ဒေါ်လာ ၁၀၀ဝန်းကျင်သာရှိတဲ့ လုပ်ဆောင်ချက်မြင့် Xiaomi Redmi 4 ဖုန်းသစ်သုံးမျိုး ထပ်မံထွက်ပေါ်လာ


Xiaomi ရဲ့ Redmi လိုင်းရဲ့ ဈေးနှုန်းအလယ်အလတ်တန်းစား စမတ်ဖုန်းတွေဟာ အတော်ကောင်းမွန်သပ်ရပ်တဲ့ Premium ဒိဇိုင်းနဲ့ သင့်တင့်တဲ့အရည်အသွေး၊ လုပ်ဆောင်ချက်တွေကြောင့် လူသိများတယ်ဆိုရင်မမှားပါဘူး။ ယခုတစ်ဖန်လည်း Xiaomi ဟာတန်ဖိုး ဒေါ်လာ ၇၅နဲ့ ဒေါ်လာ ၁၄၀ကြားမှာရှိတဲ့ Redmi 4 အမျိုးအစား ဖုန်းသစ် သုံးမျိုးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။

ထုတ်လုပ်လိုက်တဲ့ အမျိုးအစားတွေကတော့ Redmi 4, Redmi 4 Prime နဲ့ Redmi 4A တို့ပဲဖြစ်ပြီး  Xiaomi ရဲ့ Google ရဲ့ Pixel, Apple ရဲ့ iPhone 7 တို့ကိုယှဉ်ပြိုင်ထုတ်လုပ်ခဲ့တဲ့ Mi MIX ကိုထုတ်လုပ်ပြီးတဲ့နောက်၊ ထွက်ပေါ်လာခဲ့တာပါ။

အဦးဆုံး Redmi 4 ဟာ Qualcomm Snapdragon 430 နဲ့ 2GB RAM, 16GB Storage တို့ပါဝင်ပါတယ်။ ဘက်ထရီကတော့ 4100 mAh ကိုထည့်သွင်းထားပြီး ၅လက်မအရွယ် 1208 x 720 Display ကို အသုံးပြုထားပါတယ်။ MicroSD ကတ်ပေါက်နဲ့ ကျောဘက်မှာ Fingerprint Scanner တို့ပါဝင်ပြီး ကင်မရာပိုင်းအနေနဲ့ 13-MP နဲ့ ရှေ့မျက်နှာကင်မရာ 5-MP တို့ပါဝင်ပါတယ်။ ဖုန်းကိုလာမယ့် ဒီနေ့ကစတင်ပြီးဒေါ်လာ ၁၀၄နဲ့ရောင်းချမှာဖြစ်ပြီး အရောင်အနေနဲ့ Dark Gray, Silver နဲ့ Gold ဆိုပြီး သုံးရောင်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။


Redmi 4A ဟာဆိုရင်တော့ ဈေါ်နှုန်းအတော်သင့်လျော်တယ်လို့ပြောနိုင်ပြီး ဒေါ်လာ ၇၄နဲ့ရရှိနိုင်မှာပါ။ လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ 4A မှာ Qualcomm Snapdragon 425 processor နဲ့ 2GB RAM, 16GB Storage တို့ပါဝင်ပြီး Fingerprint ဆင်ဆာကိုလည်း ထည့်သွင်းထားပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်တွေဟာ Base နဲ့ သိပ်မကွာပဲ 13MP ကင်မရာ၊ 4100mAh ဘက်ထရီတို့ ထည့်သွင်းထားပါတယ်။ ဒါကြောင့် Unibody Metal Shell နဲ့ ဒေါ်လာ ၁၀၀အောက်ဖုန်းအနေနဲ့ အတော်ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။ ဒီအမျိုးအစားကိုတော့လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ စတင်ရရှိနိုင်မှာပါ။


ဒါပေမယ့် Prime ဟာဆိုရင်တော့ Redmi 4 စီးရီးထဲမှာ အဆင့်မြင့်လိုပြောနိုင်ပြီး 3GB RAM နဲ့ 32GB Internal Storage တွေပါဝင်ပါတယ်။ Screen Resolution ဟာဆိုရင်တော့ 1920 x 1080 ရှိပြီး VR နဲ့တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် သင့်လျော်အဆင်ပြေပါတယ်။ Chipset အနေနဲ့ Qualcomm Snapdragon 625 Chipset ကိုအသုံးပြုထားပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၃၃ရှိပါတယ်။

ဒီမှာ တစ်ချက်ပြောချင်တာက Snapdragon 625 chipset ဟာ လက်ရှိ Chipset တွေထဲမှာ လုပ်ဆောင်မှုအားအကောင်းဆုံးလို့ ပြောနိုင်ပြီး သင့်ကိုစိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်စေမှာ အသေအချာပါပဲ။ အရောင်အသွေးအနေနဲ့လည်း Redmi 4 မော်ဒယ်နဲ့ အတူတူပဲထွက်လာမှာ ဖြစ်သလို ဒီနေ့မှာစတင်ထုတ်လုပ်မှာပါ။ ဒါကြောင့် ဒေါ်လာ ၁၅၀အောက် (ကျပ်တစ်သိန်းခွဲအောက်) နဲ့လုပ်ဆောင်ချက်ကောင်းကောင်းဖုန်းတွေကို ရှာနေတယ်ဆိုရင်တော့ ဒီအမျိုးအစားက အတော်သင့်လျော်ပါတယ်။


Ref: Android Headline

Credit : Digital Times

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ဒေါ်လာ ၁၀၀ဝန်းကျင်သာရှိတဲ့ လုပ်ဆောင်ချက်မြင့် Xiaomi Redmi 4 ဖုန်းသစ်သုံးမျိုး ထပ်မံထွက်ပေါ်လာ Title : ဒေါ်လာ ၁၀၀ဝန်းကျင်သာရှိတဲ့ လုပ်ဆောင်ချက်မြင့် Xiaomi Redmi 4 ဖုန်းသစ်သုံးမျိုး ထပ်မံထွက်ပေါ်လာ
Description : Xiaomi ရဲ့ Redmi လိုင်းရဲ့ ဈေးနှုန်းအလယ်အလတ်တန်းစား စမတ်ဖုန်းတွေဟာ အတော်ကောင်းမွန်သပ်ရပ်တဲ့ Premi...
Rating : 5

1 comments :

ကျွန်တော် ဟန်းစက်ကတော့ MI NOTE TEL MIUI7 ပါ Facebook မှာဆိုရင် ပုံကို Pots တင်မယ်ဆိုရင် ပုံရွှေ့တာမျိုး ပုံရွေးတာမျိုး စက်ကအရမ်လေးနေတယ်ဗျ

Reply

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.