
Windows နဲ့ Windows Software တွေထုတ်လုပ်တဲ့ ကမ္ဘာ့ အကြီးစား Software လုပ်လုပ်တဲ့ Microsoft ဟာ Windows ကလွဲရင် အခြား OS တွေအတွက် Microsoft နာမည်နဲ့ Software တွေ သိပ်ထုပ်လုပ်လေ့ မရှိပါဘူး.. ကိုယ်ပိုင် OS နဲ့ ကိုယ်ပိုင် App တွေကိုပဲ တစ်စိုက်မတ်မတ် ရေးသားနေခဲ့တဲ့ Microsoft ဟာ ထူးထူးခြားခြား Android OS နဲ့ iOS မှာ အလုပ်လုပ်နိုင်တဲ့ Microsoft Selfie app ကို ရေးသားခဲ့ပါတယ်.. Camera အရည်အသွေးကောင်းမွန်တဲ့ Smartphone နည်းပညာတွေ တိုးတက်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် Selfie ဓာတ်ပုံရိုက်တာဟာလည်း ခေတ်စားခဲ့ပါတယ်.. Android Developer အများအပြားက ကိုယ်ပိုင် Selfie Camera App တွေကို ပေါပေါလောလော ရေးသားနေကြချိန်မှာပဲ Microsoft Selfie ကို ရေးသားပေးခဲ့တာပါ.. ဒီ App ဟာ မိမိကိုယ်တိုင် Camera ကို တိုက်ရိုက် ဖွင့်ပေးမှာမဟုတ်ဘဲ Android Camera App တစ်ခုခုကို ဖွင့်စေကာ Microsoft Selfie app က ဓာတ်ပုံလှလှလေးတွေကို ဖန်တီးပေးသွားမှာပါ.. Selfie ကိုတိုက်ရိုက် ရိုက်ယူပြီး ပုံလှလှလေးတွေ ဖန်တီးနိုင်သလို အခြား Camera App တွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ရအောင် ပြုပြင်ပေးနိုင်ပါတယ်..



အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download Microsoft Selfie for Android v1.0.2 : 70.1 Mb
Download From pCloud
Download From Google Play
Download From pCloud
Download From Google Play
Post A Comment:
0 comments:
အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..