမိုများပြားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ Ported ROMs အတွက် Bugs Solved ပြုလုပ်ဖို့အတွက် Ported ROMs ထုတ်လုပ်ပေးတဲ့ Porter ကို ဆက်သွယ်မှသာရပါလိမ့်မယ်။
အချို့သော Ported ROMs တွေမှာ MIUI Developer ROMs တွေလိုမျိုးပဲ Update version တွေအလိုက် Incremental ROMs pack (update pack) လေးတွေထုတ်ပေးတာတွေ့ရပါတယ်။
MIUI Ported UnOfficial ROMs တွေကို ဒီ Links တွေကနေ Download ရယူနိုင်ပါတယ် >http://en.miui.com/thread-4717-1-1.html ||| http://en.miui.com/thread-7898-1-1.html
*******************************************
China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ

================================
Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။
တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
*******************************************
‪#‎China‬ Build MIUI ဆိုတာ ???
China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။
*******************************************
‪#‎Globle‬ Build MIUI ဆိုတာ ???

Global Build MIUI တွေကတော့ MIUI Users အများစု ကြိုက်နှစ်သက်တဲ့ ROMs ပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူက Chinese Apps တွေမပါရှိပဲ Google Apps တွေ တစ်ခါတည်းပါပြီးသားဖြစ်ပါတယ်။ တစ်ခုရှိတာက Global Build ROMs တွေဟာ China Build ROMs တွေ Update ထွက်ပြီးမှသာ Global Build ROMs တွေထုတ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် Global Build ROMs တွေဟာ ပုံမှန်အားဖြင့် English Language နဲ့လာတဲ့အပြင် အခြားသော Languages တွေလည်း Multilanguages အနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ Global Build ROMs တွေဟာ Xiaomi MIUI ရဲ့ Online Music တို့ Xunlei Download Accelerator ကဲ့သို့လိုမျိုး အချို့ Features တွေမပါဝင်ပါဘူး။ ဒီအတွက်လည်း Storage ကို အနည်းနဲ့အများ သက်သာစေတာတွေ့ရပါတယ်။ အရင်ကတော့ Global Build ROMs တွေဟာ Stable ROMs တစ်မျိုးတည်းအတွက်သာ ထုတ်လုပ်ပေးတာဖြစ်ပြီး Redmi 1S ကနေစပြီးတော့ Global Build Developer ROMs တွေကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်။
*******************************************
Recovery ROM နှင့် Fastboot ROM ကွာခြားပုံ
================================

‪#‎Recovery‬ ROM ဆိုတာ ???
Recovery ROMs တွေဟာ *.zip format နဲ့လာပါတယ်။ Recovery ROMs တွေကို များသေားအားဖြင့် သင်လက်ရှိအသုံးပြုလျက်ရှိတဲ့ ROM ကို Flash လုပ်ဖို့၊ Update တင်ဖို့အတွက် အသုံးပြုကြပါတယ်။ Recovery ROM ကို နည်းလမ်းနှစ်မျိုးဖြင့် တင်နိုင်ပါတယ်။ ပထမတစ်နည်းကတော့ Xiaomi MIUI ရဲ့ Updater Apps ကနေတစ်ဆင့် တင်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်နည်းကတော့ Mi Stock Recovery ဒါမှမဟုတ် Custom Recoveries (Such as TWRP) တွေကနေ တင်နိုင်ပါတယ်။ Updater Apps ကနေ MIUI Recovery ROMs ကိုတင်တာကတော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ Recovery ROM.zip ကို ဖုန်းရဲ့ Storage တစ်ခုခုအောက်မှာထားပါ။ ထို့နောက် Updater Apps ကို ဖွင့်ပါ။ ပြီးရင် အပေါ်ဘက်ညာဘက်ထိပ်မှာ Menu Button (အချောင်းလေးသုံးခု) ကိုနှိပ်ပါ။ Choose Update Package ကိုနှိပ်ပါ။ ပြီးရင် Recovery ROM.zip ကိုရွေးပေးလိုက်ရုံပါပဲခင်ဗျာ။
Mi Stock Recovery (or) other Recoveries တွေကနေ Recovery ROMs ကို Flash လုပ်တာလည်း ထို့နည်းတူပါပဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် ဒီနည်းမှာကတော့ Recovery ROM.zip ကို ကြိုက်နှစ်သက်ရာနေရာထားလို့မရပါဘူး။ ဖုန်း Internal Storage ရဲ့ Root Folder အောက်မှာ ထားမှရပါမယ်။ ပြီးရင်တော့ Recovery Mode သို့ဝင်ပြီး Install update.zip to System 1 ကိုရွေးပြီး Flash လုပ်ရုံပဲဖြစ်ပါတယ်။ Recovery Mode ၀င်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမတစ်နည်းကတော့ ဖုန်းကို Power Off လုပ်ပါ။ Vol + နှင့် Power တွဲပြီး ကြာကြာဖိနှိပ်ပြီး ၀င်နိုင်ပါတယ်။ ဒုတိယတစ်နည်းကတော့ Updater Apps ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်က Menu Button ကိုနှိပ်ပါ။ Reboot to Recovery Mode ကို နှိပ်ပြီးလည်း Recovery Mode သို့ဝင်နိုင်ပါတယ်။ ( မှတ်ချက် : Recovery Mode သည် Bootloader Locked ဖြင့်လာသော Devices များတွင် အဆိုပါနည်းလမ်းများဖြင့် Bootloader Unlocked မလုပ်ပါပဲ ၀င်လို့မရပါ )
*******************************************
‪#‎Fastboot‬ ROM ဆိုတာ ???
Fastboot ROMs တွေဟာ *.tgz format နဲ့လာပါတယ်။ Fastboot ROMs တွေကို မည်သည့်ပုံစံဖြင့်မဆို Xiaomi ဖုန်းများတွင် အသုံးပြုနိုင်ပြီး များသောအားဖြင့် Fastboot ROMs ကို Service Technicians တွေနဲ့ ဖုန်းကောင်းကောင်း ကလိတတ်သူတွေ အသုံးပြုနိုင်ကြပါတယ်။ Fastboot ROMs အသုံးပြုဖို့ PC (Personal Computer) ဖြင့်သာ ဆောင်ရွက်နိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ့် PC မှာ Fastboot သိရပါမယ်။ ထို့အတူ Fastboot ROMs ကို သက်ဆိုင်ရာ Devices မှာ Flash လုပ်ပေးနိုင်တဲ့ Flash tools တွေလိုအပ်ပါတယ်။ Official အနေနဲ့ MiFlash (or) Mi PC Suite တို့ကို အသုံးပြုနိုင်ပါတယ်။ Flash tools နဲ့အသုံးပြုဖို့အတွက် သင့်ဖုန်းကို Fastboot Mode (or) Qualcomm Mode (or) Download Mode များဖြင့် တင်နိုင်ပါတယ်။ Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို Power Off လုပ်ပါ။ Power Button + Vol - တွဲနှိပ်ပြီး Fastboot Mode ၀င်နိုင်ပါတယ်။ Fastboot ROMs ရဲ့ *.tgz ကို ဖြည်လိုက်မယ်ဆိုရင် Fastboot Script file တွေနဲ့ Image file တွေပါဝင်ပါတယ်။ ဒါ့အပြင် Fastboot ROMs script တွေဟာ Windows version အတွက် *.bat ဖြင့်သော်လည်းကောင်း၊ Linux version အတွက် *.sh ဖြင့်သော်လည်းကောင်း ပါရှိပါတယ်။
ဒီပို့စ်ဟာ မတူကွဲပြားတဲ့ ROMs တွေအကြောင်းရှင်းလင်းတဲ့ပို့စ်ဖြစ်တဲ့အတွက် Fastboot ROMs အသုံးပြုပုံကို နောက်ထပ်ပို့စ်တစ်ခုဖြင့် တင်ပေးပါ့မယ်။ Fastboot ROMs တွေနဲ့ အခြား ROMs တွေအကြောင်းကို ဒီ Links မှာ လေ့လာသိရှိရယူနိုင်ပါတယ် > http://en.miui.com/a-234.html

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges


အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူရလာတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါဆို အောင်မြင်မှုက ဘယ်သူတွေနဲ့ ထိုက်တန်သလဲ။ သေချာတာကတော့ အောင်မြင်မှုဆိုတာ လူတိုင်းရနိုင်တဲ့အရာတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ကြိုးစားသူ၊ ဇွဲလုံလ၀ိရီယရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်နေတာပါ။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေ ဘာတွေကိုစွန့်လွှတ်ခဲ့ကြသလဲ သင်သိပါသလား။ စွန့်လွှတ်အနစ်နာခံမှုတွေမရှိဘဲနဲ့တော့ အောင်မြင်မှုကိုမပိုင်ဆိုင်နိုင်ကြပါဘူး။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အချက်တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။


အမှားလုပ်မိမှာကြောက်လို့ ဘာမှမလုပ်တဲ့အကျင့်တစ်ခုခုကိုလုပ်ဖို့ကြံရွယ်တိုင်း ငါလုပ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးနဲ့ မှားမှာတွေးကြောက်ပြီး ဘာမှမလုပ်ဖြစ်တော့တဲ့အချက်ကို စွန့်လွှတ်ရပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကူးနဲ့ အကြံဉာဏ်အသစ်တွေနောက်ကို ရဲရဲဝံ့ဝံ့လိုက်ပါ။ မှားမှာမကြောက်ပါနဲ့။ မှားမှာကြောက်တဲ့စိတ်ကို စွန့်လွှတ်ရပါမယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ လူတိုင်းက အမှားကနေ သင်ခန်းစာယူပြီး လူမှုဘ၀တွေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်
ဒီကနေ့လုပ်ရမယ့်အလုပ် မနက်ဖြန်မှလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲဖူးပါသလား။ ဒီနေ့တော့ မလုပ်သေးပါဘူးလေ… မနက်ဖြန်မှ စလုပ်တာပေါ့လို့ အချိန်ဆွဲတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ချက်ခြင်း မလုပ်ဘဲ နောက်လ၊ နောက်နှစ်ပေါ့ဆိုတာမျိုး အချိန်ဆွဲတတ်တာကလည်း အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့် အချက်ပါ။ တကယ်အောင်မြင်ချင်သလား။ ဒါဆိုရင်တော့ ဒီကနေ့လုပ်ရမယ့်အလုပ်ကို ဒီကနေ့ပြီးစီးအောင် လုပ်ပါ။ မနက်ဖြန်အထိ အချိန်မဆွဲပါနဲ့။

ဆင်ခြေပေးတတ်တဲ့အကျင့်
ကိုယ့်ရဲ့အားနည်းချက်တွေကို အမှန်အတိုင်းရှုမြင်ရမယ့်အစား ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေတာကလည်း စွန့်လွှတ်ရမယ့်အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်ရမယ့်အစား ဆင်ခြေကောင်းကောင်းပေးပြီး နေတတ်တဲ့အကျင့်က ကိုယ့်ရဲ့ အောင်မြင်နိုင်မှုကို ဆုံးရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။ ကိုယ်ရဲ့အားနည်းချက်ကို ဆင်ခြေနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခု မအောင်မြင်ဘဲ ကျဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့မစဉ်းစားဘဲ ဆင်ခြေပေးပြီး အမှားကိုဖုံးကွယ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ရပါမယ်။

သမားရိုးကျတွေးတတ်တဲ့အကျင့်
Think Different! အောင်မြင်ချင်သလား။ အများနဲ့မတူအောင် တွေးခေါ်ပါတဲ့။ ကိုယ့်မှာ သူများတွေထက်ပိုပြီး ထူးခြားတဲ့အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေရှိမယ်ဆိုရင် သင်က အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမားရိုးကျတွေးခေါ်တတ်တဲ့အကျင့်ပဲရှိမယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အလှမ်းဝေးနေဦးမှာပါပဲ။ ကိုယ့်ရဲ့အတွေးအခေါ်က လူအများတွေးသလိုတွေးမယ်၊ လူအများစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်တော့ လူအများစုထဲမှာမှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အတွေးတွေက လူအများနဲ့အတူတူဖြစ်နေတာကြောင့်ပါ။ အောင်မြင်ချင်တဲ့သူဆိုရင်တော့ သူမတူ ထူးခြားတဲ့ အတွေးအခေါ်၊ အမြင်ရှိဖို့လိုပါတယ်။


အပြောင်းအလဲကိုကြောက်တဲ့အကျင့်

လက်ရှိအခြေအနေကနေ ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက ကြောက်ကြပါတယ်။ ပြောင်းလဲဖို့လည်း သတ္တိနည်းကြပါတယ်။ လက်ရှိအခြေအနေမှာ အောင်မြင်နေပေမဲ့ အပြောင်းအလဲလုပ်ပြီးခါမှ မအောင်မြင်တော့မှာ၊ လက်ရှိအခြေအနေထက်ပိုဆိုးသွားမှာကို ကြောက်လန့်ကြပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့်ကြောင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာစေတတ်ပါတယ်။

အဆိုးမြင်သူတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်

ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတွေရှိပါသလား။ ကိုယ့်အနီးအနားမှာ၊ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အဆိုးမြင်သူတွေရှိတယ်ဆိုရင် သူတို့တွေနဲ့အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ ဒါက အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့်အချက်တစ်ခုဖြစ်နေလို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဆိုးမြင်သူတွေဆီက အသိအမှတ်ပြုစကား၊ အားပေးစကားပြောကြားခံရဖို့ မမျှော်လင့်ထားပါနဲ့။ စိတ်ဓာတ်ကျစရာတွေ၊ ဆုံးရှုံးရမှာတွေသာ ကြားရပါလိမ့်မယ်။ သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ အဆိုးမြင်သူတွေနဲ့ ခပ်ဝေးဝေးနေရပါလိမ့်မယ်။

ရည်မှန်းချက်ကြီးကြီး မထားတတ်တဲ့အကျင့်

ဒီအချက်က အောင်မြင်မှုအတွက် အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လူတိုင်းမှာ ရည်မှန်းချက်ကြီးကြီး၊ အိပ်မက်ကြီးကြီးရှိသင့်ပါတယ်။ အဲဒီအစား ရည်မှန်းချက်မထားတတ်တဲ့ အကျင့်ကလည်း အောင်မြင်မှုနဲ့အလှမ်းကွာဝေးစေပါတယ်။ ကိုယ့်မှာရည်မှန်းချက်လည်းမရှိ၊ ရည်ရွယ်ချက်လည်းမရှိ၊ ဖြစ်ချင်တာတာလည်းမရှိဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်နေပါလိမ့်မယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုခုချမှတ်ပါ။ အဲဒီအတိုင်းလည်း ဖြစ်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက သင့်နဲ့ လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။

ကျော့ကေခိုင်

Source : Myanmar Newtork Forum

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





All Free Softwares, e-Books, Tutorials and Knowledges

Samsung Frp 2016 Remover Tool စမ်းသပ်လို့ရအောင် တင်ပေးလိုက်တယ်လို့ ဆိုပါတယ်.. Myanmar XDA Forum က ယူလာတာပါ..

Password - www.gt-smart.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Samsung Frp 2016 Remover Tool.exe : 2.2 Mb

Dev-Host Download Link

pCloud Download Link


All Free Softwares, e-Books, Tutorials and Knowledges
 


 ကျွန်တော်အခုပြောပြပေးမှာ ကတော့ Qualcomm CPU သုံး ဖုန်းတွေကို Firmware Backup ယူနည်း နဲ့ Firmware ပြန်တင်နည်းတွေကိုပြောပြပေးမှာပါ

dload File Firmware နဲ့ MMC Storage Backup Firmware နဲ့ဘာတွေကွာလဲ
====================================================

dload Firmware တင်တဲ့အခါ စိတ်ကြိုက်ရွေးတင်ခွင့်မရှိပါဘူး ဥပမာ Virus ကိုက်နေတဲ့ ဖုန်းတွေမှာ Flashtool Firmware တွေဆိုရင် System File တစ်ဖိုင်ထဲ ရိုက်ထဲလို့ရပါတယ် dload File firmware မှာ အဲလိုရွေးချယ်ခွင့်မရှိပါဘူး အကုန်တင်ပေးသွားတာပါ ပြီးရင် Build Number မြင့်နေတာကို Build Number အနိမ့်နဲ့တင်လို့မရပါဘူး Step 2 Fail, Write Data Error Fail အစရှိတဲ့ Error တွေတက်ပါတယ် MMC Storage Backup Firmware မှာ Error တစ်ခုမှမရှိပါတယ် အရမ်းအဆင်ပြေပါတယ် Logo Error, Deadboot Error, Boot load Error အကုန်ရှင်းနိုင်ပါတယ် အဆင်ပြေတာကတော့ ရှိသမျှQualcomm ဖုန်းတွေအားလုံးကို Backup ယူထားတာအကောင်းဆုံးပဲ နောက်ပိုင်းမှာဘာ Error ဖြစ်ဖြစ် အဆင်ပြေအောင်ပါ

Backup ယူမယ့်ဖုန်းက Qualcomm ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ
===========================================

adb ကနေဆိုရင်
adb shell
cat proc/cpuinfo
အောက်ဆုံးနားလေးက Hardware နေရာမှာ Qualcomm 8x1x ဆိုရင် သေချာပါတယ် Qualcomm Device ပါပဲ MTK DroidTool အခြား Tool တွေ နဲ့လဲကြည့်နိုင်ပါသေးတယ်

MMC Storage 9006 Firmware Backup ထုတ်နည်း
====================================

လိုအပ်တဲ့ဖိုင်တွေအရင်းဒေါင်းပါ


၁။ ဖုန်းမှာ Root Access ရှိရပါမယ် BusyBox.apk သွင်းထားရပါမယ် Root ဖောက်နိုင်ဖို့အတွက် King Root Version အမြင့်ထည့်ပေးထားပါတယ်
၂။ ဒေါင်းလို့ရလာတဲ့ Zip ကိုဖြည်ပါ password တောင်းရင် www.sithumobile.com လို့ရိုက်ပါ

၃။ Android EMMC Folder ကိုဖွင့်ပါ Android eMMC.exe ကို Run ပါ

၎။ Software ပွင့်လာရင် ညာဖက်ထောင့်နားလေးက Check phone ဆိုတာလေးကို နိုပ်ပါ
Scanning for devices ...
Android device found.
Android serial number : ?
ROOT STATUS : Phone are rooted you are ready to go.
Checking tools ...
SU VERSION : 3.61:kinguser_su
BUSYBOX VERSION : 1.23.1-Stericson
Done.
ဒါမျိုးလေးပေါ်လာရင် Backup စတင် ရိုက်လို့ရပါပြီ

၅။ Option menu မှာ Block Mode ကိုအမှန်ခြစ်ပါ ပေါ်နားက Block menu လေးက မှိန်နေရာကနေ လင်းလာတာလေးတွေ့ရပါလိမ်မည်

၆။ Action menu မှာ ကို Save ချင်တဲ့နေရာ ရွေးပါ
mmkcblk0 ကစပြီး mmkcblk1p1 ထိတစ်ဖိုင်ခြင်းရိုက်ထုတ်ပါ
တစ်ခြားBackup ထုတ်နည်းတွေလဲအများကြီးရှိပါသေးတယ် နောက်မှတင်ပေးပါအုန်းမည် လောလောဆယ် အလွယ်ဆုံးနည်းကိုအရင်တင်ပေးထားတာပါ

MMC Storage 9006 Firmware Restore လုပ်နည်း
==================================

၁။ EMMCRAW.exe ကိုဖွင့်ပါ အပိုင်း ၁ မှာကျွန်တော်ပြောခဲ့တဲ့ ဖုန်းကို MMC Storage ၀င်နေတဲ့အနေအထားမှာ ကြိုးထိုးပါ Drive menu မှာ Refresh ကိုနိုပ်ပါ
Description = Disk drive
Manufacturer = (Standard disk drives)
MediaType = External hard disk media
Model = Qualcomm MMC Storage USB Device
Size = 3909091328 Bytes

ဒီလိုမျိုးလေးပေါ်နေရင်တော့ Restore လုပ်နိုင်ပါပြီ

၂။ Write menu မှ browser ကိုနိုပ်ပြီး မိမိ backup ထုတ်ထားသော နေရာမှ mmkcblk0 ကိုခေါ်ပေးလိုက်ပါ

၃။ Load Partition Structure ကိုနိုပ်ပါ ဖိုင်မှားခေါ်ရင်တော့ Error တက်ပါလိမ့်မည် ဖိုင်အမှန်ခေါ်ရင်တော့ ဘေးမှာ Partition အခန်းတွေကြလာပါလိမ့်မည်

၎။ Write Select Partition ကိုနိုပ်ပြီး Firmware တင်နိုင်ပါပြီခင်ဗျာ

=====================

အပိုင်း (၃) မှာတော့ BoardFirmware ရေးမိလို့ ဖြစ်သော Error များ IMEI 0 Error, Boot Logo Error, Noti Error, Theme Error, Fastboot 3 color Error, SIM ONE Error အစရှိသော Error တွေအကြောင်းတင်ပေးပါအုန်းမည် ..

Credit : အောင်သူရ @ စည်သူကွန်ပျူတာနှင့်မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း

အပိုင်း (၁) ကိုပြန်ဖတ်ချင်ရင် >>> LINK

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





All Free Softwares, e-Books, Tutorials and Knowledges


[ Unicode ]
ဒီ Software ကတော့ ဓာတ်ပုံတွေကို ကာတွန်းပုံလေးဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ Windows PC သုံး Software လေးဖြစ်ပါတယ်.. Cartoon effects, Color effects, Instagram effects စတဲ့ Effect ပေါင်း ၂၅၀ ကျော်ပါဝင်တာကြောင့် ကိုယ်သဘောကျတဲ့ စိတ်ကြိုက် Effect တွေကို ဖန်တီးနိုင်ပါတယ်.. Portable ဖြစ်လို့ Install လုပ်စရာမလိုဘဲ တိုက်ရိုက်သုံးနိုင်မှာဖြစ်ပါတယ်..  Windows 32 bit မှာရော 64 bit မှာပါ သုံးနိုင်မှာပါ...
-
Image Cartoonizer Premium portable is a simple photo to cartoon tool for converting your best photos to cartoons. The application is designed with some tools and techniques that you might want while you are converting picture into cartoons. The application not only cartoonize your snaps but also add some amazing effects to your cartoon images like face morphing. You can also add goodies like headphone,glass,monocle,mustache,beard,horn,rims....even smilly faces! No other software is going to provide these!

Now there are many Filters available in Image Cartoonizer Premium, so you can convert your photo to many new cartoons effects, vintage, Instagram look...you can also add Dynamic Contrast and Brightness to your images.

Use this program to :
  • -Use our software to illustrate your book, your website or to make custom coloring pages for your kids.
  • -Replace that cookie cut forum avatar by an actual cartoon of yourself.
  • -You'll let people know what you look like without giving them your photo.
  • -Make cartoons of your friends, your dog, your house, your neighborhood and don't forget celebrities and politicians.
  • -Cartoons make fantastic gifts for friends and colleagues. They look great on T-shirts and mugs too.
  • -This program is fun and addictive. It is also intuitive and very easy to use. You don't need any artistic skills, as no drawing is required.

Features:
More than 250 effects available: Cartoon effects, Color effects, Instagram effects... Cartoonize your personal photos and pictures directly from your windows desktop! Convert more quickly and with high quality! Convert large photos for best result! Crop function to remove unwanted parts of an image! Edit your photos and add many Goodies! Share your converted photo directly on your Facebook! Print your converted picture from the software! Cartoonize your photo without any Watermark! No other standalone program or software is needed! No need internet connection! Support both 32 and 64 bit!



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Image Cartoonizer Premium 1.4.2 Portable.rar : 65 Mb

UserCloud Download Link

Mediafire Download Link



All Free Softwares, e-Books, Tutorials and Knowledges

SYH WP930 ဖုန်းလေး Display Error တက်နေရင် သုံးဖို့ ဖိုင်သေးသေးလေးပါ.. New World Mobile က ကိုထက်အာကာတင်ပေးထားတာတွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်..

Zip Password = htetrkar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



SYH WP930 Display Error Fix.zip : 9.87 Mb

Mediafire Download Link



All Free Softwares, e-Books, Tutorials and Knowledges
  

[Unicode]
KingRoot apk ဟာ ကွန်ပျူတာမလိုဘဲ Android ဖုန်းထဲကနေပဲ Android ကို Root ဖောက်တဲ့ နာမည်ကြီး Root apk ဖြစ်ပါတယ်.. နောက်ဆုံးထုတ်ပေးလိုက်တဲ့ 4.92 ကတော့ Sony အမြင့်ဖုန်းတွေအပါအဝင် Android version 1.5 ကနေ 6.0 ထိ Root ပေါက်နိုင်တယ်လို့ ဆိုပါတယ်.. ဖုန်းအားလုံးကို Support ပေးမပေးတော့ အတည်မပြုနိုင်ပါဘူး.. Root ဖောက်စဉ်မှာတော့ Internet ခဏဖွင့်ပေးထားဖို့လိုအပ်မှာဖြစ်ပါတယ်.. နောက်ဆုံးထွက် KingRoot v4.92_C143_B263.apk ကို အောက်မှာ ရယူနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



KingRoot v4.92_C143_B263.apk : 9.46 Mb

UserCloud Download Link

Mediafire Download Link



All Free Softwares, e-Books, Tutorials and Knowledges
[ Samsung Korea အလုံးတွေမှာ Network Mode ပြောင်းမရလို့ မြန်မာ SIM တွေ သုံးမရဖြစ်နေတဲ့အခါ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု ပြန်လည်မျှဝေလိုက်ပါတယ်.. အားအဆင်ပြေမယ်လို့တော့ အာမမခံနိုင်ပါ..
လုပ်နည်းကတော့ အောက်မှာပေးထားတဲ့ Model အလိုက် ဂဏန်းတွေကို ဖုန်းခေါ်သလို ခေါ်ရမှာဖြစ်ပါတယ်.. ]



[ဒါဆိုရင် Password ထည့်ဖို့ Box လေးတစ်ခု ကျလာပါမယ်.. အဲဒီ Box လေးမှာ နောက်က ပေးထားတဲ့ Password ကိုထည့်ပေးလိုက်ပါ.. ]
 

[SKT Hidden Menu ဆိုတာပေါ်လာမှာဖြစ်ပါတယ်.. အဲဒီထဲက Network Setting ထဲကို ဝင်ပြီး ]


[Network Mode ကိုနှိပ်ကာ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ Network ကိုရွေးပေးနိုင်ပါပြီ...]



Code
  • K model go to dialpad type 319712358 > Password = 774632 > Network Setting > (change whatever you want).
  • S model go to dialpad type 319712358 >Password = 996412 > Network Setting > (change whatever you want).
  • L model go to dialpad type 319712358 > Password = 0821 > Network Setting > (change whatever you want).

လုပ်နည်း Video


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




All Free Softwares, e-Books, Tutorials and Knowledges
မနေ့က (မေလ ၂၄ )Windows PC သမားတွေအတွက် Internet Download Manager 6.25 Build 19 Full ကိုတင်ပေးလိုက်ပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


All Free Softwares, e-Books, Tutorials and Knowledges
FIFA 16: Ultimate team v3.2.11
-
Screenshots of the FIFA 16: Ultimate team v3.2.11 for Android tablet, phone.
-
Download

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Cube skyland: Farm craft
ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
-
Get full version of Android apk app Cube skyland: Farm craft for tablet and phone.
-

Download


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





All Free Softwares, e-Books, Tutorials and Knowledges
Windows 10 အတွက် နေရာတိုင်း လိုလို Zawgyi Font ချိန်းပေးပြီးမြန်မာစာမှန်စေမယ့် Font နဲ့ Zawgyi ကီးဘုတ် သွင်းနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ် အရင်တင်တဲ့ Font တုန်းက Bold စာသားများ Bold မဖြစ်တာကိုလည်းပြန်လည်ပြုပြင်ထားပါတယ်
-
-
32bit အတွက် ပေးထားတဲ့ ကီးဘုတ် ကိုသွင်းပြီး Next တွေနှိပ်သွားပေးပါ ကွန်ပျူတာပိတ်ပြီးပြန်ဖွင့်လာရင် ပေးထားတဲ့ Font ဖိုင် နှစ်ဖိုင် Install ပေးပါ
-
32bit အတွက်ကီးဘုတ် Download
--------------------------------------------------------------
64 bit အတွက် ပေးထားတဲ့ဖိုင်ကို Download ပြီး Zawgyi > Setup.exe ကိုဖွင့်လိုက်ပါ အောက်ကလိုပုံမျိုးပြလာရင် ကီးဘုတ်ရပါပြီ Repair နဲ့ Remove ပေါ်လာရင်တော့ Repair ကိုရွေးပြီး Ok နှိပ်ပါ
-


64bit အတွက်ကီးဘုတ် Download
--------------------------------------------------------------------

ပေးထားတဲ့ Font ဖိုင်နှစ်ဖိုင်လုံးကိုဖွင့်ပြီး Install နှိပ်ပေးပါ Replace Font ပေါ်လာပါက Yes နှိပ်ပေးပါ အားလုံးပြီးရင် ကွန်ပျူတာကို Restart ချပေးပါ

Download Windows 10 Font

အဆင်ပြေပါစေ..

All Free Softwares, e-Books, Tutorials and Knowledges

Samsung S6 edge တချို့အလုံးတွေမှာ crom က lock ဖြစ်နေပါတယ် setting ထဲ က oem unlock enable လုပ်ထားလဲ custom recovery change လို့မရပါဘူး
crom ကို unlock လုပ်ပေးရပါမယ် crom lock / unlock ကို odin mode ဝင်ပီးကြည့်နိုင်ပါတယ်
crom unlock လုပ်ဖို့ crom service apk လေးနဲ့ unlock လုပ်ပီးရင် ချိန်းလို့ရပါပီ (သိတာလေးမျှဝေချင်းသာ)

Credit : မင်းထက်နိုင်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



S6 CROM Unlock.apk : 1.32 Mb

Mediafire Download Link

Dev-Host Download Link



All Free Softwares, e-Books, Tutorials and Knowledges

**
[Unicode]
CoC ကတော့ ဒီနေ့ 24.5.2016 ရက်နေ့မှာ ဗားရှင်းသစ် 8.332.2 ကို Update ထုတ်ပေးလိုက်ပါတယ်.. ဗားရှင်းသစ်မှာ Barrack 11 ကို Upgrade လုပ်ပေးနိုင်မှာဖြစ်ပြီး Barrack Level 11 မှာ Baby Dragon ဆိုတဲ့ နဂါးလေး တစ်ကောင် နဲ့ Miner ဆိုတဲ့ ကျောက်တူးသမားတစ်ကောင် တိုးလာမှာဖြစ်ပါတယ်..

Dark Spell Factory ကိုလည်း Level 3 ကို တိုးမြှင့်နိုင်ပြီး Spell ကလည်း Clone Spell နဲ့ Skeleton Spell ဆိုပြီး တိုးလာမယ်လို့ဆိုပေမယ့် ကျွန်တော်ကတော့ Skeleton Spell တစ်ခုပဲတွေ့ပါတယ်.. Clone Spell က Spell ကို ၂ ခုပွားတဲ့စနစ်လားဆိုတာတော့ မသိပါဘူး...


 


 


What's New
Play a huge update full of brand new content!
  •  Friendly Challenges: Attack clanmates, keep your army!
  • Two new troops: Baby Dragon and Miner
  • Two new spells: Clone Spell and Skeleton Spell
  • New upgrade levels and more!

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


All Free Softwares, e-Books, Tutorials and Knowledges

 S_UNSUPPOPTED_OPERATION (1014)
ဒီ Errorကတော့ Scatter ကြောင့်ဖြစ်တဲ့ error ပါ။ ဥပမာအနေနဲ့ကတော့ ဖုန်းဟာ MT6572 သုံးထားတာကို MT6577 Scatter နဲ့တင်မိသလို ဖုန်းနဲ့ Scatter ဖိုင်မကိုက်တဲ့အချိန်မှာ ဒီ error အတက်များပါတယ်။

S_DA_EMMC_FLASH_NOT_FOUND (3144)
ဒီ 3144 error ကတော့ သုံးထားတဲ့ CPU ကြောင့်ဖြစ်တဲ့ error ပါ။ MTK မဟုတ်ပဲ MTD ကို MTK ဖုန်းအမှတ်နဲ့ firmware ပြန်ရေးတဲ့အခါတေါမှာ ဖြစ်တတ်ပါတယ်။

S_BROM_CMD_STARTCMD_FAIL (2005)
SP flashtool error ဖြစ်ပါတယ်။ flash tool ကို version ပြောင်းလဲသုံးသင့်ပါတယ်။ နောက်တစ်ခုက vol key နှိပ်တာ မှားနေရင်လဲဒီ error တက်ပါတယ်။ read back, Format, MemoryTest လုပ်တဲ့အချိန်တွေမှာ ဒီ error ကိုကြုံရတာ များပါတယ်။ Vol ခလုပ်ပြောင်းနှိပ်ပေးရုံနဲ့ ဒီ error ဖြေရှင်းလို့ ရနိုင်ပါတယ်။

S_FT_READBACK_FAIL (4009)
ReadBack လုပ်တဲ့အခါမှာ Storage မလုံလောက်တဲ့အချိန်မှာ တက်တဲ့ error ဖြစ်ပါတယ်။ တကယ်လို့ နာမည်တူဖိုင်တစ်ခုရှိနေပြီး overwrite မလုပ်နိုင်ရင်လဲ ဒီ error တက်ပါတယ်။

S_FT_NEED_DOWNLOAD_ALL_FAIL(4050)
PMT လို့ခေါ်တဲ့ Pertation Map Table မတူညီတဲ့အခါမှာ တက်တဲ့ error ဖြစ်ပြီးတော့ သူများတွေ ဘယ်လိုရှင်းတယ်မသိပေမယ့် ကျွန်တော်ကတော့ EMMC ကို Format ရိုက်ပြီးမှ ပြန်တင်ပါတယ်။ သူနဲ့အတူတွဲတတ်တဲ့ error ကတော့ (8038) Error ဖြစ်ပြီး Userdata ရဲ့ table ချိန်းခြင်းကြောင့်ဖြစ်တာပါ။ ရှင်းနည်းကတော့ အတူတူပါပဲ။

S_DL_PC_BL_INVALID_GFH_FILE_INFOR (5066)
ရွေးလိုက်တဲ့ Scatter ဖိုင်ထဲကလိုမဟုတ်ပဲ ဖိုင်တွေ မတူညီတဲ့အခါမှာ တက်တဲ့ error ပါ။ prepare block for flash tool မလုပ်ရသေးတဲ့ backup firmware ကို ပြန် တင်တဲ့အချိန်မှာ အဖြစ်များပါတယ်။

SP FLASH TOOL ERROR (8038)
အပေါ်မှာ ပြောခဲ့ပြီးသလိုပါပဲ PMT မကိုက်တဲ့အချိန်မှာ 8038 error တက်ပြီးတော့တကယ်တန်းကတော့ SP_FLASH_TOOL.log ထဲမှ ရေးထားတာနဲ့ ဖုန်းနဲ့မကိုက်ညီတော့တာပါ။ Scatter is out of date ပေါ့။

BROM_ERROR: S_FT_ENABLE_DRAM_FAIL (4032)
SP flashtool ဟာ DRAM ကို မဖတ်နိုင်တဲ့အချိန်မှာ ပြတဲ့ error ဖြစ်ပြီးတော့ ဖြေရှင်းဖို့အတွက်ဆိုရင် ဖုန်းကို power ပိတ် Process တစ်ခုလုံးပြီးသွားမှ ဘာမှ မနှိပ်ပဲ ကြိုးထိုးရေးကြည့် သင့်ပါတယ်။မရတဲ့အခါမှာ vol ခလုပ်ပြောင်းနှိပ်ကြည့် သင့်ပြီး နောက်ဆုံးအဆင့်မှာ EMMC တစ်ခုလုံးကို format ရိုက်ပြီးမှ ပြန်ရေးရင် ရတာ များပါတယ်။

BROM ERROR: S_DL_PMT_ERROR_NO_SPACE (5069)
ဖုန်းမှာပိုင်းထားတဲ့ partition ထက် rom partition size ကပိုမိုကြီးနေတဲ့အခါမှာ တက်တဲ့ error ပါ။ firmware ပြောင်းသင့်ပါတယ်။

S_FT_Download_Fail (4008)
ဖုန်းကို အားပြန် သွင်းပြီးမှ firmware ပြန်တင်ကြည့်ပါ။ Battery ရှိနေလျှက်မရတာ ဆိုရင် SP Flashtool နောက်ဆုံး ver ကို အသုံးပြုကြည့်ပါ။ မရတဲ့အဆုံးမှာတော့ EMMC format ရိုက်ပြီးပြန်တင်ပါ။

S_FT_DA_NO_RESPONSE (4001)
USB ကြိုးထိုးထားတဲ့ USB-port အပေါက်ပြောင်းကြည့်သင့်ပါတယ်။ EMMC မကောင်းတော့တာလဲဖြစ်နိုင်ပါတယ်။

BROM ERROR: S_DA_EMMC_FLASH_NOT_FOUND (3144)
EMMC ကို detected မသိတဲ့ပြဿနာဖြစ်ပြီးတော့ များသောအားဖြင့် HardWare error ဖြစ်ပါတယ်။

BROM ERROR: S_FT_NFB_DOWNLOAD_CODE_FAIL (4014)
ဒီ error ကတော့ ဖိုင်မှားတင်ထားတဲ့ဖုန်းကို firmware ပြန်ရေးတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

Credit: Kurama Uchiha

www.minokekar.net

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org