Advertise Here !


Xiaomi ကနေပြီး အသစ်ထပ်မံ ထွက်ရှိလာမယ့် MIUI 8 ဗားရှင်းမှာ မိုဘိုင်းဖုန်းတွေအတွက် ဆန်းသစ်ထားတဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။ ဒီဗားရှင်းဟာ ခုလက်ရှိအချိန်မှာတော့ Beta ဗားရှင်းအနေနဲ့ပဲ ထွက်ရှိသေးတာဖြစ်ပြီး Stable ဗားရှင်းကတော့ မကြာခင်အချိန်မှာ ထွက်လာလိမ့်မယ်လို့ ဆိုပါတယ်။ ခုလက်ရှိ Beta ဗားရှင်းကိုတော့ ပြည်တွင်းကို ဝင်ရောက်လာတဲ့ Xiaomi Mi Max မှာစတင် အသုံးပြုလျက်ရှိနေပြီး ပြည်တွင်းကို ဝင်ရောက်ခဲ့ပြီးတဲ့ အခြား Mi ဖုန်းတွေမှာလည်း ဒီဗားရှင်းကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ MIUI 8 မှာတော့ ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူတွေအတွက် ဇော်ဂျီမြန်မာစာဖောင့် စနစ်ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထား တာတွေ့ရမှာပါ။ ဒါပေမဲ့ MIUI 8 ရဲ့ဗားရှင်းဟာ Beta ဗားရှင်းပဲ ရှိသေးတဲ့အတွက် ဖောင့်စနစ်ကတော့ သီးသန့်မဖြစ်သေးဘဲ Themes Setting ထဲမှာ ရောက်နေတာကိုလည်း တွေ့ရမှာပါ။ ယခုဖော်ပြပေးမှာတော့ MIUI 8 မှာပါဝင်လာတဲ့ Dual App ဆိုတဲ့စနစ်နဲ့ Second Space ဆိုတဲ့ နည်းပညာ အသစ်နှစ်ခု အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Dual App
Dual App ဆိုတာကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီစနစ် ဟာ မိုဘိုင်းဖုန်းတွေမှာမြင်တွေ့နေကျ စနစ်တစ်ခုမဟုတ်တဲ့အ တွက် အနည်းငယ်ထူးဆန်းနေတယ်လို့ ခံစားရစေပါတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ဖုန်းထဲမှာ App တစ်ခုကို ထည့်သွင်းအသုံးပြု လိုက်တယ်ဆိုရင် တစ်နေရာမှာ တစ်ခုပဲအသုံးပြု နိုင်ပါတယ်။ ဒါပေမဲ့ MIUI 8 Beta မှာ ပါဝင်လာတဲ့ Dual App ဆိုတဲ့ စနစ်ကတော့ App တွေကို နှစ်ခုအနေနဲ့ခွဲပြီး အသုံးပြုနိုင်တာ တွေ့ရမှာပါ။ ဥပမာအနေနဲ့ ပြောပြရမယ် ဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Facebook App ကို Dual App ထဲမှာထည့်ပြီး အသုံးပြုလိုက်မယ် ဆိုရင်တော့ Facebook App ကို Icon နှစ်ခုအနေနဲ့ မြင်ရမှာဖြစ်ပြီး Facebook App နှစ်ခုစလုံးမှာ မတူညီတဲ့ အကောင့်နှစ်ခုကိုလည်း တစ်ပြိုင်တည်း ဖွင့်ထားပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
စတင်ပြီး လေ့လာကြည့်ကြပါမယ်။ Dual App စနစ်ကို အသုံးပြုဖို့အတွက် ပထမဆုံး ဖုန်းရဲ့ Settings ထဲကို ဝင်လိုက်ပါ။ Settings ထဲမှာ Dual App ဆိုတာရှိပါတယ်။
  
Dual App ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ OK ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် App တွေရဲ့ မြင်ကွင်းကို မြင်တွေ့ရပါလိမ့်မယ်။
  
ဒါဆိုရင်တော့ Dual App စနစ် အသုံးပြုနိုင်မယ့် App တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Recommended ဆိုတဲ့နေရာနဲ့ Dual app support ဆိုပြီး နှစ်ခုရှိနေတာကို မြင်ရပါလိမ့်မယ်။ လက်ရှိမှာတော့ App ကိုနှစ်ခုသာ မြင်တွေ့နေရမှာ ဖြစ်ပေမယ့် ကိုယ့်ရဲ့ဖုန်းထဲမှာ App တွေကို ထည့်သွင်းထားမယ် ဆိုရင်တော့ ထည့်ထားသမျှ App တွေကို ဒီနေရာမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်က Dual စနစ်အသုံးပြုချင်တဲ့ App တွေကို ဖွင့်ပေးခဲ့ရမှာပါ။ Dual App ထဲမှာ အမှတ်အသားပြုလုပ်ပြီးဖွင့်ခဲ့တဲ့ App တွေကိုတော့ ဖုန်းရဲ့မြင်ကွင်းပေါ်မှာ နှစ်ခုအနေနဲ့ ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖော်ပြပါပုံတွင် လေ့လာကြည့်ပါ။
  
ပုံမှာမြင်တွေ့ နေရတာကတော့ App တွေကို နှစ်ခုစီမြင်တွေ့ ရမှာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ App နှစ်ခုမှာ တစ်ခုဟာ သော့ပုံလေး တွေလိုမျိုး ပေါ်နေမှာ ဖြစ်ပါတယ်။ သော့ပုံလေးတွေ ပေါ်နေတဲ့ App တွေဟာ Dual App စနစ်ကနေပြီး ထပ်မံအသုံးပြုခွင့် ပေးလိုက်တဲ့ App တွေပဲ ဖြစ်ပါတယ်။ အခြားထပ်မံ အသုံးပြုလိုတဲ့ App တွေကိုလည်း ခုလိုမျိုး နှစ်ခုစီခွဲပြီး အသုံးပြုနိုင်ပါလိမ့်မယ်။
Second Space
Second Space ဆိုတာကတော့ ဖုန်းမှာအကောင့် နှစ်ခုခွဲပြီး အသုံးပြုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဖုန်းထဲမှာ အကောင့်ကို နှစ်ခုခွဲထားပြီး Device နှစ်ခု အသုံးပြုသလိုမျိုး တစ်ခြမ်းစီသီးသန့် အသုံးပြုနိုင်တဲ့ စနစ်လည်း ဖြစ်ပါတယ်။
စတင်ပြီး လေ့လာကြည့်ကြပါမယ်။ Second Space စနစ်ကို အသုံးပြုဖို့အတွက် ဖုန်းရဲ့ Setting ထဲကို ဝင်လိုက်ပါ။ Setting ထဲ မှာ Second Space ဆိုတဲ့စနစ်ကို မြင်တွေ့ရပါလိမ့်မယ်။
  
Second Space စနစ်ကိုနှိပ်ပြီး ဝင်လိုက်ပါ။ ဒါဆိုရင်တော့ အကောင့်နှစ်ခု ခွဲခြားနိုင်မယ့် နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။
  
အောက်ဘက်က Turn on Second space ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အကောင့်နောက်တစ်ခုကို ခွဲပေးမှာ ဖြစ်ပါတယ်။ အကောင့်ခွဲ ပေးလိုက်တဲ့ အချိန်မှာတော့ ဖုန်းရဲ့မြင်ကွင်းပေါ်မှာ Switch ဆိုတဲ့ Icon တစ်ခုပေါ်လာမှာပါ။ ဒီ Icon ဟာ Second Space အတွက် အလွယ်တကူနဲ့ အလျင်အမြန် အသုံးပြုနိုင်အောင်  ပြုလုပ်ပေးထားတဲ့ Switch Icon ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အကောင့်နှစ်ခုခွဲပြီး အသုံးပြုလို့ရနိုင်ပါပြီ။ Switch Icon ကိုနှိပ်ပြီး အကောင့်တစ်ခုကနေ အခြားတစ်ခုကို အလွယ်တကူ ပြောင်းလဲအသုံးပြု နိုင်ပါလိမ့်မယ်။ ဒုတိယအကောင့်မှာ မြင်တွေ့ရမယ့် Switch ကိုနှိပ်လိုက်ရင်တော့ ကိုယ့်ရဲ့ပထမ အကောင့်ဟာ Password ပေးထားတယ်၊ ဒါမှမဟုတ် Finger Print ပေးထားတယ်ဆိုရင် ဒီတိုင်းဝင်လို့ မရနိုင်ပါဘူး။ ပေးထားတဲ့ Finger Print, Password ကိုနှိပ်မှ ဝင်လို့ရမှာပါ။
ဒုတိယအကောင့်မှာ မြင်တွေ့ရတဲ့ Manage ဆိုတဲ့ Icon ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဒုတိယ အကောင့်အတွက် လုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်မယ့် နေရာကို ရောက်ရှိပါလိမ့်မယ်။
  
မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်ဘက်မှာ ရှိနေတဲ့ Set ဆိုတဲ့ နေရာကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဒုတိယ အကောင့်အတွက် ကိုယ်မှတ်သားချင်တဲ့ Password တွေကို ထည့်သွင်းမှတ်သား နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုမယ့် ဒုတိယအကောင့်မှာ ရှိနေမယ့် ဓာတ်ပုံတွေ၊ ဖိုင်တွေနဲ့ App အစရှိသဖြင့် ဒုတိယအကောင့်မှာ အသုံးပြုသမျှ အရာတွေအားလုံးကို ပထမအကောင့်ဆီကို အသုံးပြုခွင့် ပေးမှာလား၊ မပေးဘူးလား ဆိုတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးအကောင့်ကိုခွဲပြီး အသုံးပြုတဲ့အခါမှာ ဒုတိယခွဲပြီး အသုံးပြုတဲ့ အကောင့်ကနေ ဖုန်းကို Factory Reset လုပ်တာမျိုးတွေကိုတော့ လုပ်လို့မရနိုင်ပါဘူး။
refer - http://internetjournal.media/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !