ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone ကို Apple စမ်းသပ်နေ




လာမည့်နှစ်တွင် ကျရောက်မည့် iPhone ကို စတင်မိတ်ဆက်သည့် (၁၀) နှစ်မြောက်နှစ်ပတ်လည်တွင် Apple က ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိသည်။
Apple သည် လက်ရှိတွင် iPhone ရှေ့ပြေးပုံစံအချို့ကို စမ်းသပ်လျက်ရှိပြီး အဆိုပါ ရှေ့ပြေးပုံစံအချို့တွင် ကွေးညွှတ်ထားသည့် screen ပါဝင်ကြောင်း၊ ၎င်း screen ပါဝင်သော iPhone ကို Apple က လာမည့်နှစ်တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်းသည် iPhone သစ်အတွက် စဉ်းစားနေသော ရှေ့ပြေးပုံစံများအနက်မှ တစ်ခုဖြစ်သောကြောင့် Apple အနေဖြင့် ကွေးညွှတ်ထားသည့် screen ကို ချန်ထားခဲ့နိုင်ကြောင်း WSJ မှ ဖော်ပြခဲ့သည်။

ကွေးညွှတ်ထားသည့် စမတ်ဖုန်း screen များသည် အသစ်အဆန်းမဟုတ်ပေ။ Samsung က Galaxy S7 Edge တွင် ၎င်း feature ကို ထည့်သွင်းခဲ့သလို LG အပါအဝင် အခြားသော စမတ်ဖုန်းကုမ္ပဏီများကလည်း ကွေးညွှတ်ထားသည့် display ပါဝင်သော ထုတ်ကုန်များကို ဖြန့်ချိထားသည်။

Ref: USAToday

သီဟထိုက်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



 ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone ကို Apple စမ်းသပ်နေ Title : ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone ကို Apple စမ်းသပ်နေ
Description : Tuesday, November 29, 2016   Thiha Htike   No comments လာမည့်နှစ်တွင် ကျရောက်မည့် iPhone ကို စတင်မိတ်ဆက်သည့် (၁၀) နှစ်မြောက်နှ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.