ကားသူခိုး [48.5 MB] [apk]

Las Vegas: City gangster
Download Las Vegas: City gangster Android free game.
Get full version of Android apk app Las Vegas: City gangster for tablet and phone.
Screenshots of the Las Vegas: City gangster for Android tablet, phone.
-
Download
-
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




အမှားတစ်ခုကြောင့် နောင်တရနေလား?



တစ်ခါတုန်းက သိပ္ပံပညာရှင်ကြီး သောမတ်စ်အက်ဒီဆင်ဟာ သူ့ရဲ့ လက်ထောက်တစ်ယောက်နဲ့အတူ စမ်းသပ်ခန်းထဲမှာ တီထွင်မှုတစ်ခုအတွက် စမ်းသပ်မှုပေါင်း အကြိမ်ရေ ၇၀၀ ကျော်လုပ်ခဲ့တယ်တဲ့။ စမ်းသပ်မှုတွေအရမ်းများလာတဲ့အခါ သူ့ရဲ့ လက်ထောက်ဖြစ်သူဟာ သူလုပ်နေတဲ့နည်းလမ်းတွေအပေါ် ယုံကြည်မှုမရှိတော့ပဲ သံသယဝင်လာပါတယ်။ စိတ်ဓါတ်တွေလည်း ကျလာပါတယ်။

"ဒါတွေအားလုံးက အမှားတွေ။ တလွဲတွေ" လို့ အက်ဒီဆင်ကို စောဒကတက်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ အက်ဒီဆင် ပြောခဲ့တာတော့
အမှားဆို အချိန်ဖြုန်းတာ မဟုတ်တဲ့အကြောင်း။ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး သူဟာ မဖြစ်နိုင်တဲ့နည်းလမ်းတွေကိုသာ သင်ယူခဲ့တာဖြစ်ကြောင်း၊ အမှားတွေက ယူတတ်မယ်ဆိုရင် အကောင်းဆုံး ပညာရေးဖြစ်ကြောင်း ဆိုပါတယ်။ ဒီစကားနဲ့တင် သူ့ရဲ့လက်ထောက်ဟာလည်း သူနဲ့အတူ ယုံယုံကြည်ကြည်ပဲ စမ်းသပ်မှုတွေကို ဆက်လုပ်ခဲ့ပါတယ်

ကျွန်တော်တို့အားလုံးရဲ့ ဘဝမှာလည်း အမှားတွေ ကိုယ်စီရှိပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အမှားဆိုတဲ့အရာကို ဘဝမှာ ကံဆိုးမှုအနေနဲ့သာ သတ်မှတ်လိုက်ကြပြီး ဝမ်းနည်းစရာ၊ နောင်တရစရာအဖြစ်သာ အဆုံးသတ်လိုက်ကြပါတယ်။
တစ်ချို့ကတော့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို မသိကျိုးနွံပြုပြီးပဲ ဆက်လျှောက်ခဲ့ကြပါတယ်။ တကယ်ဆိုရင် အမှားတစ်ခုအတွက် အနည်းအများဆိုသလို ပေးဆပ်မှုတွေ ရှိပါတယ်။ ပေးဆပ်ပြီးပြီဆိုမှတော့ တစ်ခုခုရအောင် ယူသင့်ပါတယ်။ ဟုတ်ကဲ့.. ကျွန်တော်တို့ သင်ယူသင့်ပါတယ်။

(၁) အမှားတွေဟာ လမ်းမပေါ်က အဟန့်အတားတွေ။
---------------------------------------

အမှားတွေ၊ ကျရှုံးမှုတွေဟာ သင့်ရဲ့ အောင်မြင်မှုလမ်းမပေါ်မှာ မကြာခဏဆိုသလို တွေ့ရမယ့် အရာတွေပါပဲ။ ဒီအရာတွေဟာ Block တုံး တွေနဲ့တူပါတယ်။ တစ်ချို့အတုံးတွေက ကြီးမယ်၊ တစ်ချို့အတုံးတွေက သေးမယ်။ ဒီအရာတွေကို သင့်ကို ရှေ့မရောက်အောင်၊ သွားရတာခက်အောင် လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရာတွေကို ရွေ့သွားမလား၊ ဒါတွေကိုသုံးပြီး အမြင့်ကိုတောင် တက်ပြမလား ဆိုတာတော့ သင့်ရွေးချယ်မှုပါ။ ဘယ် block တုံးကမှ သင့်ကို လဲကျအောင် မလုပ်နိုင်ပါဘူး

(၂) အမှားတွေက ကြောက်စရာမဟုတ်ဘူး။
------------------------------------

အမှားတွေက သင်တို့ထင်ထားသလို ကြောက်စရာမကောင်းပါဘူး။ ဒါပေမယ့် ခုံမင်စရာလည်း မကောင်းပြန်ပါဘူး။ (ဆက်တိုက်တော့ မှားမနေသင့်ပါ။) မှားတယ်လို့ သိလိုက်ရင် ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ပါ။ ဒီအတိုင်းပဲ ကျော်ခွသွားမယ်ဆိုရင် သင်ယူရမယ့်အခွင့်အရေး ဆုံးရှုံးသွားပါလိမ့်မယ်။ ခံစားနေမယ်ဆိုရင်လည်း သင် စိတ်ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၃) နောင်တရမှာလား?
--------------------

နောင်တဆိုတာ သင့်ကို အကျိုးမပြုနိုင်မယ့် ခံစားချက်မှန်း သင်သိထားရပါမယ်။ သင်ကိုယ်တိုင် ပြုပြင်လို့လည်းမရတော့တဲ့ အရာတစ်ခုက သင့်ကို ဆက်ပြီး ထိုးနှက်နေမယ်ဆိုရင် အရှုံးပေါ်ကိုမှ အရှုံးတွေထပ်ဆင့်နေပါမယ်။ စိတ်ကိုလျှော့လိုက်ပါ။ ပြီးခဲ့တာတွေ ပြီးပါပြီ။ သင့်ရှေ့မှာ အနာဂတ်တွေရှိသေးသလို၊ ပြင်ဆင်နိုင်မယ့် အခွင့်အရေးတွေလည်း ရှိပါသေးတယ်။ အရင်းအနှီးများတဲ့ သင်ခန်းစာတစ်ခုအတွက် များများသင်ယူလိုက်မယ်ဆိုတဲ့ စိတ်မျိုးပဲ နှလုံးသွင်းထားပါ။

(၄) မယူတတ်ရင်တော့ အရှုံး။
-------------------------

အမှားတစ်ခုအတွက် ပေးဆပ်မှုတစ်ခု ရှိပါတယ်။ ဒီပေးဆပ်မှုဟာ တစ်ခါတစ်လေ မသိသာပေမယ့် တစ်ခါတစ်လေ ကြီးမားပါတယ်။ ဒီတော့ အမှားတစ်ခု၊ အရှုံးတစ်ခုထဲကနေ သင်ခန်းစာတွေ ယူတတ်ရပါမယ်။ မယူတတ်မှသာ သင့်ရဲ့အမှားဟာ တကယ့် ဆုံးရှုံးမှုဖြစ်ပါတယ်။

လူညံ့တွေက မှားလို့မှားသွားမှန်းတောင် မသိဘူး။ သာမန်လူက အမှားတွေကို မသိကျိုးနွံ့ပြုတယ်။ လူတော်ကတော့ အမှားတွေထဲကနေ သင်ယူတယ်။ ပညာရှိကတော့ သူများအမှားတွေကိုတောင် သင်ခန်းစာအဖြစ်ထားတယ်။

သင် ကျူးလွန်ခဲ့တာ အမှားလား? တစ်ခုခုရအောင် ယူလိုက်ပါ။

ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်းထည့်မှာ အဆင့်မြင့်မြင့်နားထောင်းမယ်-PlayerPro Music Player v3.4 APK

ဒီနေ့မျှဝေချင်တာက Player ကောင်းကောင်လေးပါ အသစ်ထပ်တက်လာတာနဲ့ အားလုံးအတွက် တင်ပေးလိုက်ပါတယ်။ ဒီ Pro ဗားရှင်းမှာ ဆို features တွေ အမိုက်စားတွေ တိုးလာပါတယ်။ ဒီဆော့ဝဲလေးမှာ albums, artists, genres, songs, playlists, folders, and album artists. စာတွေကို ကောင်းကောင်း Performance အဖြစ် မြှင့်ထားတာကို သတိထားမိတယ်။သူ့မှာ ကိုင်ပိုင် Browser လည်းပါသလို လိုင်းနည်းနည်း ကောင်းရုံနဲ့ လိုင်းပေါ်တိုက်ရိုက် ရှာဖွေ နားဆင်နိုင်သလို trial Version ထက် အဆပေါင်းအများကြီးသာလွန်းပါတယ်။ အသံလည်း ကြည်လင်ပြတ်သားပြီး DJ သီချင်းတွေနဲ့ဆို လန်းမှလန်းပါ။ အသံပိုင်း Display ကိုလည်း ကိုယ်လိုသလို စိတ်ကြိုက် ပြုပြင်နားဆင်နိုင်ပါတယ်။  Size 11.0 MB ရှိပါတယ်။ 2.0 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။





Download Here

ဖုန်းထဲမှာ chat Video call ခေါ်မယ်-WhatsApp Messenger v2.12.429 APK (နောက်ဆုံး Version)


Android OS ဖုန်းကိုင်းဆောင်သူများအတွက်ကတော့ Chat (ဖုန်းနှင့် ချပ်/ ကစားပြောမယ့်) တိမ် ထိုင်းသူများအတွက်ယော့ မိသားစုများနှင့် နိုင်ငံတွေဝေကွာနေပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောမယ်ဆိုရင်ဒီကောင်းလေးကတော့ viber, line and facebook လိုမဟုတ်ဘူး လိုင်း နည်းနည်းရှိတာနဲ့ တစ်ခြားသူတစ်ယောက်ထံသို့ အမြန်ဆုံး Massage Video Call တွေကိုအမြန်ဆုံးရောက်ရှိနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ ချစ်စရာကောင်းလောက်တဲ့Sticker များစွာပါဝင်လာပြီး Message box တွင်လဲပြုပြင်ပြောင်းလှဲပြီးပို့ပေးနိုင်ပါတယ်ဗျာ။android application ဖိုင်းဆိုဒ်လေးကတော့ 27.34 MB ရှိပါတယ်။
 (to send and receive messages, pictures, audio notes, and video messages.)

Download Here

Windows 10 အသုံးပြုသူတွေအတွက် Libraries လေးပြန်ဖေါ်နည်း


 
Windows 10 အသုံးပြုသူတွေအတွက် Libraries လေးပြန်ဖေါ်နည်းလေးကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။Credit  - ဇူးနစ်(နည်းပညာ)
Windows 7 စနစ်ထဲမှာတော့ Libraries ဆိုတာကတော့ 
ပထမဆုံး Introduce feature တစ်မျိုးဖြစ်ပါတယ်။
ကွန်ပျူတာမှာ အဓိကနေရာယူနေတဲ့ အရှုပ်ပွဆုံးဖိုင်များကို တစ်စုတည်း
ထားပေးတဲ့နေရာလည်းအဖြစ် ကူညီပေးထားတာလည်းဖြစ်ပါတယ်။

Windows 8 မှာတော့ ဒီ Libraries စနစ်ကို default ဖြင့်တာထွက်လာခဲ့ပေမယ့်လည်း
System ပိုင်းအတွက်တော့ Featues တွေဟာ ပျောက်ကွယ်သွားတာမျိုးတော့ မရှိခဲ့ပါ
ဒါပေမယ့် ဒီ Windows 10 အရောက်မှာတော့ Folder Options ထဲမှာတင်သူ့ကို
မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာလားထင်ရတယ် Libraries လေးကို Hide ထားတာတွေ့ကြရမှာပါ။
တကယ်လို့ မိမိ Windows 10 မှာ Library လေးကိုပြန်လေ ဖေါ်ထားချင်တယ်
ဆိုရင်တော့ အောက်ပါပုံလေးတွေအတိုင်းကြည့်လုပ်ပေးလိုက်ပါ။
Windows Explore ကိုဖွင့်လိုက်ပါ W+E ကိုတွဲနှိပ် လိုက်ရင်ရပါတယ်
အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ View ကိုတစ်ချက်နှိပ်၊
 ပြီးရင် Options ကိုထပ်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Folder Options ပေါ်လာတဲ့အခါ
View ကိုပြောင်းလဲပေးရမှာဖြစ်တဲ့အတွက် Show libraries ဆိုတဲ့
နေရာမှာ အမှန်ခြစ်လေးကိုပေးလိုက်ပါ ပြီးရင် OK ကိုနှိပ်ပါ။
အောက်ပါပုံမှာတော့ Windows Explorer ဖိုင်ရဲ့နံဘေးမှာ 
libraries လေးကို ပြန်လည်မြင်နေရပါလိမ့်မယ်။
ဒီလောက်နဲ့မှမကျေနပ်သေးရင်လည်း libraries တွင် ထားရှိလိုတဲ့ ဘယ် Folder မျိုးကိုမဆို
 Right click တစ်ချက်ထောက်ပြီး “Include in library.” နှိပ်ပေးလိုက့်ရုံပါပဲ
တကယ်လို့ အဆင်မပြေသေးရင်တော့ ဖေါ်ပြပေးထားတဲ့ ပုံလေးတွေကိုအသေအချာပြန်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
Credit  - ဇူးနစ်(နည်းပညာ)
                                     

ဖုန်းတစ်လုံးမှာမရှိမဖြစ်ဆောင်ထားသင့်တဲ့-Super Backup : SMS & Contacts v2.0.05 APK

Android OS တွေမှာ ရှိထားသင့်တဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Contacts နဲ့ Message တွေကို Backup / Restore လုပ်ပေးနိုင်တဲ့ Application Updated လေးဖြစ်ပါတယ်ဗျာ။ Backup လုပ်တဲ့ Application တွေအများကြီးရှိတယ်ဆိုပေမယ့် ဝင်းလှိုင်ကတော့ အခုတင်ပေးလိုက်တာလေးကို Recommend လုပ်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ Error ကင်းကင်းအသုံးပြုနိုင်လို့ ဘဲဖြစ်ပါတယ်ဗျာ။ Phone တစ်ခုခုဖြစ်သွားလို့ အစအဆုံး Format ပြန်ရိုက်ရရင်တော့ Contact တွေက ပျက်သွားမှာသေချာပါတယ်။ Contact ဆိုတာမျိုးက ပျက်သွားရင် အတော်လေးကို ကွိုင်တက်ပါတယ်။ မနည်းကိုလိုက်စုပြီး အသစ်ပြန်ရိုက်ရတာမျိုးပါ။ ဒါကလည်း လူတိုင်းသိပြီးသားပါ။ Message ကတော့ဗျာ။ ရိုက်ထားပြီးသားတွေ ပြန်မရနိုင်တော့ပါဘူး။အမှတ်တရMessage တွေရှိတယ်ဆိုရင်တော့ သေပြီဆရာဘဲ။ အဲဒါကြောင့် Message နဲ့ Contact တွေကို Backup လုပ်ထားဖို့လိုပါတယ်ဗျာ။ သိထားပြီးသားအကြောင်း အရာတွေကို ထပ်ပြီးပြောပြနေတာက အရေးကြီးကြောင်းသိစေချင်လို့ပါဗျာ။ သေးသေးကွေးကွေး Application လေးဆိုတော့ တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက် Android OS 2.3 အထက်ကိုသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့3.1MB ဖြစ်ပါတယ်





ဘဝမှာ တန်ဖိုးထားရမယ့်အရာများ



(၁) မိသားစု

ဘယ့်တော့မှ အစားပြန်မရတော့မယ့်အထဲမှာ မိသားစုပါဝင်ပါတယ်။ သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုပဲဖြစ်ဖြစ်၊ သင့်မိဘတွေနဲ့ ဆိုင်တဲ့ မိသားစုပဲဖြစ်ဖြစ် သင့်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ လူအတော်များများဟာ ကိုယ်နဲ့အရင်းနှီးဆုံး မိသားစုကို လျစ်လျူရှုပြီး တခြားသောအရာများကို အာရုံစိုက်တတ်ကြပါတယ်။ သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဂရုမစိုက်ဘဲ သင့်အတွက် နွေးထွေးမှုပေးမယ့် အသိုက်အမြုံလေးက မိသားစုပါပဲ။

(၂) မိတ်ဆွေကောင်းများ

သူငယ်ချင်းဆိုတာ များပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာတော့ ရှားပါတယ်။ လူတစ်ယောက်ဟာ ခင်မင်ဖို့ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းကောင်းစာရင်းထဲကိုတော့ ဝင်လာချင်မှ ဝင်လာပါလိမ့်မယ်။ မိတ်ဆွေကောင်းဆိုတာ အပြန်အလှန်သဘောဆောင်တဲ့အတွက် သင်က မိတ်ဆွေကောင်းလိုချင်ရင် သင်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ဖေးမမှုတွေ၊ ဝေဖန်မှုတွေနဲ့ပဲ မိတ်ဆွေကောင်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုတန်ဖိုးထားရမယ့်စာရင်းထဲ ထည့်သင့်ပါတယ်။

(၃) ဘဝရည်မှန်းချက်ပန်းတိုင်

သင့်ဘဝကို ပဲ့ကိုင်ပေးမယ့် ရွက်တိုင်ကတော့ သင့်ရည်မှန်းချက် အိမ်မက်ပါပဲ။ ဒီရည်မှန်းချက်သာ မရှိခဲ့ရင် သင့်ဘဝဟာ ဟိုကူး၊ဒီကူးနဲ့ ဘယ်တော့မှ တည်ငြိမ်ရာရမှာ မဟုတ်ပါဘူး။ ဒီတော့ ရည်မှန်းချက်ဆိုတာဟာ ဘဝမှာ ရှိကိုရှိသင့်တဲ့အရာတစ်ခုပါ။ အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်၊ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊ မိသားစုနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊.. စသဖြင့်ပေါ့။ ဘာကိုဖြစ်ချင်မှန်းမသိလို့ ရည်မှန်းချက်မရှိဘူးဆိုရင် ပန်းတိုင်တစ်ခုကို အချိန်မှီ တည်ဆောက်ပါ။ ပြီးရင် တန်ဖိုးထားရမယ့်စာရင်းထဲမှာထည့်ပြီး တယုတယကို တန်ဖိုးထားလိုက်ပါ။

(၄) ကိုယ်လိုချင်တဲ့အရာများ

ဒီအချက်ကိုတော့ လူအတော်များများ လိုက်နာလေ့ရှိပါတယ်။ ဒါပေမယ့် အရင်ဆုံး ကိုယ်ဘာလိုချင်လဲဆိုတာကို ရေရေရာရာ အရင်သိမှဖြစ်ပါမယ်။ ကိုယ်က ငွေကြေးကိုလိုချင်တာလား၊ ကျော်ကြားမှုလား၊ လေးစားခံရမှုတွေလား။ ဘာကိုလိုချင်လဲ သိရပါမယ်။ သူများက ငွေကိုလိုချင်လို့ ကိုယ်လည်း ငွေလိုချင်တယ်။ သူများက ကျော်ကြားချင်လို့ ကိုယ်လည်း ကျော်ကြားချင်တယ်ဆိုတာမျိုးက ကိုယ်လိုချင်တဲ့ အစစ်မှန်တစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

(၅) ကိုယ်ကျင့်တရား

အောင်မြင်မှုနဲ့ လိုချင်တဲ့အရာတွေကို ဖန်တီးယူတဲ့အခါမှာ တစ်ခါတစ်ရံ ကိုယ်ကျင့်တရားကိုတာကို လျစ်လျူရှုလိုက်တဲ့သူတွေ ရှိပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရားဆိုတာ သင့်ရဲ့ ပုံရိပ်ပါ။ သင်တန်ဖိုးထားရမယ့် အရေးအကြီးဆုံး အချက်တွေထဲကတစ်ခုပါ။ ကားကောင်းကောင်းစီး၊ တိုက်ကောင်းကောင်းနေရဖို့အတွက် ဘယ်တော့မှ သင့်မျက်နှာကို ဓါးနဲ့မလှီးလိုက်ပါနဲ့။ ကိုယ်ကျင့်တရားဆိုတာ တခြားသူတွေက သင့်ကိုမြင်နေရမယ့် မျက်နှာတစ်ခုလိုပါပဲ။

ရွှေညာမောင် (Focus Youth E-magazine)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Daily English Speaking Conversation App

အင်္ဂလိပ်စကားပြောခန်းတွေကို အဆင့်လိုက်စုထားတဲ့ app တစ်ခုဖြစ်ပါတယ်..
စကားပြောခန်းတွေအနေဖြင့်က Level one ရယ်၊ Level Two ရယ်.ပြီးတော့
Level Three ဆိုပြီး သုံးခုခွဲထားတာကိုတွေ့ရပါတယ်..စကားပြောခန်းအပြင်တစ်ခြား
သိမှတ်ဖွယ်ဖြစ်သော..Phrases နှင့် Idioms တွေကိုပါထည့်သွင်းထားလို့ ပြည့်စုံတယ်
လို့ပြောလို့ရပါတယ်…

Viber ကဲ့သို့ ဆက်သွယ်နိုင်တဲ-WeChat 6.3.11.64 APK

Android ဖုန်းကိုင်ထားသောသူများအတွက် chatting ထိုင် ဆက်သွယ်ရေးမှာ အခုနောက်ပိုင် အကောင်းဆုံးတစ်ဖြစ်တဲ့ Wechat လေးကိုတင်ပေးလိုက်ပါတယ်။ကမ္ဘာ တစ်ဝမ်း ဘယ်နေရာသွားသွား ဘာလုပ်လုပ် ချစ်သူ ခင်သူ ကို ရုပ်ထွက် ကောင်းကောင်လေးနဲ့ ဖုန်းပြောချင်ရင်တော့ ဒီဆော့ဝဲလေးကိုသာ အသုံးပြုစေချင်ပါတယ်ဒီဆော့ဝဲလေးဟာ High-quality free calls ကို အကောင်းဆုံး Support လုပ်ပေးနိုင်ပါတယ်။ communications app ဖြစ်တဲ့အတွက်... text (SMS/MMS), voice & video calls, moments, photo sharing, and games ကောင်းကောင်း အလုပ်လုပ်နိုင်သလိုသူငယ်ချင်း အချင်းအချင်း...Group Chat..လည်း ဖန်တီးနိုင်သေးတဲ့
 အပြင် Real Time Location စတဲ့ အကောင်းဆုံး Feature ပေါင်းများစွာပါဝင်လာတဲ့ ဗားရှင်းလေးပါ။
Update မလုပ်ရသေးတဲ့ ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါပြီ။




Download Here

သင့်စိတ်တွေ လွတ်လပ်ပေါ့ပါးလိုပါသလား? ဒါတွေကိုလျော့ပါ



၁။ တစ်ဖက်သားကို ဘယ်လိုလူလဲဆိုတာ သတ်မှတ်ခြင်း။
ကိုယ့်ကိုယ်ကိုတောင် အပြည့်အဝနားမလည်တဲ့လောကကြီးမှာ သူများဟာ ဘယ်လိုလူစားလဲဆိုတာ သတ်မှတ်ဆုံးဖြတ်တတ်တာ အဆင်မပြေပါဘူး။
အထူးသဖြင့် ဒီလူဟာ လူဆိုး၊ လူညာ စသဖြင့် မကောင်းတဲ့ တံဆိပ်ကပ်နှိပ်တတ်တဲ့အကျင့်က သင့်စိတ်ကိုလေးလံစေပါတယ်။ လူတွေကို
သံသယအမြင်နဲ့ကြည့်တတ်တဲ့အကျင့်လည်း စွဲသွားနိုင်ပါတယ်။ လူတိုင်းမှာ ကိုယ်မသိ၊နားမလည်နိုင်တဲ့ အကြောင်းအရာ ကိုယ်စီရှိပါတယ်

၂။ အနာဂတ်ကို စိုးရိမ်ခြင်း။
အနာဂတ်ကိုစိတ်မဝင်စားလို့ မစိုးရိမ်တဲ့သူရယ်၊ အနာဂတ်မရေရာလို့ စိတ်ပူတဲ့သူရယ်၊ ခိုင်မာတဲ့ အနာဂတ်ရှိလို့ စိတ်ချတဲ့သူရယ်ဆိုပြီး လူသုံးမျိုးရှိပါတယ်။
သင်ဟာ အနာဂတ်အပေါ် စိုးရိမ်တယ်ဆိုရင်တော့ ဒုတိယအမျိုးအစားထဲမှာ ပါနေပါပြီ။
အနာဂတ်ကို သေချာပြင်ဆင်ထားတဲ့ သူတစ်ယောက်အတွက် အနာဂတ်ဆိုတာ စိုးရိမ်စရာမရှိပါဘူး။ ရင်ဆိုင်စရာပဲလိုတာပါ။ အနာဂတ်ကို စိုးရိမ်၊စိတ်ပူတတ်တယ်
ဆိုရင်တော့ တစ်ခုတည်းသော ဖြေရှင်းနည်းဟာ သေချာအစီအမံ (Plan) ချတာနဲ့ ရည်မှန်းချက်ထားတာပါပဲ။

၃။ မျှော်လင့်ချက်တွေ မထားပါနဲ့။
ယုံကြည်ချက်ရှိရပါမယ်။ ထက်သန်စိတ်ရှိရပါမယ်။ ဇွဲလုံလ ရှိရပါမယ်။ ဒါဆို အောင်မြင်ဖို့အတွက် လုံးလောက်ပါပြီ။ မျှော်လင့်ချက်တွေက
မရေရာနိုင်သလို သင့်စိတ်ကို လေးလံစေပါတယ်။

၎။ အငြိုးအတေးတွေ ထားခဲ့ပါ။
သင်မကျေနပ်ရင် မကျေနပ်ကြောင်းပြောပါ။ သင် လက်မခံနိုင်ရင် လက်မခံနိုင်ကြောင်းပြောပါ။ သင့်ခံစားချက်တွေကို မြိုသိပ်ပြီး တနုံ့နုံ့ ခံစားနေဖို့မလိုပါဘူး။
နောက်ပြီး လူတစ်ယောက်အပေါ် အငြိုးအတေးနဲ့ မုန်းတီးချက်တွေလည်း ကိုယ့်ရင်ဘတ်ထဲထည့်ပြီး သယ်ဆောင်လာစရာမလိုပါဘူး။
လူ့ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ အငြိုးအတေးတွေအတွက် သင့်မှာ နေရာမပေးသင့်ပါဘူး။

၅။ မုသားတွေ လျော့။ ဖုံးကွယ်တာတွေလျော့။
တစ်စုံတစ်ယောက်ကို သင် မုသားသုံးလိုက်ရပြီဆိုတာနဲ့ သင့်စိတ်တွေ မပေါ့ပါးနိုင်တော့ပါဘူး။ ဒီကြားထဲ တမင်တကာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်
ရေရှည်ဖုံးကွယ်စရာ ကိစ္စမျိုး ကြုံလာပြီဆိုရင်တော့ သင့်စိတ်တွေ ပင်ပန်းရပါတော့မယ်။ အမှန်အတိုင်း ရှိပါစေ။ အမှန်တရားဟာ တစ်ခါတစ်ရံ ခါးသီးပေမယ့်
လူတိုင်းနဲ့ တည့်ပါတယ်။

၆။ သာယာမှုနယ်ပယ်ထဲက ထွက်ဖို့လုပ်။
အလုပ်များလွန်းရင် စိတ်ဖိအား ဝင်တတ်သလို၊ အလုပ်မှာ စိန်ခေါ်မှုမရှိရင်လည်း စိတ်ကျတတ်ပါတယ်။ ဒီနှစ်ခုအကြားမှာ သင့်စိတ်ကို
အဆင်ပြေအောင်ထားပါ။

၇။ သူများတွေ သင့်ကို ဘယ်လိုထင်မလဲ စိတ်မပူပါနဲ့။
လူဆိုတာ အသိုင်းနဲ့အဝိုင်းနဲ့ နေရတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရတာမှန်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဘေးစကားတွေကို ခေါင်းထဲမထားဘဲ
ကိုယ်လုပ်ချင်တာလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က ပြောသမျှကို နှလုံးသားထဲထိ လိုက်ထည့်ပြီး ခံစားနေဖို့တော့ မလိုပါဘူး။
သင်ကောင်းတာလုပ်နေတာ သေချာရင် ဘယ်သူကမှ မကောင်းတာပြောလို့ မရပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို ကောင်းဖို့နဲ့ ကောင်းတာတွေ လုပ်နေဖို့ကိုပဲ
ဂရုစိုက်ပါ။ ဘေးက စကားတွေကို ဂရုမစိုက်ပါနဲ့။

ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link