ဖုန်းတိုင်းမှာ ထည့်ထားသင့်တဲ့ QR Code Reader


QR Code ဆိုတာ Quick Response Code ရဲ့ အတိုကောက်ဖြစ်ပြီး ဂျပန်နိုင်ငံ ကားစက်ရုံတွေအတွက် ၁၉၉၄ ခုနှစ်မှာ Denso Wave ကပထမဆုံး ဒီဇိုင်းထုတ် တီထွင်ခဲ့ပါတယ်.. နှစ်ဖက်မြင်ပုံရိပ်( 2 Dimension ) စနစ် လေးထောင့်ကွက်ထဲမှာ ဂဏန်း၊ အက္ခရာ နဲ့ ဂျပန် ခန်းကြီးအက္ခရာတွေကို ထည့်သွင်းပြီး တုန့်ပြန်မှုမြန်စေတဲ့ စနစ်နဲ့ QR Code Reader က ဖတ်လို့ရအောင်လုပ်ထားပါတယ်.. အဓိကအားဖြင့် Web Link တွေ၊ အချက်အလက်တွေကို QR Code အဖြစ်ပြောင်းလဲထားပြီး QR Code Reader ကနေ အလွယ်တကူ ဖတ်နိုင်အောင်လုပ်ထားတာပါ.. နိုင်ငံတကာဈေးကွက်မှာရောက်ရှိ ရောင်းချနေတဲ့ ကုန်ပစ္စည်းတော်တော်များများမှာ QR Code ကိုတွေ့ရနိုင်ပြီး အဲဒီ ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဝန်ဆောင်မှုနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကြည့်ရှုဖို့ QR Code လေးနဲ့ပဲ အလွယ်တကူ ဖေါ်ပြထားကြပါတယ်.. ဒီတော့ ကိုယ့်ဖုန်းထဲမှာ QR Code Reader လေးကိုထည့်သွင်းပြီး ကုန်ပစ္စည်းပေါ်က QR Code ကို ဖတ်ပြီး အသေးစိတ်အချက်အလက်တွေကို ကြည့်နိုင်ပါတယ်.. ဖတ်ရတာလည်း လွယ်ပါတယ်.. QR Code Reader ကိုဖွင့်လိုက်တာနဲ့ ကင်မရာကတစ်ဆင့် QR Code ကိုဖတ်ဖို့ အကွက်လေးမြင်ရမှာပါ.. QR Code ကို လေးထောင့်ကွက်ထဲဝင်အောင် ချိန်လိုက်တာနဲ့ QR Code နဲ့ ဝှက်ထားတဲ့ အချက်အလက် သို့မဟုတ် Web Link ကို ဖွင့်ဖို့ အသင့်ဖြစ်နေပါပြီ...

QR Code ကို Online ပေါ်မှာပဲ အလွယ်တကူလုပ်နိုင်ပါတယ်.. အောက်ကလင့်မှာ Generate လုပ်နိုင်ပါတယ်...

QR Code Generator => http://www.qr-code-generator.com/

ဒီမှာ ဖေါ်ပြထားတဲ့ QR Code ကတော့ www.maungpauk.org ဆိုတဲ့ Web Link ကို QR Code နဲ့ ဖန်တီးထားတာပါ.. ဖတ်ကြည့်ကြပေါ့..



QR Code Reader နောက်ဆုံးထွက် 1.7.5 ကို အောက်ကလင့်မှာ ရယူနိုင်ပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


QR Code Reader for Android v1.7.5 : 2.0 Mb

Download From pCloud

Download From PlayStore
ဖုန်းတိုင်းမှာ ထည့်ထားသင့်တဲ့ QR Code Reader Title : ဖုန်းတိုင်းမှာ ထည့်ထားသင့်တဲ့ QR Code Reader
Description : QR Code ဆိုတာ Quick Response Code ရဲ့ အတိုကောက်ဖြစ်ပြီး ဂျပန်နိုင်ငံ ကားစက်ရုံတွေအတွက် ၁၉၉၄ ခုနှစ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.